Update News

လားရိႈးၿမိဳ႕နယ္တြင္းရွိ မသန္စြမ္းသူမ်ားအတြက္ စိတ္ပိုင္းဆုိင္ရာႏွင့္ သက္ေမြးဝမ္းေက်ာင္းပညာသင္ၾကားေရး ေရႊပုလဲအဖြဲ႕ကူညီေပးေန


ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္အတြင္းရွိ မသန္စြမ္းသူမ်ားအတြက္ အကူအညီႏွင့္ စိတ္ပိုင္းဆိုင္ရာ၊ အသက္ေမြးဝမ္းေက်ာင္း ပညာရပ္မ်ားကို လားရိႈးၿမိဳ႕ရွိ လူမႈကူညီေရးအဖြဲ႕ျဖစ္သည့္ ေရႊပုလဲအဖြဲ႕က ကူညီေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

“မသန္စြမ္းသူေတြ ေတာ္ေတာ္မ်ားမ်ားက ကိုယ့္ရဲ႕လူေနမႈဝန္းက်င္မွာ မသိလိုက္မသိဘာသာနဲ႔ ခြဲျခားဆက္ဆံမႈ ခံေနရတယ္။ စကားေျပာေဖၚမရွိဘူး။ တစ္ကယ္တမ္းက်ရင္ မသန္စြမ္းသူေတြက စိတ္ပိုင္းဆိုင္ရာမွာ သာမာန္လူ အတိုင္းပံုမွန္ပါပဲ။ အဲဒီလိုခြဲျခား ဆက္ဆံခံရတဲ့ အေနအထားျဖစ္သြားရင္ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြျဖစ္လာ တယ္။ အဲဒီအခ်ိန္မွာ ႏွစ္ထပ္ကြမ္း မသန္စြမ္းျဖစ္သြားၿပီးေတာ့ လံုးဝဖယ္က်ဥ္ခံရတယ္။ အဲဒါေတြကို ကၽြန္မတို႔ အဖြဲ႔အေနနဲ႔ စိတ္ပိုင္းဆိုင္ရာပံ့ပိုးမႈေတြလုပ္ေပးတယ္။ အသက္ေမြးဝမ္းေက်ာင္းပညာတစ္ခုခု တတ္ေျမာက္ၿပီး သူတို႔ကိုယ္တိုင္ ရပ္တည္ႏိုင္ဖို႔အေရး ကူညီပံ့ပိုးေပးပါတယ္“ ဟု မသန္စြမ္းသူမ်ားအေရး ေဆာင္ရြက္ေပးေနသည့္ ေရႊပုလဲအဖြဲ႔ (လားရိႈး)မွ တာဝန္ခံ ေဒၚမိုးသူဇာက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ေျပာသည္။

ေရႊပုလဲ(မသန္စြမ္းသူမ်ားအေရးေဆာင္ရြက္ေရး)အဖြဲ႔အား ၂၀၀၇ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး အဖြဲ႔စတင္ တည္ေထာင္ခဲ့စဥ္က လူမႈကူညီေရး လုပ္ေဆာင္ခ်က္မ်ားကို လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ေမလမွစ၍ မသန္စြမ္းသူမ်ားအေရးကို တစိုက္မတ္မတ္ လုပ္ေဆာင္ခဲ့ကာ မသန္စြမ္းသူမ်ားကို စုစည္း၍ စိတ္ပိုင္းဆိုင္ရာ ပံ့ပိုးမႈအေနျဖင့္ ေဆြးေႏြးစကားဝိုင္းမ်ားကို ျပဳလုပ္ေပးေနေၾကာင္း သိရသည္။

“ရွမ္းျပည္နယ္မွာဆိုရင္ ေတာင္ႀကီးမွာဆိုရင္ ဘုရားျဖဴဆိုတဲ့ မသန္စြမ္းေစာင့္ေရွာက္ေပးတဲ့ေနရာရွိတယ္။ သူက လူဦးေရ (၁၀၀)ပဲ သတ္မွတ္ထားေပမဲ့ လက္ရွိမွာ (၁၉၀)ေလာက္ လက္ခံၿပီး ပံ့ပိုး လုပ္ေဆာင္ေပးေနတယ္။ ရွမ္း/ေျမာက္ မွာဆိုရင္ ေနာင္ခ်ိဳၿမိဳ႕မွာ မသန္စြမ္း ေစာင့္ေရွာက္မႈ ေဂဟာရွိတယ္။ သူကရွိေနတာၾကာၿပီဆိုေပမဲ့ အစိုးရအေထာက္အပံ့ရတာသိပ္မၾကာေသးဘူး။ ကၽြန္မတို႔ ရွမ္း/ေျမာက္ လားရိႈးမွာက အဲဒီလိုေစာင့္ေရွာက္မႈေဂဟာ မရွိေသးတဲ့ အတြက္ ရွိလာဖို႔လည္း ႀကိဳးစား ေနပါတယ္။ လက္ရွိမွာေတာ့ နည္းပညာ၊ ဝန္ထမ္း နဲ႔ ေငြေၾကးလိုအပ္ ခ်က္ေတြ အမ်ားႀကီး ရွိေနေသးတဲ့ အတြက္ ႀကိဳးစားေနဆဲပဲရွိပါေသးတယ္“ဟု ေရႊပုလဲအဖြဲ႔ တာဝန္ခံက ေျပာသည္။

လားရိႈးၿမိဳ႕နယ္အတြင္း ၂၀၁၇ ခုႏွစ္ေမလအတြင္းမွစ၍ ေရႊပုလဲအဖြဲ႔ႏွင့္ ဆက္စပ္လုပ္ေဆာင္ေပးေနသည့္ ဥာဏ္ရည္ပိုင္းဆိုင္ရာ(၁၈)ဦး၊ စိတ္ပိုင္းဆိုင္ရာ(၂၅)ဦး၊ အျမင္အာရံုပိုင္းဆိုင္ရာ (၁၉) ဦးႏွင့္ တစ္ခုထက္ပို သည့္ ထိခိုက္မႈဆိုင္ရာမ်ား အပါ အဝင္ မသန္စြမ္းသူဦးေရ (၇၅)ဦး ရွိၿပီး ၄င္းတို႔အတြက္ စိတ္ပိုင္းဆိုင္ရာ ပံပိုးမႈမ်ားႏွင့္ အသက္ေမြးဝမ္းေက်ာင္း ဆိုင္ရာပံပိုးမႈမ်ားကို ကူညီပံ့ပိုးလုပ္ေဆာင္ေပးလ်က္ရွိေၾကာင္း သိရသည္။

“အဓိကကေတာ့ မသန္စြမ္းဆိုတာ လူတိုင္းျဖစ္သြားႏိုင္တယ္။ အဲဒီမသန္စြမ္းေတြကိုလည္း ခြဲျခားဆက္ဆံေနတဲ့ ေနရာေတြမွာ ဘယ္လိုဆက္ဆံတာက ခြဲျခားဆက္ဆံတာျဖစ္ပါတယ္ ဆိုတာကို လုပ္ေနတဲ့သူေတြ၊ သူတို႔ရဲ့ မိသားစုဝင္ေတြကိုယ္တိုင္မသိရွိၾကတဲ့အတြက္ ကၽြန္မတို႔က ပညာေပးတာေတြလုပ္တယ္”ဟု ေဒၚမိုးသူဇာက ေျပာသည္။

မိမိပတ္ဝန္းက်င္ရိွ မသန္စြမ္းသူမ်ားအတြက္ အကူအညီေပးႏိုင္ရန္ ေရႊပုလဲအဖြဲ႔ ( အမွတ္ ဇ/၁၁/၅၃ )၊ နႏၵဝန္လမ္း၊ နယ္ေျမ (၁၁)၊ ရပ္ကြက္ (၈)၊ လားရႈိးၿမိဳ႕။ ဖုန္းနံပါတ္ ၀၉ ၅၂၃၂၁၄၆ သို႔ ဆက္သြယ္ ႏိုင္ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု #ေနၿဖိဳးျမင့္







~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအတွက် အကူအညီနှင့် စိတ်ပိုင်းဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်း ပညာရပ်များကို လားရှိုးမြို့ရှိ လူမှုကူညီရေးအဖွဲ့ဖြစ်သည့် ရွှေပုလဲအဖွဲ့က ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

“မသန်စွမ်းသူတွေ တော်တော်များများက ကိုယ့်ရဲ့လူနေမှုဝန်းကျင်မှာ မသိလိုက်မသိဘာသာနဲ့ ခွဲခြားဆက်ဆံမှု ခံနေရတယ်။ စကားပြောဖော်မရှိဘူး။ တစ်ကယ်တမ်းကျရင် မသန်စွမ်းသူတွေက စိတ်ပိုင်းဆိုင်ရာမှာ သာမာန်လူ အတိုင်းပုံမှန်ပါပဲ။ အဲဒီလိုခွဲခြား ဆက်ဆံခံရတဲ့ အနေအထားဖြစ်သွားရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွဖြေစ်လာ တယ်။ အဲဒီအချိန်မှာ နှစ်ထပ်ကွမ်း မသန်စွမ်းဖြစ်သွားပြီးတော့ လုံးဝဖယ်ကျဉ်ခံရတယ်။ အဲဒါတွေကို ကျွန်မတို့ အဖွဲ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေလုပ်ပေးတယ်။ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခု တတ်မြောက်ပြီး သူတို့ကိုယ်တိုင် ရပ်တည်နိုင်ဖို့အရေး ကူညီပံ့ပိုးပေးပါတယ်“ ဟု မသန်စွမ်းသူများအရေး ဆောင်ရွက်ပေးနေသည့် ရွှေပုလဲအဖွဲ့ (လားရှိုး)မှ တာဝန်ခံ ဒေါ်မိုးသူဇာက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။

ရွှေပုလဲ(မသန်စွမ်းသူများအရေးဆောင်ရွက်ရေး)အဖွဲ့အား ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အဖွဲ့စတင် တည်ထောင်ခဲ့စဉ်က လူမှုကူညီရေး လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် မေလမှစ၍ မသန်စွမ်းသူများအရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ကာ မသန်စွမ်းသူများကို စုစည်း၍ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုအနဖြေင့် ဆွေးနွေးစကားဝိုင်းများကို ပြုလုပ်ပေးနေကြောင်း သိရသည်။

“ရှမ်းပြည်နယ်မှာဆိုရင် တောင်ကြီးမှာဆိုရင် ဘုရားဖြူဆိုတဲ့ မသန်စွမ်းစောင့်ရှောက်ပေးတဲ့နေရာရှိတယ်။ သူက လူဦးရေ (၁၀၀)ပဲ သတ်မှတ်ထားပေမဲ့ လက်ရှိမှာ (၁၉၀)လောက် လက်ခံပြီး ပံ့ပိုး လုပ်ဆောင်ပေးနေတယ်။ ရှမ်း/မြောက် မှာဆိုရင် နောင်ချိုမြို့မှာ မသန်စွမ်း စောင့်ရှောက်မှု ဂေဟာရှိတယ်။ သူကရှိနေတာကြာပြီဆိုပေမဲ့ အစိုးရအထောက်အပံ့ရတာသိပ်မကြာသေးဘူး။ ကျွန်မတို့ ရှမ်း/မြောက် လားရှိုးမှာက အဲဒီလိုစောင့်ရှောက်မှုဂေဟာ မရှိသေးတဲ့ အတွက် ရှိလာဖို့လည်း ကြိုးစား နေပါတယ်။ လက်ရှိမှာတော့ နည်းပညာ၊ ဝန်ထမ်း နဲ့ ငွေကြေးလိုအပ် ချက်တွေ အများကြီး ရှိနေသေးတဲ့ အတွက် ကြိုးစားနေဆဲပဲရှိပါသေးတယ်“ဟု ရွှေပုလဲအဖွဲ့ တာဝန်ခံက ပြောသည်။

လားရှိုးမြို့နယ်အတွင်း ၂၀၁၇ ခုနှစ်မေလအတွင်းမှစ၍ ရွှေပုလဲအဖွဲ့နှင့် ဆက်စပ်လုပ်ဆောင်ပေးနေသည့် ဉာဏ်ရည်ပိုင်းဆိုင်ရာ(၁၈)ဦး၊ စိတ်ပိုင်းဆိုင်ရာ(၂၅)ဦး၊ အမြင်အာရုံပိုင်းဆိုင်ရာ (၁၉) ဦးနှင့် တစ်ခုထက်ပို သည့် ထိခိုက်မှုဆိုင်ရာများ အပါ အဝင် မသန်စွမ်းသူဦးရေ (၇၅)ဦး ရှိပြီး ၄င်းတို့အတွက် စိတ်ပိုင်းဆိုင်ရာ ပံပိုးမှုများနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာပံပိုးမှုများကို ကူညီပံ့ပိုးလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

“အဓိကကတော့ မသန်စွမ်းဆိုတာ လူတိုင်းဖြစ်သွားနိုင်တယ်။ အဲဒီမသန်စွမ်းတွေကိုလည်း ခွဲခြားဆက်ဆံနေတဲ့ နေရာတွေမှာ ဘယ်လိုဆက်ဆံတာက ခွဲခြားဆက်ဆံတာဖြစ်ပါတယ် ဆိုတာကို လုပ်နေတဲ့သူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကိုယ်တိုင်မသိရှိကြတဲ့အတွက် ကျွန်မတို့က ပညာပေးတာတွေလုပ်တယ်”ဟု ဒေါ်မိုးသူဇာက ပြောသည်။

မိမိပတ်ဝန်းကျင်ရှိ မသန်စွမ်းသူများအတွက် အကူအညီပေးနိုင်ရန် ရွှေပုလဲအဖွဲ့ ( အမှတ် ဇ/၁၁/၅၃ )၊ နန္ဒဝန်လမ်း၊ နယ်မြေ (၁၁)၊ ရပ်ကွက် (၈)၊ လားရှိုးမြို့။ ဖုန်းနံပါတ် ဝ၉ ၅၂၃၂၁၄၆ သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့် 
 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::