လားဟူရိုးရာယဥ္ေက်းမႈ အဆိုအက ႏွင့္ အားကစား ၿပိဳင္ပြဲမ်ား ပါ၀င္သည့္ တာခ်ီလိတ္ခရိုင္၏ (၁၅)ႀကိမ္ေျမာက္ လားဟူတိုင္းရင္းသား ရိုးရာစုေပါင္း ႏွစ္သစ္ကူး ပြဲေတာ္ စတင္ က်င္းပေန

လားဟူရိုးရာယဥ္ေက်းမႈ အဆိုအက ႏွင့္ အားကစား ၿပိဳင္ပြဲမ်ား ပါ၀င္သည့္ တာခ်ီလိတ္ခရိုင္၏ (၁၅)ႀကိမ္ေျမာက္ လားဟူတိုင္းရင္းသား ရိုးရာစုေပါင္း ႏွစ္သစ္ကူး ပြဲေတာ္ စတင္ က်င္းပေန
ဇန်နဝါရီ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၏ (၁၅)ႀကိမ္ေျမာက္ လားဟူတိုင္းရင္းသား ရိုးရာစုေပါင္း ႏွစ္သစ္ကူး ပြဲေတာ္အား ဇန္န၀ါရီလ (၁၈)ရက္ေန႔က စတင္ကာ  တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာ အုပ္စု၊ ပါဘီး(၁)ေက်းရြာတြင္ က်င္းပေနလ်က္ရွိၿပီး လားဟူ၊ အာခါ ႏွင့္ ရွမ္း တိုင္းရင္းသား အဆိုေတာ္မ်ား လာေရာက္ သီဆိုေဖ်ာ္ေျဖမည္ျဖစ္ေၾကာင္းႏွင့္  ပြဲေတာ္က်င္းပသည့္ (၃)ရက္တိုင္တိုင္ ကာလတြင္း လားဟူတိုင္းရင္းသား ရိုးရာ အားကစားၿပိဳင္ပြဲမ်ားလည္း ထည့္သြင္း က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ပြဲေတာ္ကာလအတြင္းမွာ ကြ်န္ေတာ္တို႔ လားဟူတိုင္းရင္းသား အဆိုေတာ္ေတြ က်ဳိင္းတံုနဲ႔တာခ်ီလိတ္က အကုန္လာဆိုၾကမယ္၊ အထူးဧည့္သည္ အဆိုေတာ္ေတြ အေနနဲ႔ ရွမ္းအဆိုေတာ္ စိုင္းဟန္လ်န္း ရယ္၊ အာခါဆိုေတာ္ လီဂါ(အာခါမ်ဳိးႀကီး)လာဆိုၾကမွာ၊ သူတို႔ကေတာ့ ၁၉ နဲ႔ ၂၀ ရက္ ညပိုင္းေတြမွာ သီဆို ေဖ်ာ္ေျဖသြားမွာပါ၊"ဟု  တာခ်ီလိတ္ခ႐ိုင္ လားဟူတိုင္းရင္းသား စာေပႏွင့္ယဥ္ေက်းမႈေကာ္မတီ ဒုတိယဥကၠဌ  ကိုတူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ပြဲေတာ္ကာလအတြင္း လားဟူတိုင္းရင္းသားရိုးရာ ေျမ၀ိုင္းအကမ်ား ႏွင့္ ရိုးရာအားကစား ၿပိဳင္ပြဲမ်ား ထည့္သြင္း က်င္းပသြားမည္ျဖစ္ၿပီး အစီအစဥ္အား ႏွစ္ပိုင္းခြဲထားကာ ေန႔ပိုင္းတြင္ ရိုးရာအဆိုအကမ်ား ရိုးရာဓေလ့ေဖ်ာ္ေျဖမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ၿပီး ညပိုင္းတြင္ ေခတ္ေပၚေတးဂီတမ်ားျဖင့္ တင္ဆက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ရိုးရာမွာ ဒိုးဆိုတာရွိတယ္၊ ဒိုးပစ္တာတို႔၊ ဂ်င္ေပါက္တာတို႔ ေနာက္ၿပီး ဗူးပေလြမႈတ္ၿပီး ကတဲ့ ေျမ၀ိုင္း အကတို႔ ပြဲေတာ္တြင္းမွာ ပါ၀င္ပါမယ္၊ ကြ်န္ေတာ္တို႔ အစီအစဥ္ ႏွစ္ပိုင္းခြဲထားပါတယ္၊ နံနက္ကေန ည(၇)နာရီခြဲ အထိက ရိုးရာအကေတြ၊ ၿပိဳင္ပြဲေတြ က်င္းပျပဳလုပ္ဖို႔အတြက္ သတ္မွတ္ထားၿပီး ည(၈)နာရီကေန ည(၁၁)နာရီအထိက ေခတ္ေပၚေတးဂီတေတြနဲ႔ ေဖ်ာ္ေျဖမွာျဖစ္ပါတယ္ခင္ဗ်"ဟု တာခ်ီလိတ္ခ႐ိုင္ လားဟူတိုင္းရင္းသား စာေပႏွင့္ယဥ္ေက်းမႈေကာ္မတီ ဒုတိယဥကၠဌ  ကိုတူးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ပြဲေတာ္အား ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၁၈)ရက္ေန႔က စတင္၍ က်င္းပျပဳလုပ္ၿပီး ပြဲေတာ္အား အခမ္းအနား အစီအစဥ္ျဖင့္က်င္းပမည့္ရက္ကို ပြဲေနာက္ဆံုးေန႔ျဖစ္သည့္ ဇန္န၀ါရီလ(၂၀)ရက္ေန႔အား သတ္မွတ္ထားရွိရာ ပြဲေတာ္အခမ္းအနားသို႔ တက္ေရာက္ႏိုင္ရန္ အတြက္ ဖိတ္စာမ်ား ေပးေ၀ထားရွိရာတြင္ ကားတြင္ ကပ္ရမည့္ စေတကာအ၀ိုင္းမ်ားလည္း ပါ၀င္ရာ စေတကာအ၀ိုင္းျပား ကပ္ထားသည့္ ယာဥ္မ်ား အေနျဖင့္ ပြဲေတာ္(၃)ရက္တာ ကာလအတြင္း တိုးဂိတ္ျဖတ္သန္းခ ကင္းလြတ္ေပးသြားရန္အတြက္ ေသာ္တာ၀င္းကုမၸဏီက စီစဥ္ပံ့ပိုးကူညီေပးထားေၾကာင္း သိရသည္။

"ပြဲေတာ္ကို ညပိုင္းမွာ လာလည္ ႏိုင္ရန္ ဂိတ္(မယ္ယန္းစုေပါင္း)ကေန ျဖတ္သန္းသြားလာႏိုင္ရန္အတြက္ ကိုလည္း သက္ဆိုင္ရာမ်ားကို အသိေပး အေၾကာင္းၾကားထားၿပီးျဖစ္ပါတယ္။ ပြဲေတာ္အတြင္း ညပိုင္းမွာလည္း သြားလာလို႔ရပါတယ္၊ ေနာက္တစ္ခုက ဖိတ္စာနဲ႔အတူ ေပးထားတဲ့ ကားစေတကာေတြကို ကားမွာကပ္ထားရင္ ပြဲကာလအတြင္း ဂိတ္ေၾကးေပးစရာမလိုပါဘူး။ ပြဲၿပီးသြားရင္ေတာ့ မသက္ဆိုင္ေတာ့ဘူးေပါ့။ ဒါကလည္း ေသာ္တာ၀င္းကုမၸဏီက လားဟူႏွစ္သစ္ကူးပြဲအတြက္ ကူညီပံ့ပိုးေပးတာပါ"ဟု ၎က ေျပာသည္။

တာခ်ီလိတ္ခရိုင္အတြင္း၌ ၿမိဳ႕နယ္အေနျဖင့္ မိုင္းျဖတ္ ႏွင့္ တာခ်ီလိတ္တို႔တြင္ က်င္းပျပဳလုပ္ခဲ့ၿပီး ယခုက်င္းပျပဳလုပ္သည့္ ပြဲမွာ ခရိုင္အေနျဖင့္ စုေပါင္းပါ၀င္ဆင္ႏႊဲသည့္ လားဟူတိုင္းရင္းသား ရိုးရာစုေပါင္းႏွစ္သစ္ကူးပြဲေတာ္၏ (၁၅)ႀကိမ္ေျမာက္ ျဖစ္ေၾကာင္း သိရွိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၏ (၁၅)ကြိမ်မြောက် လားဟူတိုင်းရင်းသား ရိုးရာစုပေါင်း နှစ်သစ်ကူး ပွဲတော်အား ဇန်နဝါရီလ (၁၈)ရက်နေ့က စတင်ကာ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာ အုပ်စု၊ ပါဘီး(၁)ကျေးရွာတွင် ကျင်းပနေလျက်ရှိပြီး လားဟူ၊ အာခါ နှင့် ရှမ်း တိုင်းရင်းသား အဆိုတော်များ လာရောက် သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်းနှင့် ပွဲတော်ကျင်းပသည့် (၃)ရက်တိုင်တိုင် ကာလတွင်း လားဟူတိုင်းရင်းသား ရိုးရာ အားကစားပြိုင်ပွဲများလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"ပွဲတော်ကာလအတွင်းမှာ ကျွန်တော်တို့ လားဟူတိုင်းရင်းသား အဆိုတော်တွေ ကျိုင်းတုံနဲ့တာချီလိတ်က အကုန်လာဆိုကြမယ်၊ အထူးဧည့်သည် အဆိုတော်တွေ အနေနဲ့ ရှမ်းအဆိုတော် စိုင်းဟန်လျန်း ရယ်၊ အာခါဆိုတော် လီဂါ(အာခါမျိုးကြီး)လာဆိုကြမှာ၊ သူတို့ကတော့ ၁၉ နဲ့ ၂၀ ရက် ညပိုင်းတွေမှာ သီဆို ဖျော်ဖြေသွားမှာပါ၊"ဟု တာချီလိတ်ခရိုင် လားဟူတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ကိုတူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပွဲတော်ကာလအတွင်း လားဟူတိုင်းရင်းသားရိုးရာ မြေဝိုင်းအကများ နှင့် ရိုးရာအားကစား ပြိုင်ပွဲများ ထည့်သွင်း ကျင်းပသွားမည်ဖြစ်ပြီး အစီအစဉ်အား နှစ်ပိုင်းခွဲထားကာ နေ့ပိုင်းတွင် ရိုးရာအဆိုအကများ ရိုးရာဓလေ့ဖျော်ဖြေမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ညပိုင်းတွင် ခေတ်ပေါ်တေးဂီတများဖြင့် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရိုးရာမှာ ဒိုးဆိုတာရှိတယ်၊ ဒိုးပစ်တာတို့၊ ဂျင်ပေါက်တာတို့ နောက်ပြီး ဗူးပလွေမှုတ်ပြီး ကတဲ့ မြေဝိုင်း အကတို့ ပွဲတော်တွင်းမှာ ပါဝင်ပါမယ်၊ ကျွန်တော်တို့ အစီအစဉ် နှစ်ပိုင်းခွဲထားပါတယ်၊ နံနက်ကနေ ည(၇)နာရီခွဲ အထိက ရိုးရာအကတွေ၊ ပြိုင်ပွဲတွေ ကျင်းပပြုလုပ်ဖို့အတွက် သတ်မှတ်ထားပြီး ည(၈)နာရီကနေ ည(၁၁)နာရီအထိက ခေတ်ပေါ်တေးဂီတတွေနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်ခင်ဗျ"ဟု တာချီလိတ်ခရိုင် လားဟူတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒုတိယဥက္ကဌ ကိုတူးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပွဲတော်အား ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့က စတင်၍ ကျင်းပပြုလုပ်ပြီး ပွဲတော်အား အခမ်းအနား အစီအစဉ်ဖြင့်ကျင်းပမည့်ရက်ကို ပွဲနောက်ဆုံးနေ့ဖြစ်သည့် ဇန်နဝါရီလ(၂၀)ရက်နေ့အား သတ်မှတ်ထားရှိရာ ပွဲတော်အခမ်းအနားသို့ တက်ရောက်နိုင်ရန် အတွက် ဖိတ်စာများ ပေးေဝထားရှိရာတွင် ကားတွင် ကပ်ရမည့် စတေကာအဝိုင်းများလည်း ပါဝင်ရာ စတေကာအဝိုင်းပြား ကပ်ထားသည့် ယာဉ်များ အနဖြေင့် ပွဲတော်(၃)ရက်တာ ကာလအတွင်း တိုးဂိတ်ဖြတ်သန်းခ ကင်းလွတ်ပေးသွားရန်အတွက် သော်တာဝင်းကုမ္ပဏီက စီစဉ်ပံ့ပိုးကူညီပေးထားကြောင်း သိရသည်။

"ပွဲတော်ကို ညပိုင်းမှာ လာလည် နိုင်ရန် ဂိတ်(မယ်ယန်းစုပေါင်း)ကနေ ဖြတ်သန်းသွားလာနိုင်ရန်အတွက် ကိုလည်း သက်ဆိုင်ရာများကို အသိပေး အကြောင်းကြားထားပြီးဖြစ်ပါတယ်။ ပွဲတော်အတွင်း ညပိုင်းမှာလည်း သွားလာလို့ရပါတယ်၊ နောက်တစ်ခုက ဖိတ်စာနဲ့အတူ ပေးထားတဲ့ ကားစတေကာတွေကို ကားမှာကပ်ထားရင် ပွဲကာလအတွင်း ဂိတ်ကြေးပေးစရာမလိုပါဘူး။ ပွဲပြီးသွားရင်တော့ မသက်ဆိုင်တော့ဘူးပေါ့။ ဒါကလည်း သော်တာဝင်းကုမ္ပဏီက လားဟူနှစ်သစ်ကူးပွဲအတွက် ကူညီပံ့ပိုးပေးတာပါ"ဟု၎င်းက ပြောသည်။

တာချီလိတ်ခရိုင်အတွင်း၌ မြို့နယ်အနဖြေင့် မိုင်းဖြတ် နှင့် တာချီလိတ်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခုကျင်းပပြုလုပ်သည့် ပွဲမှာ ခရိုင်အနဖြေင့် စုပေါင်းပါဝင်ဆင်နွှဲသည့် လားဟူတိုင်းရင်းသား ရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်၏ (၁၅)ကြိမ်မြောက် ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~