မိုင္းျဖတ္ၿမိဳ႕တြင္ လားဟူစုေပါင္းႏွစ္သစ္ကူးပြဲေတာ္၌ ရိုးရာ ဂ်င္ေပါက္ၿပိဳင္ပြဲျဖင့္ ဆင္ႏႊဲ

မိုင္းျဖတ္ၿမိဳ႕တြင္ လားဟူစုေပါင္းႏွစ္သစ္ကူးပြဲေတာ္၌ ရိုးရာ ဂ်င္ေပါက္ၿပိဳင္ပြဲျဖင့္ ဆင္ႏႊဲ
ဇန်နဝါရီ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းျဖတ္ၿမိဳ႕တြင္ လားဟူစုေပါင္းႏွစ္သစ္ကူးပြဲေတာ္ကို  မိုင္းျဖတ္ၿမိဳ႕ရွိ ၿမိဳ႕မေဘာလံုးကြင္း အတြင္း ဇန္နဝါရီလ (၃)ရက္ေန႔မွကစ၍ က်င္းပျပဳလုပ္ေနလ်က္ ရွိရာတြင္ လားဟူ တိုင္းရင္းသား ရိုးရာအားကစားၿပိဳင္ပြဲမ်ားျဖင့္ က်င္းပေနလ်က္ရွိေၾကာင္း သိရသည္။

လားဟူတိုင္းရင္းသားရိုးရာ ဂ်င္ေပါက္ၿပိဳင္ပြဲအား ဇန္န၀ါရီလ(၄)ရက္ေန႔တြင္ က်င္းပျပဳလုပ္ေနေၾကာင္း သိရသည္။

လားဟူတိုင္းရင္းသားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္၏ ဒုတိယေန႔ျဖစ္သည့္ ဇန္န၀ါရီလ(၄)ရက္ေန႔တြင္ ေခတ္ေပၚလူငယ္ အကၿပိဳင္ပြဲ၊ ဆန္ကာတင္အဖြဲ႕ ရိုးရာဂ်င္ေပါက္ၿပိဳင္ပြဲ၊ လားဟူေတးသီခ်င္းဆိုၿပိဳင္ပြဲ၊ စတိတ္ရိႈးႏွင့္ အကပေဒသာတို႔ ပါဝင္မည္ျဖစ္ၿပီး  ပြဲေတာ္အား ဇန္န၀ါရီလ(၃)ရက္ေန႔က စတင္ကာ ဇန္န၀ါရီလ(၆)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - နန္းထက္ရတီကို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် လားဟူစုပေါင်းနှစ်သစ်ကူးပွဲတော်ကို  မိုင်းဖြတ်မြို့ရှိ မြို့မဘောလုံးကွင်း အတွင်း ဇန်နဝါရီလ (၃)ရက်နေ့မှကစ၍ ကျင်းပပြုလုပ်နေလျက် ရှိရာတွင် လားဟူ တိုင်းရင်းသား ရိုးရာအားကစားပြိုင်ပွဲများဖြင့် ကျင်းပနေလျက်ရှိကြောင်း သိရသည်။

လားဟူတိုင်းရင်းသားရိုးရာ ဂျင်ပေါက်ပြိုင်ပွဲအား ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျင်းပပြုလုပ်နေကြောင်း သိရသည်။

လားဟူတိုင်းရင်းသားစုပေါင်းနှစ်သစ်ကူးပွဲတော်၏ ဒုတိယနေ့ဖြစ်သည့် ဇန်နဝါရီလ(၄)ရက်နေ့တွင် ခေတ်ပေါ်လူငယ် အကပြိုင်ပွဲ၊ ဆန်ကာတင်အဖွဲ့ ရိုးရာဂျင်ပေါက်ပြိုင်ပွဲ၊ လားဟူတေးသီချင်းဆိုပြိုင်ပွဲ၊ စတိတ်ရှိုးနှင့် အကပဒေသာတို့ ပါဝင်မည်ဖြစ်ပြီး  ပွဲတော်အား ဇန်နဝါရီလ(၃)ရက်နေ့က စတင်ကာ ဇန်နဝါရီလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - နန်းထက်ရတီကို 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~