လိြဳင္ေကာ္ၿမိဳ႕နယ္တရားရံုးတြင္ ၿငိမ္း/စု/စီျဖင့္ တရားစြဲခံထားရသူသံုးဦး၏ အမႈအား ပလပ္

လိြဳင္ေကာ္ၿမိဳ႕နယ္တရားရံုးတြင္ ၿငိမ္း/စု/စီျဖင့္ တရားစြဲခံထားရသူသံုးဦး၏ အမႈအား ပလပ္
ဇန်နဝါရီ 23, 2018
By 🌸
ခြင့္ျပဳခ်က္မယူဘဲ ဆႏၵထုတ္ေဖၚမႈျဖင့္ တရားရင္ဆိုင္ရသည့္လူငယ္ငါးဦး၏ တရားရံုးခ်ိန္းသို႔ ဝန္းရံလုိက္ပါၿပီး ေဟာေျပာမႈမ်ားေၾကာင့္ ၿငိမ္း/စု/စီျဖင့္ တရားစြဲထားသူ သံုးဦးအား ဇန္နဝါရီလ (၂၃)ရက္ေန႔တြင္ အမႈအား ပလပ္လုိက္ေၾကာင္း သိရသည္။

ၿငိမ္း/စု/စီျဖင့္ ဇန္နဝါရီလ (၁၉)ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕နယ္တရားရံုး၌ ပထမဆံုးရံုးခ်ိန္း ရင္ဆုိင္ခဲ့ရသည့္ ကယန္းအမ်ိဳးသားပါတီ ဥကၠဌ ခြန္းဘီးဒူ (ခ) လႊီးစီၿငိမ္း၊ ကရင္နီျပည္ေတာင္သူလယ္သမားသမဂၢ ဥကၠ႒ ခူးတူရယ္ (ခ) အန္ေထာ္ဏီႏွင့္ ကယန္းမ်ဳိးဆက္သစ္လူငယ္ (KNGY)/ဗဟိုေကာ္မတီမွ ခြန္းအသန္းတို႔၏ အမႈကို ယေန႔ ႐ုံးခ်ိန္းတြင္ KNPP ကလည္း ၾကားဝင္ ေစ့စပ္ညိွႏိႈင္းေပးခဲ့ၿပီး သက္ဆိုင္ရာမွ အမႈအားပလပ္ေပး လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿငိမ္း/စု/စီျဖင့္ တရားရင္ဆုိင္ခဲ့သည့္ လူငယ္(၅)ဦးအား ဇန္နဝါရီလ (၅)ရက္ေန႔က လိြဳင္ေကာ္ၿမိဳ႕နယ္ တရားရံုးသို႔ ရံုးခ်ိန္းလာေရာက္စဥ္ ဝန္းရံလုိက္ပါပို႔ေဆာင္သူ တစ္ေထာင္ခန္႔က ၿမိဳ႕နယ္တရား႐ုံးသို႔ လိုက္ပါပို႔ေဆာင္ရာတြင္ ဗီႏိုင္းပိုစတာမ်ားကိုင္ေဆာင္၍ ေၾကြးေၾကာ္သံမ်ားျဖင့္ အစိုးရ႐ုံးေ႐ွ႕၊ လႊတ္ေတာ္႐ုံးေ႐ွ႕ႏွင့္ လူအမ်ားသြားလာေနေသာ လမ္းမေပၚတြင္ စီတန္းလွည့္လည္ခဲ့ၾကသျဖင့္ ဦးေဆာင္သူ (၃)ဦးအား ၿငိမ္း/စု/စီဥပေဒအရ တရားစြဲခဲ့ျခင္းျဖစ္ၿပီး အဆုိပါ သံုးဦး၏ ပထမရံုးခ်ိန္းတြင္လည္း လူငယ္မ်ားက ဝန္းရံလုိက္ပါခဲ့ၾကျခင္းျဖစ္သည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်မြို့နယ်တရားရုံးတွင် ငြိမ်း/စု/စီဖြင့် တရားစွဲခံထားရသူသုံးဦး၏ အမှုအား ပလပ်
************
ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖေါ်မှုဖြင့် တရားရင်ဆိုင်ရသည့်လူငယ်ငါးဦး၏ တရားရုံးချိန်းသို့ ဝန်းရံလိုက်ပါပြီး ဟောပြောမှုများကြောင့် ငြိမ်း/စု/စီဖြင့် တရားစွဲထားသူ သုံးဦးအား ဇန်နဝါရီလ (၂၃)ရက်နေ့တွင် အမှုအား ပလပ်လိုက်ကြောင်း သိရသည်။

ငြိမ်း/စု/စီဖြင့် ဇန်နဝါရီလ (၁၉)ရက်နေ့တွင် လွိုင်ကော်မြို့နယ်တရားရုံး၌ ပထမဆုံးရုံးချိန်း ရင်ဆိုင်ခဲ့ရသည့် ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီးဒူ (ခ) လွှီးစီငြိမ်း၊ ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ် (ခ) အန်ထော်ဏီနှင့် ကယန်းမျိုးဆက်သစ်လူငယ် (KNGY)/ဗဟိုကော်မတီမှ ခွန်းအသန်းတို့၏ အမှုကို ယနေ့ ရုံးချိန်းတွင် KNPP ကလည်း ကြားဝင် စေ့စပ်ညှိနှိုင်းပေးခဲ့ပြီး သက်ဆိုင်ရာမှ အမှုအားပလပ်ပေး လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ငြိမ်း/စု/စီဖြင့် တရားရင်ဆိုင်ခဲ့သည့် လူငယ်(၅)ဦးအား ဇန်နဝါရီလ (၅)ရက်နေ့က လွိုင်ကော်မြို့နယ် တရားရုံးသို့ ရုံးချိန်းလာရောက်စဉ် ဝန်းရံလိုက်ပါပို့ဆောင်သူ တစ်ထောင်ခန့်က မြို့နယ်တရားရုံးသို့ လိုက်ပါပို့ဆောင်ရာတွင် ဗီနိုင်းပိုစတာများကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် အစိုးရရုံးရှေ့၊ လွှတ်တော်ရုံးရှေ့နှင့် လူအများသွားလာနေသော လမ်းမပေါ်တွင် စီတန်းလှည့်လည်ခဲ့ကြသဖြင့် ဦးဆောင်သူ (၃)ဦးအား ငြိမ်း/စု/စီဥပဒေအရ တရားစွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါ သုံးဦး၏ ပထမရုံးချိန်းတွင်လည်း လူငယ်များက ဝန်းရံလိုက်ပါခဲ့ကြခြင်းဖြစ်သည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~