ခြင့္ျပဳခ်က္မယူဘဲ ဆႏၵထုတ္ေဖၚသျဖင့္ လူငယ္ ၅ ဦးအား တရားစြဲဆိုျခင္းအေပၚ ႏိုင္ငံေရးပါတီအခ်ိဳ႕ႏွင့္ အရပ္ဖက္အဖြဲ႔မ်ားက ရံႈ႕ခ်

ခြင့္ျပဳခ်က္မယူဘဲ ဆႏၵထုတ္ေဖၚသျဖင့္ လူငယ္ ၅ ဦးအား တရားစြဲဆိုျခင္းအေပၚ ႏိုင္ငံေရးပါတီအခ်ိဳ႕ႏွင့္ အရပ္ဖက္အဖြဲ႔မ်ားက ရံႈ႕ခ်
ဇန်နဝါရီ 5, 2018
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕တြင္ ခြင့္ျပဳခ်က္မယူဘဲ ဆႏၵထုတ္ေဖၚမႈျဖင့္ တရားစြဲဆိုခံရသည့္ လူငယ္(၅)ဦးအား ဇန္နဝါရီလ (၅)ရက္ေန႔က လိြဳင္ေကာ္ၿမိဳ႕နယ္ တရားရံုးတြင္ ပထမဆံုး စတင္စစ္ေဆးရာသို႔ ႏုိင္ငံေရးပါတီ အခ်ိဳ႕ႏွင့္ အရပ္ဖက္အဖြဲ႕မ်ားက ဝန္းရံလုိက္ပါၾကေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕နယ္ ပါးေလာင္းေက်းရြာႏွင့္ ေဒါတခ်ားေက်းရြာၾကား (၇)မုိင္ဂိတ္တြင္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၀)ရက္ေန႔က KNPP တပ္ဖြဲ႔ဝင္ သံုးဦးေသဆံုးၿပီး အရပ္သားတစ္ဦး ေပ်ာက္ဆံုးမႈနွင့္ ပတ္သက္၍ အျပင္း အထန္႐ႈံ႕ခ်ေၾကာင္းႏွင့္ တရားမွ်တစြာေျဖ႐ွင္းေပးရန္ ယင္းေန႔တြင္ပင္ ဆႏၵ ေဖာ္ထုတ္ခဲ့သည့္ ကရင္နီလူငယ္မ်ားထဲမွ (၅)ဦးကို ခြင့္ျပဳခ်က္မယူဘဲ ဆႏၵထုတ္ေဖၚမႈျဖင့္ ဒီဇင္ဘာလ (၃၀) ရက္ေန႔က လိြဳင္ေကာ္ၿမိဳ႕နယ္ ရဲစခန္းက တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။

တရားစြဲဆိုခံရသည့္ လူငယ္မ်ားျဖစ္သည့္ ဒီးဒီ ၊ခြန္ရဲမင္းေက်ာ္ ၊ ဂြၽန္ေပါ ၊ မ်ိဳးလိႈင္ဝင္းႏွင့္ ဘိုဘိုတို႔ (၅)ဦး အား ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ (၅) ရက္ေန႔တြင္ လိြဳင္ေကာ္ၿမိဳ႕နယ္ တရားရံုးတြင္ စတင္စစ္ေဆးရန္ လာေရာက္စဥ္ ၎တို႔ႏွင့္အတူ ကားျပည္နယ္ ဒီမိုကရက္တစ္ပါတီ၊ ကယန္းအမ်ိဳးသားပါတီႏွင့္ အရပ္ဖက္ အဖြဲ႔အစည္းမ်ားက ဝန္းရံလိုက္ပါလာၿပီး ေၾကြးေၾကာ္သံမ်ား၊ ေဟာေျပာျခင္းမ်ား လုပ္ေဆာင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ဒီလိုလုပ္တာ ခြင့္ျပဳခ်က္ေတြ မေတာင္းထားဘူး။ တင္လည္း မတင္ထားဘူး။ ဒီအတိုင္း ဆႏၵေဖာ္ထုတ္ၾကတာ"ဟု တရားရင္ဆုိင္ရန္ လာေရာက္သူတစ္ဦးျဖစ္သည့္ ခြန္းဂြၽန္ေပါလ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

KNPP တပ္ဖြဲ႕ဝင္ သံုးဦးေသဆံုးမႈနွင့္ အရပ္သားတစ္ဦးေပ်ာက္ဆံုးမႈအား အမႈမွန္ေပၚေပါက္ေရးႏွင့္ တရားမွ်တစြာ ေျဖ႐ွင္းေပးရန္ ေတာင္းဆို ဆႏၵေဖၚထုတ္ခဲ့သူမ်ားအနက္ ဦးေဆာင္သည့္လူငယ္ငါးဦးအား   တရားစြဲဆိုခဲ့ျခင္းအား ႐ႈံ႕ခ်သည့္အေနျဖင့္ ဝန္းရံလႈပ္ရွားမႈကို ဇန္နဝါရီလ (၅)ရက္ေန႔ နံနက္ (၉) နာရီေက်ာ္အခ်ိန္မွစ၍ လုပ္ေဆာင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် တရားစွဲဆိုခံရသည့် လူငယ်(၅)ဦးအား ဇန်နဝါရီလ (၅)ရက်နေ့က လွိုင်ကော်မြို့နယ် တရားရုံးတွင် ပထမဆုံး စတင်စစ်ဆေးရာသို့ နိုင်ငံရေးပါတီ အချို့နှင့် အရပ်ဖက်အဖွဲ့များက ဝန်းရံလိုက်ပါကြကြောင်း သိရသည်။

လွိုင်ကော်မြို့နယ် ပါးလောင်းကျေးရွာနှင့် ဒေါတချားကျေးရွာကြား (၇)မိုင်ဂိတ်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့က KNPP တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အရပ်သားတစ်ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အပြင်း အထန်ရှုံ့ချကြောင်းနှင့် တရားမျှတစွာဖြေရှင်းပေးရန် ယင်းနေ့တွင်ပင် ဆန္ဒ ဖော်ထုတ်ခဲ့သည့် ကရင်နီလူငယ်များထဲမှ (၅)ဦးကို ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် ဒီဇင်ဘာလ (၃၀) ရက်နေ့က လွိုင်ကော်မြို့နယ် ရဲစခန်းက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံရသည့် လူငယ်များဖြစ်သည့် ဒီးဒီ၊ခွန်ရဲမင်းကျော်၊ ဂျွန်ပေါ၊ မျိုးလှိုင်ဝင်းနှင့် ဘိုဘိုတို့ (၅)ဦး အား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် လွိုင်ကော်မြို့နယ် တရားရုံးတွင် စတင်စစ်ဆေးရန် လာရောက်စဉ်၎င်းတို့နှင့်အတူ ကားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီနှင့် အရပ်ဖက် အဖွဲ့အစည်းများက ဝန်းရံလိုက်ပါလာပြီး ကြွေးကြော်သံများ၊ ဟောပြောခြင်းများ လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီလိုလုပ်တာ ခွင့်ပြုချက်တွေ မတောင်းထားဘူး။ တင်လည်း မတင်ထားဘူး။ ဒီအတိုင်း ဆန္ဒဖော်ထုတ်ကြတာ"ဟု တရားရင်ဆိုင်ရန် လာရောက်သူတစ်ဦးဖြစ်သည့် ခွန်းဂျွန်ပေါလ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

KNPP တပ်ဖွဲ့ဝင် သုံးဦးသေဆုံးမှုနှင့် အရပ်သားတစ်ဦးပျောက်ဆုံးမှုအား အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားမျှတစွာ ဖြေရှင်းပေးရန် တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့သူများအနက် ဦးဆောင်သည့်လူငယ်ငါးဦးအား တရားစွဲဆိုခဲ့ခြင်းအား ရှုံ့ချသည့်အနဖြေင့် ဝန်းရံလှုပ်ရှားမှုကို ဇန်နဝါရီလ (၅)ရက်နေ့ နံနက် (၉) နာရီကျော်အချိန်မှစ၍ လုပ်ဆောင်နကြခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~