တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံု(အထက္)ရြာ ျပည္သူ႔စစ္စခန္းေရွ႕လမ္းေပၚတြင္ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံု(အထက္)ရြာ ျပည္သူ႔စစ္စခန္းေရွ႕လမ္းေပၚတြင္ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး ဖမ္းဆီးရမိ
ဇန်နဝါရီ 27, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၀မ္လံုးေက်းရြာအုပ္စု၊ လြယ္စီတံု(အထက္)ရြာရွိ ျပည္သူ႔စစ္စခန္းေရွ႕ရွိ တာခ်ီလိတ္ - မိုင္းဆတ္သြား လမ္းမေပၚတြင္ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ ေမာင္းလာသူ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂၇)ရက္ေန႔ နံနက္(၉)နာရီ(၄၅)မိနစ္၀န္းက်င္အခ်ိန္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ လြယ္စီတံု(အထက္)ရြာ ျပည္သူ႔စစ္စခန္းေရွ႕ရွိ တာခ်ီလိတ္ - မိုင္းဆတ္သြား လမ္းမေပၚတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္  မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ေယာဟန္ ေမာင္းႏွင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔ျဖင့္ ရွာေဖြရာတြင္ ေယာဟန္လြယ္ထားသည့္ လြယ္အိတ္အတြင္းထဲက မူးယစ္ေဆး၀ါးတစ္မ်ဳိးျဖစ္သည့္  Ketamine(ကတ္တမင္း) အျဖဴေရာင္ပံုေဆာင္ခဲမ်ားအား ေတြ႔ရွိရာ စုစုေပါင္းအေလးခ်ိန္ (၁.၀၀၅)ကီလိုခန္႔ရေၾကာင္းႏွင့္ ၎အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ(အထက်)ရွာရှိ ပြည်သူ့စစ်စခန်းရှေ့ရှိ တာချီလိတ် - မိုင်းဆတ်သွား လမ်းမပေါ်တွင် မော်တော်ဆိုင်ကယ်ဖြင့် မောင်းလာသူ အမျိုးသားတစ်ဦးထံက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်(၉)နာရီ(၄၅)မိနစ်ဝန်းကျင်အချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် လွယ်စီတုံ(အထက်)ရွာ ပြည်သူ့စစ်စခန်းရှေ့ရှိ တာချီလိတ် - မိုင်းဆတ်သွား လမ်းမပေါ်တွင် စစ်ဆေးမှုများ ပြုလုပ်စဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ ယောဟန် မောင်းနှင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေရာတွင် ယောဟန်လွယ်ထားသည့် လွယ်အိတ်အတွင်းထဲက မူးယစ်ဆေးဝါးတစ်မျိုးဖြစ်သည့် Ketamine(ကတ်တမင်း) အဖြူရောင်ပုံဆောင်ခဲများအား တွေ့ရှိရာ စုစုပေါင်းအလေးချိန် (၁.ဝဝ၅)ကီလိုခန့်ရကြောင်းနှင့်၎င်းအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~