က်ိဳင္းတံုၿမိဳ႕မေစ်းမွ သက္တမ္းလြန္ေဆးဝါးႏွင့္ စားေသာက္ကုန္ က်ပ္ ၄၅ သိန္းဖိုး သိမ္းဆည္းမီးရိႈ႕

က်ိဳင္းတံုၿမိဳ႕မေစ်းမွ သက္တမ္းလြန္ေဆးဝါးႏွင့္ စားေသာက္ကုန္ က်ပ္ ၄၅ သိန္းဖိုး သိမ္းဆည္းမီးရိႈ႕
ဇန်နဝါရီ 24, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ ၿမိဳ႕မေစ်းအတြင္းေရာင္းခ်ေနသည့္ သက္တမ္းလြန္ ေဆးဝါးႏွင့္ အစားအေသာက္ စုစုေပါင္းတန္ဖိုး က်ပ္ (၄၅)သိန္းဖိုးခန္႔အား သိမ္းဆည္းၿပီး မီးရိႈ႕ဖ်က္ဆီးခဲ့ေၾကာင္း ခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕ထံမွ သိရသည္။

"ကၽြန္ေတာ္တို႔ဌာနရဲ႕ ညႊန္ၾကားခ်က္ရိွတဲ့အတိုင္း ခြင့္မျပဳဆိုးေဆးပါ၀င္တဲ့ စားေသာက္ကုန္အမ်ိဳး(၄၀)ကို ဒီက်ိဳင္းတုံၿမိဳ႕မေစ်းႀကီးထဲမွာ ေရာင္းခ်ေနျခင္း ရိွ၊မရိွ ဒီေန႕ ကြင္းဆင္းစစ္ေဆးခဲ့ပါတယ္။ ဒါေပမဲ့ ခြင့္မျပဳဆိုးေဆးပါတဲ့ ပစၥည္းအမ်ိဳး(၄၀)ထဲက ကုန္ပစၥည္းေတြကို စစ္ေဆးေတြ႕ရိွခဲ့ျခင္းမရိွပါဘူး။ တစ္ျခား အမွတ္တံဆိပ္ေတြနဲ႕ သက္တမ္းလြန္ေနတဲ့ စားေသာက္ကုန္နဲ႕ ေဆး၀ါးေတြကို စစ္ေဆးေတြ႕ရိွခဲ့လို႕ သိမ္းဆည္းၿပီးေတာ့ မီးရိႈ႕ဖ်က္ဆီးခဲ့ပါတယ္"ဟု စားသုံးသူေရးရာဦးစီးဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးလွစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ခြင့္မျပဳဆိုးေဆးပါ၀င္သျဖင့္ စားေသာက္ရန္မသင့္ေၾကာင္း အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနက တရား၀င္ထုတ္ျပန္ထားသည့္ စားေသာက္ကုန္အမ်ိဳး(၄၀)အား ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)ရိွ ခရိုင္(၃)ခုအနက္မွ တာခ်ီလိတ္ခရိုင္ႏွင့္ မိုင္းဆက္ခရိုင္တို႕တြင္ ဇန္နဝါရီလ ဒုတိယပတ္က စစ္ေဆးခဲ့ၿပီးေနာက္ က်ိဳင္းတုံခရိုင္တြင္ ဆက္လက္ကြင္းဆင္းစစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

"ေစ်းထဲမွာ ရိွတဲ့ ေဆးဆိုင္မ်ားက သက္တမ္းလြန္ေနတဲ့ ေဆးဝါးေတြကို ကၽြန္ေတာ့္ဆီမွာ လာေရာက္ အပ္ႏွံထားၾကတာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေန႕မွာေတာ့ က်ပ္(၃၈)သိန္း တန္ဖိုးရိွတဲ့ သက္တမ္းလြန္ ေဆး၀ါးေတြကို ပူးေပါင္းအဖြဲ႕ကို အပ္ႏွံလိုက္ပါတယ္"ဟု ေဆးဆိုင္ပိုင္ရွင္တစ္ဦးျဖစ္သည့္ ဦးစိုင္းလာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔  ေျပာသည္။

ခရိုင္စားသုံးသူအျငင္းပြားမႈွ ေျဖရွင္းေရးအဖြဲ႕ ဦးေဆာင္သည့္ ပူးေပါင္းအဖြဲ႕သည္ FDA က တရား၀င္ထုတ္ျပန္ထားသည့္ ခြင့္မျပဳဆိုးေဆးမ်ားပါ၀င္သည့္ စားေသာက္ကုန္အမ်ိဳး(၄၀)၏စာရင္းကို ေစ်းလယ္ရိွ ေၾကျငာဆိုင္းဘုတ္တြင္ ကပ္ခဲ့ၿပီး အသိပညာေပးျခင္း လုပ္ငန္းမ်ားကိုလည္း လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ကြင္းဆင္းစစ္ေဆးရာသို႔ စားသုံးသူေရးရာဦးစီးဌာနမွ ဒုတိယျပည္နယ္ဦးစီးမွဴး ဦးလွစိုး၊ ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္ႏွင့္ ခရိုင္စားသုံးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕မွ အတြင္းေရးမွဴး ဦးသန္းစိုး၊ ခရိုင္အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲမႈ ဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ေဒါက္တာေတဇာ၀င္းႏွင့္ သက္ဆိုင္ရာ ဌာနမ်ားမွ တာ၀န္ရိွသူမ်ား ပါ၀င္ခဲ့ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့မစျေးမှ သက်တမ်းလွန်ဆေးဝါးနှင့် စားသောက်ကုန် ကျပ် ၄၅ သိန်းဖိုး သိမ်းဆည်းမီးရှို့
************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မြို့မစျေးအတွင်းရောင်းချနေသည့် သက်တမ်းလွန် ဆေးဝါးနှင့် အစားအသောက် စုစုပေါင်းတန်ဖိုး ကျပ် (၄၅)သိန်းဖိုးခန့်အား သိမ်းဆည်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံမှ သိရသည်။

"ကျွန်တော်တို့ဌာနရဲ့ ညွှန်ကြားချက်ရှိတဲ့အတိုင်း ခွင့်မပြုဆိုးဆေးပါ၀င်တဲ့ စားသောက်ကုန်အမျိုး(၄၀)ကို ဒီကျိုင်းတုံမြို့မစျေးကြီးထဲမှာ ရောင်းချနေခြင်း ရှိ၊မရှိ ဒီနေ့ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ ဒါပေမဲ့ ခွင့်မပြုဆိုးဆေးပါတဲ့ ပစ္စည်းအမျိုး(၄၀)ထဲက ကုန်ပစ္စည်းတွေကို စစ်ဆေးတွေ့ရှိခဲ့ခြင်းမရှိပါဘူး။ တစ်ခြား အမှတ်တံဆိပ်တွေနဲ့ သက်တမ်းလွန်နေတဲ့ စားသောက်ကုန်နဲ့ ဆေးဝါးတွေကို စစ်ဆေးတွေ့ရှိခဲ့လို့ သိမ်းဆည်းပြီးတော့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်"ဟု စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခွင့်မပြုဆိုးဆေးပါ၀င်သဖြင့် စားသောက်ရန်မသင့်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တရားဝင်ထုတ်ပြန်ထားသည့် စားသောက်ကုန်အမျိုး(၄၀)အား ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ခရိုင်(၃)ခုအနက်မှ တာချီလိတ်ခရိုင်နှင့် မိုင်းဆက်ခရိုင်တို့တွင် ဇန်နဝါရီလ ဒုတိယပတ်က စစ်ဆေးခဲ့ပြီးနောက် ကျိုင်းတုံခရိုင်တွင် ဆက်လက်ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

"စျေးထဲမှာ ရှိတဲ့ ဆေးဆိုင်များက သက်တမ်းလွန်နေတဲ့ ဆေးဝါးတွေကို ကျွန်တော့်ဆီမှာ လာရောက် အပ်နှံထားကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ကျပ်(၃၈)သိန်း တန်ဖိုးရှိတဲ့ သက်တမ်းလွန် ဆေးဝါးတွေကို ပူးပေါင်းအဖွဲ့ကို အပ်နှံလိုက်ပါတယ်"ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးစိုင်းလာက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

ခရိုင်စားသုံးသူအငြင်းပွားမှုှ ဖြေရှင်းရေးအဖွဲ့ ဦးဆောင်သည့် ပူးပေါင်းအဖွဲ့သည် FDA က တရားဝင်ထုတ်ပြန်ထားသည့် ခွင့်မပြုဆိုးဆေးများပါ၀င်သည့် စားသောက်ကုန်အမျိုး(၄၀)၏စာရင်းကို စျေးလယ်ရှိ ကြေငြာဆိုင်းဘုတ်တွင် ကပ်ခဲ့ပြီး အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှစိုး၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်နှင့် ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ အတွင်းရေးမှူး ဦးသန်းစိုး၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာတေဇာဝင်းနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ ပါ၀င်ခဲ့ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~