ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖေါ်မှုဖြင့် တရားရင်ဆိုင်နေသည့် လွိုင်ကော်မှ လူငယ် ၅ ဦးက ထောင်အတွင်းမှ အမှုရင်ဆိုင်မည်
ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖေါ်မှုဖြင့် တရားရင်ဆိုင်နေသည့် လွိုင်ကော်မှ လူငယ် ၅ ဦးက ထောင်အတွင်းမှ အမှုရင်ဆိုင်မည်
ဇနျနဝါရီ 5, 2018
By Tachileik News Agency
သတင်း #ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ unicode ~~~~~~~~
တရားစွဲဆိုခံရသည့် လူငယ်များဖြစ်သည့် ဒီးဒီ၊ခွန်ရဲမင်းကျော်၊ ဂျွန်ပေါ၊ မျိုးလှိုင်ဝင်းနှင့် ဘိုဘိုတို့ ငါးဦးအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် လွိုင်ကော်မြို့နယ် တရားရုံးတွင် စတင်စစ်ဆေးရန် လာရောက်စဉ်၎င်းတို့နှင့်အတူ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီနှင့် အရပ်ဖက် အဖွဲ့အစည်းများက ဝန်းရံလိုက်ပါလာပြီး ကြွေးကြော်သံများ၊ ဟောပြောခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
" သူတို့ အာမခံကရတယ်။ ဒါပေမဲ့ သူတို့ မယူဘူးပေါ့။ လာမယ့် ရုံးထုတ်မှာလည်း ဆက်ပြီး ဝန်းရံသွားမှာပါ" ဟု ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂ ဥက္ကဌ ခူးတူရယ်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံရသည့် လူငယ်များဖြစ်သည့် ဒီးဒီ၊ခွန်ရဲမင်းကျော်၊ ဂျွန်ပေါ၊ မျိုးလှိုင်ဝင်း နှင့် ဘိုဘိုတို့ (၅)ဦး အား ဇန်နဝါရီလ (၅) ရက်နေ့က လွိုင်ကော်မြို့နယ် တရားရုံးတွင် စတင်စစ်ဆေးခဲ့ရာ၎င်းတို့အား အာမခံရပေးသော်လည်း လူငယ် (၅) ဦးက ထောင်တွင်းမှ တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ် ပါးလောင်းကျေးရွာနှင့် ဒေါတချားကျေးရွာကြား (၇)မိုင်ဂိတ်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၀)ရက်နေ့က KNPP တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး အရပ်သားတစ်ဦး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ အပြင်း အထန်ရှုံ့ချကြောင်းနှင့် တရားမျှတစွာဖြေရှင်းပေးရန် ယင်းနေ့တွင်ပင် ဆန္ဒ ဖော်ထုတ်ခဲ့သည့် ကရင်နီလူငယ်များထဲမှ (၅)ဦးကို ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်မှုဖြင့် ဒီဇင်ဘာလ (၃၀) ရက်နေ့က လွိုင်ကော်မြို့နယ် ရဲစခန်းက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
တရားစွဲဆိုခံရသည့် လူငယ်များဖြစ်သည့် ဒီးဒီ၊ခွန်ရဲမင်းကျော်၊ ဂျွန်ပေါ၊ မျိုးလှိုင်ဝင်းနှင့် ဘိုဘိုတို့ ငါးဦးအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် လွိုင်ကော်မြို့နယ် တရားရုံးတွင် စတင်စစ်ဆေးရန် လာရောက်စဉ်၎င်းတို့နှင့်အတူ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီနှင့် အရပ်ဖက် အဖွဲ့အစည်းများက ဝန်းရံလိုက်ပါလာပြီး ကြွေးကြော်သံများ၊ ဟောပြောခြင်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~