
ဇနျနဝါရီ 22, 2018
By 🌸
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ပုဂ္ဂလိကကုမ္ပဏီဖြင့် အကောင်အထည်ဖေါ်မည့် အိမ်တိုင်ရာရောက်အမှိုက်သိမ်းစနစ်လုပ်ငန်းအစီအစဉ်အား လုပ်ငန်းဖေါ်ဆောင်မည့်ကုမ္ပဏီက မြို့နယ်စည်ပင်သာယာရေးဌာနသို့ တင်ပြထားပြီးဖြစ်၍ မြို့နယ်နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီများသို့ ဆက်လက်တင်ပြသွားရန် စီစဉ်နေကြောင်း သိရသည်။


အိမ်တိုင်ရာရောက်အမှိုက်သိမ်းစနစ်အား Green Hope ကုမ္ပဏီက အကောင်အထည်ဖေါ်ရန် လုပ်ငန်းအစီအစဉ်အား တင်ပြနေဆဲဖြစ်ပြီး အဆိုပါ အမှိုက်သိမ်းစနစ်အတွက် အမှိုက်သိမ်းခ ကောက်ခံမည့်နှုန်းထားများကို ၂၀၁၇ ခုနှစ် မတ်လက ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မြို့နေလူထုထံသို့ သဘောထားကောက်ခံမှုကိုလည်း လုပ်ဆောင်ထားကြောင်း သိရသည်။

အိမ်တိုင်ရာရောက်အမှိုက်သိမ်းဝန်ဆောင်မှုအတွက် အခွန်နှုန်းထားများကို လူနေအိမ်၊ စီးပွားရေးလုပ်ငန်း၊ ဟိုတယ် နှင့် စားသောက်ဆိုင်များအား အဆင့်လိုက်ခွဲခြားကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါ အမှိုက်သိမ်းကုမ္ပဏီမှ ဝန်ထမ်းများနှင့် စက်ကိရိယာ/ ယာဉ်များ ထားရှိရန်အတွက် ကျောက်မဲမြို့ အမှတ် (၁) ရပ်ကွက်ရှိ ပြောင်းရွှေ့နေဆဲ သင်္ချိုင်းဟောင်းနေရာတွင် ယာယီစတင် အသုံးပြုရန်နှင့် အမှိုက်စွန့်ပစ်မှုနေရာအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ရှိ စွန့်ပစ်နေသည့် နေရာတွင် မြေဧက (၅) ဧက ခန့်ကို အသုံးပြုခွင့် တင်ပြထားဆဲဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့ အိမ်တိုင်ရာရောက်အမှိုက်သိမ်းစနစ်လုပ်ငန်းအစီအစဉ်အား မြို့နယ်နှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီများထံ တင်ပြရန်စီစဉ်နေ
*****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ပုဂ္ဂလိကကုမ္ပဏီဖြင့် အကောင်အထည်ဖေါ်မည့် အိမ်တိုင်ရာရောက်အမှိုက်သိမ်းစနစ်လုပ်ငန်းအစီအစဉ်အား လုပ်ငန်းဖေါ်ဆောင်မည့်ကုမ္ပဏီက မြိို့နယ်စည်ပင်သာယာရေးဌာနသို့ တင်ပြထားပြီးဖြစ်၍ မြို့နယ်နှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီများသို့ ဆက်လက်တင်ပြသွားရန် စီစဉ်နေကြောင်း သိရသည်။

“ကုမ္ပဏီကနေ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်တင်ပြချက်ကို မြို့နယ်စည်ပင်ကို ဇန်နဝါရီလ (၁၉)ရက်နေ့က တင်ပြလာပါတယ်။ ဒီလုပ်ငန်းအစီအစဉ်ကို ကျွန်တော်တို့ဆီကနေ မြို့နယ်စီမံခန့်ခွဲမှုကော်မတီနဲ့ ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ဆီကို တင်ပြပြီး သဘောထားထောက်ခံချက်ရယူမှာ ဖြစ်ပါတယ်။ မြို့နယ်နဲ့ ခရိုင်က ထောက်ခံချက်ရပြီဆိုရင်တော့ ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာရေးကော်မတီကလည်း သဘောတူထားပြီးဖြစ်တဲ့အတွက် ပြည်နယ်စည်ပင်သာယာရေးကော်မတီကို ဆက်လက်တင်ပြပါမယ်” ဟု ကျောက်မဲမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်ခန့်အေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အိမ်တိုင်ရာရောက်အမှိုက်သိမ်းစနစ်အား Green Hope ကုမ္ပဏီက အကောင်အထည်ဖေါ်ရန် လုပ်ငန်းအစီအစဉ်အား တင်ပြနေဆဲဖြစ်ပြီး အဆိိုပါ အမှိုက်သိမ်းစနစ်အတွက် အမှိုက်သိမ်းခ ကောက်ခံမည့်နှုန်းထားများကို ၂၀၁၇ ခုနှစ် မတ်လက ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် မြို့နေလူထုထံသို့ သဘောထားကောက်ခံမှုကိုလည်း လုပ်ဆောင်ထားကြောင်း သိရသည်။

အိမ်တိုင်ရာရောက်အမှိုက်သိမ်းဝန်ဆောင်မှုအတွက် အခွန်နှုန်းထားများကို လူနေအိမ်၊ စီးပွားရေးလုပ်ငန်း၊ ဟိုတယ် နှင့် စားသောက်ဆိုင်များအား အဆင့်လိုက်ခွဲခြားကောက်ခံသွားမည်ဖြစ်ပြီး အဆိုပါ အမှိုက်သိမ်းကုမ္ပဏီမှ ဝန်ထမ်းများနှင့် စက်ကိရိယာ/ ယာဉ်များ ထားရှိရန်အတွက် ကျောက်မဲမြို့ အမှတ် (၁) ရပ်ကွက်ရှိ ပြောင်းရွှေ့နေဆဲ သချင်္ိုင်းဟောင်းနေရာတွင် ယာယီစတင် အသုံးပြုရန်နှင့် အမှိုက်စွန့်ပစ်မှုနေရာအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ လက်ရှိ စွန့်ပစ်နေသည့် နေရာတွင် မြေဧက (၅) ဧက ခန့်ကို အသုံးပြုခွင့် တင်ပြထားဆဲဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~