နမ့္ဆန္ၿမိဳ႕နယ္ ငြန္ဆိုင္းရြာတြင္ မီးဖိုမီးမွကူးစက္ေလာင္ကၽြမ္းမႈေၾကာင့္ ေနအိမ္ ၆ လံုးဆံုးရံႈးၿပီး မီးေဘးသင့္ ၃၃ ဦး နီးစပ္ရာခိုလံႈေနရ

နမ့္ဆန္ၿမိဳ႕နယ္ ငြန္ဆိုင္းရြာတြင္ မီးဖိုမီးမွကူးစက္ေလာင္ကၽြမ္းမႈေၾကာင့္ ေနအိမ္ ၆ လံုးဆံုးရံႈးၿပီး မီးေဘးသင့္ ၃၃ ဦး နီးစပ္ရာခိုလံႈေနရ
ဇန်နဝါရီ 24, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္ နမ့္ဆန္ၿမိဳ႕နယ္ ငြန္ဆိုင္းေက်းရြာအုပ္စု ငြန္ဆိုင္းေက်းရြာတြင္ ဇန္နဝါရီလ (၂၄) ရက္ေန႔ ေန႔လယ္ (၁)နာရီေက်ာ္ဝန္းက်င္က မီးဖိုေဆာင္မွ မီးစတင္ေလာင္ကၽြမ္းမႈေၾကာင့္ လူေနအိမ္(၆)လံုး ဆံုးရံႈးသြားၿပီး မီးေဘးသင့္သူ (၃၃)ဦးမွာ နီးစပ္ရာတြင္ ယာယီခိုလံႈေနရေၾကာင္း ေက်ာက္မဲခရိုင္မီးသတ္ဦးစီးဌာနမွ သိရသည္။

နမ့္ဆန္ၿမိဳ႕ႏွင့္ ႏွစ္မိုင္ခန္႔အကြာရိွ ငြန္ဆိုင္းေက်းရြာအုပ္စု ငြန္ဆိုင္းေက်းရြာ၏ ရြာလယ္မွ ဦးေက်ာ္သိန္း၏ ေနအိမ္မီးဖိုေခ်ာင္တြင္ မီးၾကြင္းမီးက်န္ မၿငိမ္းသတ္မိဘဲ လုပ္ငန္းခြင္ဝင္ရန္ ထြက္သြားရာ ၄င္းမီးဖိုေခ်ာင္မွတစ္ဆင့္ မီးစတင္ေလာင္ကၽြမ္းခဲ့ရာ ေဘးပတ္ဝန္းက်င္မွ ေနအိမ္မ်ားကိုပါ ကူးစက္ေလာင္ကၽြမ္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာေနရာသို႔ မီးသတ္ယာဥ္ (၂)စီး၊ မီးသတ္ေရသယ္ယာဥ္(၁)စီး၊ သေႏၶမီးသတ္ တပ္ဖြ႔ဲဝင္ (၁၁)ဦးႏွင့္ အရံမီးသတ္တပ္ဖြဲ႔ဝင္ (၂၀) ဦးတို႔ သြားေရာက္ၿငိမ္းသတ္ရာ ညေန (၃)နာရီခြဲခန္႔တြင္ လံုးဝမီးၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္္မႈေၾကာင့္ သြပ္မိုး ပ်ဥ္ကာ ေနအိမ္ သံုးလံုး၊ သြပ္မိုး၊ ဝါးကာ ေနအိမ္တစ္လံုး၊ သြပ္မိုး၊ အုတ္ကာ အိမ္တစ္လံုး၊ သံကူ၊ကြန္ကရစ္ အိမ္တစ္လံုး စုစုေပါင္း ေနအိမ္(၆)လံုး မီးေလာင္ခဲ့ၿပီး လူႏွင့္တိရိစၦာန္ထိခိုက္ဒဏ္ရာရမႈမရိွေၾကာင္း သိရသည္။

မီးစတင္ေလာင္ကၽြမ္းခဲ့သည့္ ေနအိမ္ပိုင္ရွင္ျဖစ္သူအား (ပ)(၅/၂၀၁၈) ပုဒ္မ (၂၈၅)ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
နမ့်ဆန်မြို့နယ် ငွန်ဆိုင်းရွာတွင် မီးဖိုမီးမှကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ၆ လုံးဆုံးရှုံးပြီး မီးဘေးသင့် ၃၃ ဦး နီးစပ်ရာခိုလှုံနေရ
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအုပ်စု ငွန်ဆိုင်းကျေးရွာတွင် ဇန်နဝါရီလ (၂၄) ရက်နေ့ နေ့လယ် (၁)နာရီကျော်ဝန်းကျင်က မီးဖိုဆောင်မှ မီးစတင်လောင်ကျွမ်းမှုကြောင့် လူနေအိမ်(၆)လုံး ဆုံးရှုံးသွားပြီး မီးဘေးသင့်သူ (၃၃)ဦးမှာ နီးစပ်ရာတွင် ယာယီခိုလှုံနေရကြောင်း ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။

နမ့်ဆန်မြို့နှင့် နှစ်မိုင်ခန့်အကွာရှိ ငွန်ဆိုင်းကျေးရွာအုပ်စု ငွန်ဆိုင်းကျေးရွာ၏ ရွာလယ်မှ ဦးကျော်သိန်း၏ နေအိမ်မီးဖိုချောင်တွင် မီးကြွင်းမီးကျန် မငြိမ်းသတ်မိဘဲ လုပ်ငန်းခွင်ဝင်ရန် ထွက်သွားရာ ၄င်းမီးဖိုချောင်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ ဘေးပတ်ဝန်းကျင်မှ နေအိမ်များကိုပါ ကူးစက်လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် (၁၁)ဦးနှင့် အရံမီးသတ်တပ်ဖွဲ့ဝင် (၂၀) ဦးတို့ သွားရောက်ငြိမ်းသတ်ရာ ညနေ (၃)နာရီခွဲခန့်တွင် လုံးဝမီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင််မှုကြောင့် သွပ်မိုး ပျဉ်ကာ နေအိမ် သုံးလုံး၊ သွပ်မိုး၊ ဝါးကာ နေအိမ်တစ်လုံး၊ သွပ်မိုး၊ အုတ်ကာ အိမ်တစ်လုံး၊ သံကူ၊ကွန်ကရစ် အိမ်တစ်လုံး စုစုပေါင်း နေအိမ်(၆)လုံး မီးလောင်ခဲ့ပြီး လူနှင့်တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်ဖြစ်သူအား (ပ)(၅/၂၀၁၈) ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~