ေက်ာက္မဲႏွင့္ မုိင္းေငါ့မွ စစ္ေဘးေရွာင္မ်ားအတြက္ အလြယ္တကူ ခ်က္ျပဳတ္ႏုိင္သည့္ စားေသာက္ဖြယ္မ်ား လွဴဒါန္းႏုိင္

ေက်ာက္မဲႏွင့္ မုိင္းေငါ့မွ စစ္ေဘးေရွာင္မ်ားအတြက္ အလြယ္တကူ ခ်က္ျပဳတ္ႏုိင္သည့္ စားေသာက္ဖြယ္မ်ား လွဴဒါန္းႏုိင္
ဇန်နဝါရီ 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္အတြင္း ေက်ာက္မဲၿမိဳ႕ႏွင့္ မိုင္းေငါ့ၿမိဳ႕မ်ားတြင္ ခိုလံႈေနသည့္ တုိက္ပြဲေရွာင္ (၁၂၀၀)ေက်ာ္ရိွေနၿပီး အလြယ္တကူခ်က္ျပဳတ္ႏုိင္သည့္ ဟင္းခ်က္စရာမ်ား လိုအပ္ေနေၾကာင္း သိရသည္။

“ငါးေသတၱာတို႔၊ အသင့္စားေခါက္ဆြဲေျခာက္တို႔လိုမ်ိဳး အလြယ္တကူခ်က္စားႏိုင္တဲ့ ဟင္းခ်က္စရာေတြ လိုအပ္ ပါတယ္။ အသည္းအသန္ လိုအပ္တာမ်ိဳး မဟုတ္ေပမဲ့ သူတို႔ေတြက ရြာလံုးကၽြတ္နီးပါး ယာယီေရႊ႕ေျပာင္း လာတာဆိုေတာ့ ရက္ရွည္ေနမယ္ဆိုရင္ အဲဒီဟင္းခ်က္စရာေတြအတြက္ပဲ လိုအပ္ခ်က္ ရွိပါတယ္။ ေစာင္တို႔၊ အဝတ္အထည္တို႔၊ ဆန္၊ ဆီစတာေတြက လွဴလာတာေတြရွိတယ္”ဟု စစ္ေဘးေရွာင္ေကာ္မတီ အမႈေဆာင္္ ဦးတင္ေမာင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားမွာ ေက်ာက္မဲၿမိဳ႕နယ္ အာေျပာင္ေက်းရြာႏွင့္ နမ့္ဆန္ၿမိဳ႕နယ္ ေက်ာက္ျဖဴေလး ေက်းရြာတို႔မွ ေဒသခံ (၄၀၀) ေက်ာ္သည္၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၉)ရက္ေန႔မွစ၍ တုိက္ပြဲျဖစ္မည္စိုး၍ ေရွာင္လာၾကျခင္းျဖစ္ၿပီး ၎တို႔အား ေက်ာက္မဲ စစ္ေဘးေရွာင္ေကာ္မတီက ကူညီေပးေနေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕သို႔ ၾကက္ေသေက်းရြာ၊ ေက်ာက္ျဖဴေလးေက်းရြာတို႔မွ ဒီဇင္ဘာလ (၃၁) ရက္ေန႔မွ ဇန္နဝါရီလ (၃) ရက္ေန႔အထိ တိမ္းေရွာင္လာသည့္ ေဒသခံမ်ားမွာ လူဦးေရ (၁၀၀၀)ေက်ာ္အထိ ရိွေနၿပီး ေက်ာက္မဲၿမိဳ႕ အမွတ္ (၈) ရပ္ကြက္ရွိ သႏၱိသုခဓမၼာရံု၊ ဝါဆိုေက်ာင္းတိုက္၊ ေအာင္မဂၤလာေက်ာင္းတိုက္ ႏွင့္ ပိႏၷဲကုန္း ေက်းရြာအုပ္စုရွိ ေအာင္ေျမသာယာ ေက်ာင္းတိုက္၊ မိုင္းေငါ့ၿမိဳ႕အတြင္း၌ စစ္ေဘးေရွာင္စခန္း (၂) ခု တို႔ ဖြင့္လွစ္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕နယ္ မန္ေခါက္ေက်းရြာအုပ္စု နားေလြးေက်းရြာမွ အိမ္ေထာင္စု (၁၃)စုမွ လူဦးေရ (၄၀) ဦးသည္ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၉) ရက္ေန႔မွစတင္၍ မိုင္းေငါ့ၿမိဳ႕ရွိ သီရီမဂၤလာဓမၼာရံု ေက်ာင္းတိုက္တြင္ စတင္ေရာက္ရွိေနထိုင္ေနၿပီး လက္ရွိအခ်ိန္ထိ ၎တို႔ေနထိုင္ေနရာ စစ္ေဘးေရွာင္ စခန္းႏွင့္ (၂) မိုင္ခန္႔အကြာတြင္ လက္နက္ႀကီး ပစ္ခတ္ သံမ်ားကို ေန႔စဥ္ ၾကားေနရေၾကာင္း သိရသည္။

ထို႔ျပင္ နမ့္ဆန္ၿမိဳ႕နယ္ ေက်ာက္ျဖဴေလးေက်းရြာမွ အိမ္ေထာင္စု (၂၉)စုမွ လူဦးေရ (၁၈၈) ဦးသည္ ဒီဇင္ဘာလ (၂၉) ရက္ေန႔မွစတင္၍ မိုင္းေငါ့ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးဝန္းအတြင္း တိမ္းေရွာင္ ေနထိုင္လ်ွက္ရွိၿပီး အဆိုပါ ေက်ာက္ျဖဴေလးေက်းရြာမွ ေက်ာင္းမ်ားလည္း ပိတ္ထားရကာ ေက်ာင္းသူ ေက်ာင္းသားဦးေရ (၁၂၀) ေက်ာ္ မွာ ေက်ာက္မဲႏွင့္ မိုင္းေင့ါၿမိဳ႕မ်ားတြင္ စစ္ေဘးတိမ္းေရွာင္ကာ ေနထိုင္ေနရေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕သို႔ ၂၀၁၆ ခုႏွစ္အတြင္းက နမ့္ဆန္ၿမိဳ႕နယ္၊ ေက်ာက္မဲၿမိဳ႕နယ္၊ ေတာ့ဆန္ၿမိဳ႕ နယ္ ႏွင့္ မိုင္းေငါ့ၿမိဳ႕ အနီးတစ္ဝိုက္မွ ေဒသခံဦးေရ (၅၀၀၀) ေက်ာ္ခန္႔ ေလးလၾကာ တုိက္ပြဲေရွာင္ခဲ့ၾကရာ စစ္ေဘးေရွာင္စခန္း (၂၂)ခုအထိ ဖြင့္လွစ္ခဲ့ရၿပီး စစ္ေဘးေရွာင္ဦးေရ စံခ်ိန္တင္မ်ားျပားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ကာလကတည္းက ေက်ာက္မဲၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဥကၠဌအျဖစ္ တာဝန္ယူကာ ၿမိဳ႕နယ္ က်န္းမာေရးဦးစီးဌာန၊ မီးသတ္ဦးစီးဌာန၊ လူမႈဝန္ထမ္းကယ္ဆယ္ေရးနွင့္ ျပန္လည္ေနရာခ်ထားေရး ဦးစီးဌာန၊ ရဲတပ္ဖြဲ႕၊  ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ လူမႈေရးအသင္းမ်ား ပါဝင္သည့္ စစ္ေဘးေရွာင္ေကာ္မတီအား ၂၀၁၆ ခုႏွစ္မွစ၍  ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး ေက်ာက္မဲၿမိဳ႕သို႔ ေရာက္ရိွလာသည့္ စစ္ေဘးေရွာင္မ်ားအား ခ်က္ခ်င္းကူညီႏုိင္ေရး ေဆာင္ရြက္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕အတြင္းမွ စစ္ေဘးေရွာင္မ်ားအား ကူညီလိုပါက စစ္ေဘးေရွာင္ေကာ္မတီ ၀၉ ၅၂၇၅၂၆၉ သို႔ ဆက္သြယ္စံုစမ္းလွဴဒါန္းႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ေနၿဖိဳးျမင့္




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း ကျောက်မဲမြို့နှင့် မိုင်းငေါ့မြို့များတွင် ခိုလှုံနေသည့် တိုက်ပွဲရှောင် (၁၂၀၀)ကျော်ရှိနပြေီး အလွယ်တကူချက်ပြုတ်နိုင်သည့် ဟင်းချက်စရာများ လိုအပ်နေကြောင်း သိရသည်။

“ငါးသေတ္တာတို့၊ အသင့်စားခေါက်ဆွဲခြောက်တို့လိုမျိုး အလွယ်တကူချက်စားနိုင်တဲ့ ဟင်းချက်စရာတွေ လိုအပ် ပါတယ်။ အသည်းအသန် လိုအပ်တာမျိုး မဟုတ်ပေမဲ့ သူတို့တွေက ရွာလုံးကျွတ်နီးပါး ယာယီရွှေ့ပြောင်း လာတာဆိုတော့ ရက်ရှည်နေမယ်ဆိုရင် အဲဒီဟင်းချက်စရာတွေအတွက်ပဲ လိုအပ်ချက် ရှိပါတယ်။ စောင်တို့၊ အဝတ်အထည်တို့၊ ဆန်၊ ဆီစတာတွေက လှူလာတာတွေရှိတယ်”ဟု စစ်ဘေးရှောင်ကော်မတီ အမှုဆောင် ဦးတင်မောင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာနှင့် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေး ကျေးရွာတို့မှ ဒေသခံ (၄၀၀) ကျော်သည်၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့မှစ၍ တိုက်ပွဲဖြစ်မည်စိုး၍ ရှောင်လာကြခြင်းဖြစ်ပြီး၎င်းတို့အား ကျောက်မဲ စစ်ဘေးရှောင်ကော်မတီက ကူညီပေးနေကြောင်း သိရသည်။

ကျောက်မဲမြို့သို့ ကြက်သေကျေးရွာ၊ ကျောက်ဖြူလေးကျေးရွာတို့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့မှ ဇန်နဝါရီလ (၃) ရက်နေ့အထိ တိမ်းရှောင်လာသည့် ဒေသခံများမှာ လူဦးရေ (၁၀၀၀)ကျော်အထိ ရှိနပြေီး ကျောက်မဲမြို့ အမှတ် (၈) ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံ၊ ဝါဆိုကျောင်းတိုက်၊ အောင်မင်္ဂလာကျောင်းတိုက် နှင့် ပိန္နဲကုန်း ကျေးရွာအုပ်စုရှိ အောင်မြေသာယာ ကျောင်းတိုက်၊ မိုင်းငေါ့မြို့အတွင်း၌ စစ်ဘေးရှောင်စခန်း (၂) ခု တို့ ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာအုပ်စု နားလွေးကျေးရွာမှ အိမ်ထောင်စု (၁၃)စုမှ လူဦးရေ (၄၀) ဦးသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့မှစတင်၍ မိုင်းငေါ့မြို့ရှိ သီရီမင်္ဂလာဓမ္မာရုံ ကျောင်းတိုက်တွင် စတင်ရောက်ရှိနေထိုင်နပြေီး လက်ရှိအချိန်ထိ၎င်းတို့နေထိုင်နေရာ စစ်ဘေးရှောင် စခန်းနှင့် (၂) မိုင်ခန့်အကွာတွင် လက်နက်ကြီး ပစ်ခတ် သံများကို နေ့စဉ် ကြားနေရကြောင်း သိရသည်။

ထို့ပြင် နမ့်ဆန်မြို့နယ် ကျောက်ဖြူလေးကျေးရွာမှ အိမ်ထောင်စု (၂၉)စုမှ လူဦးရေ (၁၈၈) ဦးသည် ဒီဇင်ဘာလ (၂၉) ရက်နေ့မှစတင်၍ မိုင်းငေါ့မြို့ မဟာမြတ်မုနိဘုရားကြီးဝန်းအတွင်း တိမ်းရှောင် နေထိုင်လျှက်ရှိပြီး အဆိုပါ ကျောက်ဖြူလေးကျေးရွာမှ ကျောင်းများလည်း ပိတ်ထားရကာ ကျောင်းသူ ကျောင်းသားဦးရေ (၁၂၀) ကျော် မှာ ကျောက်မဲနှင့် မိုင်းငေါ့မြို့များတွင် စစ်ဘေးတိမ်းရှောင်ကာ နေထိုင်နေရကြောင်း သိရသည်။

ကျောက်မဲမြို့သို့ ၂၀၁၆ ခုနှစ်အတွင်းက နမ့်ဆန်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ တော့ဆန်မြို့ နယ် နှင့် မိုင်းငေါ့မြို့ အနီးတစ်ဝိုက်မှ ဒေသခံဦးရေ (၅၀၀၀) ကျော်ခန့် လေးလကြာ တိုက်ပွဲရှောင်ခဲ့ကြရာ စစ်ဘေးရှောင်စခန်း (၂၂)ခုအထိ ဖွင့်လှစ်ခဲ့ရပြီး စစ်ဘေးရှောင်ဦးရေ စံချိန်တင်များပြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကာလကတည်းက ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ် တာဝန်ယူကာ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းများ ပါဝင်သည့် စစ်ဘေးရှောင်ကော်မတီအား ၂၀၁၆ ခုနှစ်မှစ၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကျောက်မဲမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များအား ချက်ချင်းကူညီနိုင်ရေး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့အတွင်းမှ စစ်ဘေးရှောင်များအား ကူညီလိုပါက စစ်ဘေးရှောင်ကော်မတီ ဝ၉ ၅၂၇၅၂၆၉ သို့ ဆက်သွယ်စုံစမ်းလှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~