ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးဂျပန်စစ်သားအရိုးကြွင်းများအား တီးတိန်မြို့နယ်တွင် ပြန်လည်ရှာဖွေနေ
ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးဂျပန်စစ်သားအရိုးကြွင်းများအား တီးတိန်မြို့နယ်တွင် ပြန်လည်ရှာဖွေနေ
ဇနျနဝါရီ 30, 2018
By Tachileik News Agency
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးသွားခဲ့သည့် ဂျပန်စစ်သားများ၏ ကြွင်းကျန်နေသော အရိုးများကို ဂျပန်အစိုးရနှင့် JARRWC အသင်းတို့က ပြန်လည် ရှာဖွေနေကြကြောင်း သိရသည်။
JARRWC အသင်းသည် တီးတိန်မြို့နှင့် မိုင် (၅၀)ခန့်အကွာရှိ ဆင်းဂီးယားကျေးရွာတွင် စစ်အတွင်းက ကျဆုံးခဲ့သူများ၏ အရိုးရှာဖွေခြင်းအား ၂၀၁၇ ခုနှစ်အတွင်း စတင်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါအသင်းက ဒေသခံများအနေဖြင့် ဂျပန်စစ်သားများနှင့် သက်ဆိုင်သော သတင်းအချက် အလက်များနှင့် ဂျပန်လူမျိုးအရိုးစုဟုယူဆရသည့် အရိုးများတွေ့ပါက မူလအတိုင်း ထားရှိပြီး အကြောင်းကြား ပေးကြရန် ဒေသခံများထံ အကူအညီတောင်းထားကြောင်း သိရသည်။
ဂျပန်အစိုးရသည် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့ရသူများ၏အရိုးကောက်ခြင်းကို ၁၉၅၂ ခုနှစ်မှ စတင်၍ အငြိမ်းစားစစ်သားများနှင့် စစ်ဖြစ်ပွားခဲ့သောဒေသအသီးသီးရှိ အစိုးရဌာနအသီးသီးထံမှ ရရှိသည့် သတင်းအချက်အလက်များအကူအညီဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဂျပန်အစိုးရအနေဖြင့် ရရှိထားသော သတင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သော စစ်သည်များစာရင်းများအရ မြန်မာနိုင်ငံတွင် ဂျပန်စစ်သားများ၏အရိုးကြွင်းအရေအတွက် စုစုပေါင်း (၄၅၅၈၀) ကျန်ရှိနေကြောင်း JARRWC ၏ စာရင်းများအရ သိရသည်။
ဂျပန်လူမျိုးတို့၏ ဓလေ့ထုံးတမ်းအရ သေဆုံးသူများ၏အရိုးကို ကျန်ရစ်သူမိသားစုများထံ ပြန်ပို့ပေးခြင်းဖြင့် သေလွန်သူတို့ ဘဝတစ်ပါးသို့ ကောင်းမွန်စွာကူးးပြောင်းနိုင်သည့် အယူအဆကြောင့် ဂျပန်အစိုးရက လုပ်ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးသွားခဲ့သည့် ဂျပန်စစ်သားများ၏ ကြွင်းကျန်နေသော အရိုးများကို ဂျပန်အစိုးရနှင့် JARRWC အသင်းတို့က ပြန်လည်ရှာဖွေနကြေကြောင်း သိရသည်။
JARRWC အသင်းသည် တီးတိန်မြို့နှင့် မိုင် (၅၀)ခန့်အကွာရှိ ဆင်းဂီးယားကျေးရွာတွင် စစ်အတွင်းက ကျဆုံးခဲ့သူများ၏ အရိုးရှာဖွခြေင်းအား ၂၀၁၇ ခုနှစ်အတွင်း စတင်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“သူတို့ မနှစ်က စလာတယ်။ တစ်ခါလာရင် သုံးယောက်အဖွဲ့၊ လေးယောက်အဖွဲ့လာကြပြီး ဆင်းဂီးယားရွာဘက်မှာ နှစ်ရက်၊ သုံးရက်သွားရှာကြတယ်။ အရိုးတွေတွေ့ရင်လည်း သတင်းပေးဖို့လည်း ဒေသခံတွေကို ပြောထားတယ်။ ဒီ တီးတိန်ဝန်းကျင်တစ်ဝိုက်က ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တွေ အကြီးအကျယ် တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွဖြေစ်တယ်။ ကျွန်တော်တို့ ငယ်ငယ်ကအထိ ဒီနားဝန်းကျင်တွေမှာ ကတုတ်ကျင်းတွေ အများအပြားတွေ့နေရတုန်းပဲ”ဟု တီးတိန်ဒေသခံတစ်ဦးဖြစ်သည့် ဦးပါးလျန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါအသင်းက ဒေသခံများအနဖြေင့် ဂျပန်စစ်သားများနှင့် သက်ဆိုင်သော သတင်းအချက် အလက်များနှင့် ဂျပန်လူမျိုးအရိုးစုဟုယူဆရသည့် အရိုးများတွေ့ပါက မူလအတိုင်း ထားရှိပြီး အကြောင်းကြား ပေးကြရန် ဒေသခံများထံ အကူအညီတောင်းထားကြောင်း သိရသည်။
JARRWC သည် စစ်အတွင်းကျဆုံးသူများ၏ အရိုးကြွင်းများကောက်ယူရန်နှင့် ဂျပန်နိုင်ငံသို့ ပြန်လည်ယူဆောင်လာခြင်း လုပ်ငန်းများအတွက် ဂျပန်အစိုးရက အသိအမှတ်ပြုထားသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
စစ်အတွင်းကျဆုံးသွားခဲ့သူများ၏ ကြွင်းကျန်နေသောအရိုးများကို ပြန်လည်ကောက်ယူနိုင်ရန်နှင့် မူလနေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးရန်အသင်း (Japan Association for Recovery and Repatriation of War Casualties)သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့၌စတင်တည်ထောင်ခဲ့ပြီး ဂျပန်အစိုးရက ၂၀၁၆ ခုနှစ် သြဂုတ်လ (၁၉)ရက်နေ့တွင် အသိအမှတ်ပြုခံရပြီး ဂျပန်အစိုးရက ဆောင်ရွက် လျှက်ရှိသည့် စစ်အတွင်းကျဆုံးသွားခဲ့သူများ၏ အရိုးများ ကောက်ခြင်းနှင့်၎င်းတို့နှင့် ဆက်နွှယ် လျှက်ရှိသော လုပ်ငန်းများအပေါ်၌ လိုအပ်သည့်အကူအညီများပေးခြင်းဖြင့် အစိုးရ လုပ်ဆောင်နေသည့် လုပ်ငန်း ပိုမိုတိုးတက်စေရန်နှင့် အဆိုပါလုပ်ငန်းဖြင့် ဆက်နွှယ်နေသောနိုင်ငံများဖြင့် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။
ဂျပန်အစိုးရသည် ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးခဲ့ရသူများ၏အရိုးကောက်ခြင်းကို ၁၉၅၂ ခုနှစ်မှ စတင်၍ အငြိမ်းစားစစ်သားများနှင့် စစ်ဖြစ်ပွားခဲ့သောဒေသအသီးသီးရှိ အစိုးရဌာနအသီးသီးထံမှ ရရှိသည့် သတင်းအချက်အလက်များအကူအညီဖြင့် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
ဂျပန်အစိုးရအနဖြေင့် ရရှိထားသော သတင်းအချက်အလက်များအရ မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သော စစ်သည်များစာရင်းများအရ မြန်မာနိုင်ငံတွင် ဂျပန်စစ်သားများ၏အရိုးကြွင်းအရေအတွက် စုစုပေါင်း (၄၅၅၈၀) ကျန်ရှိနေကြောင်း JARRWC၏ စာရင်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် ကျဆုံးခဲ့သည့် ဂျပန်စစ်သားအရေအတွက် စုစုပေါင်းမှာ(၁၃၇၀၀၀)ဦးရှိပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးတဝိုက်မှ အရိုးတိုင် (၄၈၆၃)တိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အနီးတဝိုက်မှ (၁၃၁၄၁)တိုင်၊ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အနီးတဝိုက်မှ (၄၄၃၂)တိုင်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ အနီးတဝိုက်မှ (၇၈၆၈)တိုင်တို့ကို ဂျပန်နိုင်ငံသို့ ပြည်လည်သယ်ဆောင်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဂျပန်လူမျိုးတို့၏ ဓလေ့ထုံးတမ်းအရ သေဆုံးသူများ၏အရိုးကို ကျန်ရစ်သူမိသားစုများထံ ပြန်ပို့ပေးခြင်းဖြင့် သေလွန်သူတို့ ဘဝတစ်ပါးသို့ ကောင်းမွန်စွာကူးပြောင်းနိုင်သည့် အယူအဆကြောင့် ဂျပန်အစိုးရက လုပ်ဆောင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ချယ်ရီထိုက် 
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~