ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ အလံတင္အခမ္းအနား တာခ်ီလိတ္တြင္ ရာသီဥတုအေျခအေနေၾကာင့္ ႏွစ္ေနရာခြဲ၍ က်င္းပ

ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ အလံတင္အခမ္းအနား တာခ်ီလိတ္တြင္ ရာသီဥတုအေျခအေနေၾကာင့္ ႏွစ္ေနရာခြဲ၍ က်င္းပ
ဇန်နဝါရီ 4, 2018
By Tachileik News Agency

ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ ႏုိင္ငံေတာ္အလံတင္ျခင္းႏွင့္ အေလးျပဳျခင္းအခမ္းအနားကုိ ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ (၄)ရက္ေန႔ နံနက္ (၄) နာရီ ၊ မိနစ္ (၂၀) က ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမဳိ႕၊ ဝမ္ေကာင္းရပ္ကြက္ရွိ ဘုရင့္ေနာင္ရုပ္ထုရင္ျပင္၌ က်င္းပၿပီး ရာသီဥတုအေျခအေနေၾကာင့္ သ၀ဏ္လႊာဖတ္ၾကားျခင္း အခမ္းအနားအား ေအာင္ျမတ္ခန္းမတြင္ က်င္းပသည္။

လြတ္လပ္ေရးေန႔ သ၀ဏ္လႊာဖတ္ၾကားျခင္း အခမ္းအနားကို နံနက္ (၇) နာရီတြင္ ေအာင္ျမတ္ခန္းမ၌ က်င္းပရာ ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံေတာ္၊ ႏုိင္ငံေတာ္အလံအား အေလးျပဳျခင္း ၊ က်ဆံုးေလၿပီးေသာ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားႏွင့္ ရဲေဘာ္အေပါင္းအား အေလးျပဳျခင္းကုိ ျမန္မာႏုိင္ငံရဲတပ္ဖဲြ႕က ဦးေဆာင္၍ တက္ေရာက္လာသူမ်ားက အေလးျပဳၾကၿပီး ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ထံမွ ေပးပုိ႔ေသာ ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ သ၀ဏ္လႊာအား တာခ်ီလိတ္ခရုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက ဖတ္ၾကားသည္။

အဆုိပါ အခမ္းအနားသုိ႔ အမ်ဳိးသားလႊတ္ေတာ္ ကုိယ္စားလွယ္ ဦးစုိင္းလံုစံခတ္၊  ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးေဌးဝင္း၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊ၊ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္၊ ခရုိင္ႏွင့္ၿမဳိ႕နယ္ဌာနဆုိင္ရာမ်ား၊ ဆရာ၊ဆရာမမ်ား ၊ ေက်ာင္းသားေက်ာင္းသူမ်ား၊ လူမႈေရး အသင္းအဖဲြ႕မ်ား၊ တုိင္းရင္းသားယဥ္ေက်းမႈအဖဲြ႕မ်ား၊ ႏုိင္ငံေရးပါတီမ်ားႏွင့္ တုိင္းရင္းသား ျပည္သူမ်ား တက္ေရာက္ၾကၿပီး ခရုိင္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက စီစဥ္ထုတ္ေ၀သည့္ ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔အထိမ္းအမွတ္ သတင္းစကား လက္ကမ္းစာေစာင္မ်ားကုိလည္း ျဖန္႔ေဝေပးခဲ့ေၾကာင္း သိရသည္။

ႏွစ္ (၇၀)ျပည့္ လြတ္လပ္ေရးေန႔ အမ်ိဳးသားဦးတည္ခ်က္ (၅)ရပ္အျဖစ္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တုိင္းရင္းသားစည္းလံုးညီညြတ္မႈ မၿပိဳကြဲေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခုိင္ၿမဲေရးတို႔အတြက္ တုိင္းရင္းသားအားလံုး စုစည္းထိန္းသိမ္းကာကြယ္ေရး၊ ဒီမိုကေရစီဖယ္ဒရယ္ ျပည္ေထာင္စုျဖစ္ေပၚေရး အတြက္ ဒီမိုကေရစီ စံခ်ိန္စံညႊန္းမ်ားႏွင့္အညီ ႏုိင္ငံေတာ္ႏွင့္ သင့္ေတာ္သည့္ ဖြဲ႔စည္းပံုအေျခခံ ဥပေဒတစ္ရပ္ ေပၚေပါက္ရန္ ႀကိဳးပမ္းေဆာင္ရြက္ေရး၊ ႏုိင္ငံေရး ေဆြးေႏြးပြဲမ်ားမွတစ္ဆင့္ ထာဝရ ၿငိမ္းခ်မ္းေရး ပန္းတုိင္သို႔ ေရာက္ရိွေအာင္ ျပည္ေထာင္စုတုိင္းရင္းသားအားလံုးမွ ႏုိင္ငံေတာ္ႏွင့္အတူ ပူးေပါင္း ပါဝင္ေရး၊ စီးပြားေရး၏ အဓိကေမာင္းႏွင္အားျဖစ္သည့္ ပုဂၢလိကက႑ကို အားေပးျမႇင့္တင္ျခင္းျဖင့္ ျပည္သူမ်ား၏ လူမႈစီးပြားေရးဘဝ တိုးတက္ေကာင္းမြန္လာောအင္ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္ရြက္ေရးတို႔ကို တုိင္းရင္းသားျပည္သူတစ္ရပ္လံုးက အေလးအနက္ခံယူလ်က္ ခိုင္မာသည့္ သႏၷိဌာန္ျဖင့္ ပူးေပါင္းပါဝင္ အေကာင္အထည္ေဖၚ ေဆာင္ရြက္ေပးၾကပါရန္ တိုက္တြန္းႏိႈးေဆာ္ထားသည္။

သတင္း - ေ၀ယံလင္း
ဓါတ္ပံု - ယာေဆး





~~~~~~~~⊰❂ unicode ~~~~~~~~

နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်းအခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ နံနက် (၄) နာရီ ၊ မိနစ် (၂၀) က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ ဘုရင့်နောင်ရုပ်ထုရင်ပြင်၌ ကျင်းပပြီး ရာသီဥတုအခြေအနေကြောင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားအား အောင်မြတ်ခန်းမတွင် ကျင်းပသည်။

လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို နံနက် (၇) နာရီတွင် အောင်မြတ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံအား အလေးပြုခြင်း ၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းအား အလေးပြုခြင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဦးဆောင်၍ တက်ရောက်လာသူများက အလေးပြုကြပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဖတ်ကြားသည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ ၊ ကျောင်းသားကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက် (၅)ရပ်အဖြစ် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံး စုစည်းထိန်းသိမ်းကာကွယ်ရေး၊ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်ရေး အတွက် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်တော်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် ထာဝရ ငြိမ်းချမ်းရေး ပန်းတိုင်သို့ ရောက်ရှိအောင် ပြည်ထောင်စုတိုင်းရင်းသားအားလုံးမှ နိုင်ငံတော်နှင့်အတူ ပူးပေါင်း ပါဝင်ရေး၊ စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည့် ပုဂ္ဂလိကကဏ္ဍကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဘဝ တိုးတက်ကောင်းမွန်လာောအင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေးတို့ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အလေးအနက်ခံယူလျက် ခိုင်မာသည့် သန္နိဌာန်ဖြင့် ပူးပေါင်းပါဝင် အကောင်အထည်ဖေါ် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

သတင်း - ဝေယံလင်း
ဓါတ်ပုံ - ယာဆေး 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~