ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း၏ အင္းဝဘဏ္ခြဲကို တာခ်ီလိတ္တြင္ ဖြင့္လွစ္

ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္း၏ အင္းဝဘဏ္ခြဲကို တာခ်ီလိတ္တြင္ ဖြင့္လွစ္
ဇန်နဝါရီ 2, 2018
By Tachileik News Agency

တပ္မေတာ္၏ စီးပြားေရးလုပ္ငန္းတစ္ခုျဖစ္သည့္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းက အင္းဝဘဏ္၏ ဘဏ္ခြဲကို ျမန္မာ - ထုိင္းနယ္စပ္ျဖစ္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၂)ရက္ေန႔တြင္ ဖြင့္လွစ္လုိက္ေၾကာင္း သိရသည္။

အဆိုပါ ဘဏ္ခြဲအား တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းေရွ႕ရိွ ယခင္က ယူနီဗာဆယ္ဘဏ္ ဖြင့္လွစ္ခဲ့သည့္ ေနရာတြင္ ဖြင့္လွစ္ျခင္းျဖစ္ၿပီး ဖြင့္ပြဲအခမ္းအနားသို႔ ရွမ္းျပည္နယ္အေရွ႕ပိုင္း ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ေအာင္ေဇာ္ေအး ႏွင့္  စစ္ဗ်ဴဟာအဖြဲ႔အေျခခ်(တာခ်ီလိတ္)မွ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေအးမင္းဦး၊ တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီဥကၠ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊႏွင့္ ဌာနဆိုင္ရာ တာဝန္ရိွသူမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာ့စီးပြားေရးဘဏ္ႏွင့္ ပုဂၢလိကဘဏ္မ်ားျဖစ္သည့္ KBZ၊ CB၊ AGD အျပင္ ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္၏ ျမဝတီဘဏ္ကိုလည္း ဖြင့္လွစ္ထားျခင္းျဖစ္သည္။

တပ္မေတာ္သည္ ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ႏွင့္ ျမန္မာ့စီးပြားေရး ေကာ္ပုိေရးရွင္းတို႔ ထူေထာင္ကာ ႏုိင္ငံတစ္၀န္း စီးပြားေရးလုပ္ငန္း အမ်ိဳးအစားေပါင္းမ်ားစြာကို ဦးေဆာင္လုပ္ကိုင္ေနျခင္းျဖစ္ၿပီး ျမန္မာ့စီးပြားေရး ေကာ္ပိုေရးရွင္း (MEC)က အင္းဝဘဏ္လီမိတက္အား ၁၉၉၇ ခုႏွစ္တြင္ ႏို၀င္ဘာလက စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

ျမန္မာ - ထိုင္း နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္  ယခု အသစ္ဖြင့္လွစ္လိုက္သည့္ အင္း၀ဘဏ္ခြဲ အပါအ၀င္ ျမန္မာ့စီးပြားေရးဘဏ္ခြဲ (၁)ခု၊ ျမဝတီဘဏ္ခြဲ (၁)ခု၊ ကေမၻာဇဘဏ္ခြဲ(၃)ခုႏွင့္ မီနီဘဏ္ (၄)ခု၊ စီဘီဘဏ္ခြဲ (၁)ခုႏွင့္ AGD Bank ခြဲ (၁)ခုႏွင့္ ဧရာဝတီဘဏ္ခြဲ (၁)ခုတို႔ ဖြင့္လွစ္ထားၿပီး  စီဘီဘဏ္ခြဲ (၁)ခုလည္း ၀ိန္းေက်ာက္ရပ္ကြက္တြင္ ထပ္မံဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇာႏွင္း
ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္


~~~~~~~~⊰❂ unicode ~~~~~~~~

တပ်မတော်၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက အင်းဝဘဏ်၏ ဘဏ်ခွဲကို မြန်မာ - ထိုင်းနယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ဘဏ်ခွဲအား တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှေ့ရှိ ယခင်က ယူနီဗာဆယ်ဘဏ် ဖွင့်လှစ်ခဲ့သည့် နေရာတွင် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး နှင့် စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္က ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များဖြစ်သည့် KBZ၊ CB၊ AGD အပြင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ မြဝတီဘဏ်ကိုလည်း ဖွင့်လှစ်ထားခြင်းဖြစ်သည်။

တပ်မတော်သည် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ ထူထောင်ကာ နိုင်ငံတစ်ဝန်း စီးပွားရေးလုပ်ငန်း အမျိုးအစားပေါင်းများစွာကို ဦးဆောင်လုပ်ကိုင်နခြေင်းဖြစ်ပြီး မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)က အင်းဝဘဏ်လီမိတက်အား ၁၉၉၇ ခုနှစ်တွင် နိုဝင်ဘာလက စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ယခု အသစ်ဖွင့်လှစ်လိုက်သည့် အင်းဝဘဏ်ခွဲ အပါအဝင် မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁)ခု၊ မြဝတီဘဏ်ခွဲ (၁)ခု၊ ကမ္ဘောဇဘဏ်ခွဲ(၃)ခုနှင့် မီနီဘဏ် (၄)ခု၊ စီဘီဘဏ်ခွဲ (၁)ခုနှင့် AGD Bank ခွဲ (၁)ခုနှင့် ဧရာဝတီဘဏ်ခွဲ (၁)ခုတို့ ဖွင့်လှစ်ထားပြီး စီဘီဘဏ်ခွဲ (၁)ခုလည်း ဝိန်းကျောက်ရပ်ကွက်တွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဇာနှင်း
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~