ႏုိင္ငံျခားသားခရီးသြား လည္ပတ္မႈမ်ားသည့္ သီေပါၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္အတြင္း ျပည္တြင္းဧည့္ အဝင္မ်ားလာ

ႏုိင္ငံျခားသားခရီးသြား လည္ပတ္မႈမ်ားသည့္ သီေပါၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္အတြင္း ျပည္တြင္းဧည့္ အဝင္မ်ားလာ
ဇန်နဝါရီ 10, 2018
By Tachileik News Agency

ႏိုင္ငံျခားသားခရီးသြားမ်ား သြားေရာက္လည္ပတ္မႈမ်ားသည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕တြင္ ၂၀၁၇ ခုႏွစ္အတြင္း ျပည္ပဧည့္ အဝင္နည္းေသာ္လည္း ျပည္တြင္းဧည့္သည္ ဝင္ေရာက္မႈမ်ားလာေၾကာင္း ေဒသတြင္း ခရီးသြားလုပ္ငန္းဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္သူမ်ားထံမွ သိရသည္။

“ႏွစ္တုိင္းလိုဆိုရင္ သီေပါက ႏုိင္ငံျခားသားဧည့္သည္ေတြပဲ အလာမ်ားတာ။ ဒီႏွစ္ကေတာ့ သတင္းေတြ (တုိက္ပြဲ သတင္းမ်ား)ေၾကာင့္လား မသိဘူး။ ႏုိင္ငံျခားသား အဝင္နည္းတယ္။ ႏုိင္ငံျခားဧည့္အဝင္နည္းေပမဲ့ ျပည္တြင္းဧည့္ေတြကေတာ့ သိသိသာသာကို တိုးလာၾကတယ္။ ျပည္တြင္းက ႏုိင္ငံျခားသားဧည့္သည္ထက္ ႏွစ္ဆ၊ သံုးဆေလာက္မ်ားတယ္”ဟု သီေပါဧည့္လမ္းညႊန္တစ္ဦးျဖစ္သည့္ အိုက္စိုင္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

သီေပါၿမိဳ႕သို႔ လာေရာက္လည္ပတ္သူမ်ားမွာ ခရီးသြားလုပ္ငန္းမ်ား၏ ခရီးစဥ္မ်ားအျပင္ အြန္လို္င္းမွ သတင္းအခ်က္မ်ားေၾကာင့္ မိမိတို႔အစီအစဥ္ျဖင့္ လာေရာက္လည္ပတ္သူလည္းမ်ားေၾကာင္း ေဒသတြင္း ဧည့္လမ္းညြန္မ်ားထံမွ သိရသည္။

“အရင္ကဆို ကၽြန္မတို႔ဟိုတယ္ေတြမွာ ႏုိင္ငံျခားသား ဧည့္သည္ေတြ ခရီးသြားရာသီဆို ျပည့္ေနၿပီ။ ၿပီးခဲ့တဲ့ တစ္ႏွစ္လံုးက မရိွသေလာက္ပဲ။ ဒါေပမဲ့ ျပည္တြင္းဧည့္သည္ေတြ ဝင္လာလို႔ မဆိုးပါဘူး။ ျပည္တြင္းကေတာ့ ေတာ္ေတာ္မ်ားတယ္။ အြန္လုိင္းကေန ဟိုတယ္ booking တင္တာလည္းမ်ားတယ္”ဟု သီေပါၿမိဳ႕ ေျမာက္ပိုင္းေျမဟိုတယ္မွ တာဝန္ရိွသူတစ္ဦးက ေျပာသည္။

သီေပါၿမိဳ႕၏ သမိုင္းဝင္ အထင္ကရတစ္ခုျဖစ္သည့္ သီေပါေစာ္ဘြားစဝ္ၾကာဆုိင္၏ ေဟာ္နန္းမွာ Twinlight Over Burma စာအုပ္ေၾကာင့္ ကမၻာတြင္လည္း ထင္ရွားခဲ့ကာ ယခင္က ႏိုင္ငံျခားသားမ်ား အထူး စိတ္ဝင္တစား လာေရာက္လည္ပတ္ၾကေသာ္လည္း ျပည္တြင္းမွ လာေရာက္ေလ့လာသူ မရိွသေလာက္ နည္းရာမွ ယခုႏွစ္အတြင္း ေလ့လာသူမ်ားျပားလာေၾကာင္း လက္ရိွတြင္ ေဟာ္နန္းအား ထိန္းသိမ္း ေစာင့္ေရွာက္ ေပးေနသည့္ ေစာ္ဘြားႀကီးစဝ္ၾကာဆိုင္၏ တူျဖစ္သူ၏ဇနီးျဖစ္သူ မိုင္းရယ္ေစာ္ဘြားႀကီး၏ သမီးေတာ္လည္းျဖစ္သူ စဝ္စံဖုန္းထံမွ သိရသည္။

“ေစာ္ဘြားႀကီးရဲ႕ ေဟာ္နန္းဟာ Twinlight Over Burma စာအုပ္ေၾကာင့္လည္း ကမၻာက စိတ္ဝင္စားတာ ပိုမ်ားခဲ့တယ္။ အရင္ကဆို ျပည္တြင္းကလူေတြက ဒီလိုလာၾကဖို႔ စိုးရိမ္ၾကတယ္။ သိပ္မလာၾကဘူး။ ႏုိင္ငံျခားသားေတြ လာေလ့လာတာေလာက္ပဲရိွတာ။ ဒီႏွစ္မွာေတာ့ ျပည္တြင္းက ေတာ္ေတာ္ေလး လာၿပီး ေလ့လာၾကပါတယ္”ဟု ေဟာ္နန္းအား ထိန္းသိမ္းေစာင့္ေရွာက္ ေပးေနသည့္ စဝ္စံဖုန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

သီေပါၿမိဳ႕သို႔ ရန္ကုန္မွသြားေရာက္ လည္ပတ္သူမ်ားအေနျဖင့္ မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕မွတစ္ဆင့္ ရထားစီး၍ ကမၻာေက်ာ္ ဂုတ္ထိပ္တံတားအား ျဖတ္သန္း သြားလာသည့္ လမ္းေၾကာင္းကို ေရြးခ်ယ္သူမ်ားေၾကာင္း သိရသည္။

သီေပါၿမိဳ႕တြင္ လည္ပတ္စရာမ်ားအျဖစ္ သီေပါေစာ္ဘြားစဝ္ၾကာဆုိင္၏ ေဟာ္နန္း၊ Little Bagan၊ ပေလာင္ရြာ၊ ဖာဖိတ္ေရတံခြန္၊ နမ့္ဖူးႏြဲ႕ေရတံခြန္၊ ေရပူစမ္း၊ ႏွီးဘုရား၊ Tree House၊ ေဘာ္ႀကိဳဘုရား၊ ေဘာ္ႀကိဳဆားတြင္း၊ ေဘာ္ႀကိဳအရက္ခ်က္လုပ္ငန္း၊ ဒုဌဝတီျမစ္ဆံု၊ ရွမ္းရြာ၊ လံုးယံုးႏွစ္တစ္ရာ ဘုန္းေတာ္ႀကီးေက်ာင္းစသည့္  လည္ပတ္စရာေနရာ (၂၀)နီးပါးရိွေၾကာင္း သိရသည္။

သတင္း - ခ်ယ္ရီထိုက္


~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံခြားသားခရီးသွားများ သွားရောက်လည်ပတ်မှုများသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် ၂၀၁၇ ခုနှစ်အတွင်း ပြည်ပဧည့် အဝင်နည်းသော်လည်း ပြည်တွင်းဧည့်သည် ဝင်ရောက်မှုများလာကြောင်း ဒေသတွင်း ခရီးသွားလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

“နှစ်တိုင်းလိုဆိုရင် သီပေါက နိုင်ငံခြားသားဧည့်သည်တွေပဲ အလာများတာ။ ဒီနှစ်ကတော့ သတင်းတွေ (တိုက်ပွဲ သတင်းများ)ကြောင့်လား မသိဘူး။ နိုင်ငံခြားသား အဝင်နည်းတယ်။ နိုင်ငံခြားဧည့်အဝင်နည်းပေမဲ့ ပြည်တွင်းဧည့်တွေကတော့ သိသိသာသာကို တိုးလာကြတယ်။ ပြည်တွင်းက နိုင်ငံခြားသားဧည့်သည်ထက် နှစ်ဆ၊ သုံးဆလောက်များတယ်”ဟု သီပေါဧည့်လမ်းညွှန်တစ်ဦးဖြစ်သည့် အိုက်စိုင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

သီပေါမြို့သို့ လာရောက်လည်ပတ်သူများမှာ ခရီးသွားလုပ်ငန်းများ၏ ခရီးစဉ်များအပြင် အွန်လို်င်းမှ သတင်းအချက်များကြောင့် မိမိတို့အစီအစဉ်ဖြင့် လာရောက်လည်ပတ်သူလည်းများကြောင်း ဒေသတွင်း ဧည့်လမ်းညွန်များထံမှ သိရသည်။

“အရင်ကဆို ကျွန်မတို့ဟိုတယ်တွေမှာ နိုင်ငံခြားသား ဧည့်သည်တွေ ခရီးသွားရာသီဆို ပြည့်နပြေီ။ ပြီးခဲ့တဲ့ တစ်နှစ်လုံးက မရှိသလောက်ပဲ။ ဒါပေမဲ့ ပြည်တွင်းဧည့်သည်တွေ ဝင်လာလို့ မဆိုးပါဘူး။ ပြည်တွင်းကတော့ တော်တော်များတယ်။ အွန်လိုင်းကနေ ဟိုတယ် booking တင်တာလည်းများတယ်”ဟု သီပေါမြို့ မြောက်ပိုင်းမြေဟိုတယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သီပေါမြို့၏ သမိုင်းဝင် အထင်ကရတစ်ခုဖြစ်သည့် သီပေါစော်ဘွားစဝ်ကြာဆိုင်၏ ဟော်နန်းမှာ Twinlight Over Burma စာအုပ်ကြောင့် ကမ္ဘာတွင်လည်း ထင်ရှားခဲ့ကာ ယခင်က နိုင်ငံခြားသားများ အထူး စိတ်ဝင်တစား လာရောက်လည်ပတ်ကြသော်လည်း ပြည်တွင်းမှ လာရောက်လေ့လာသူ မရှိသလောက် နည်းရာမှ ယခုနှစ်အတွင်း လေ့လာသူများပြားလာကြောင်း လက်ရှိတွင် ဟော်နန်းအား ထိန်းသိမ်း စောင့်ရှောက် ပေးနေသည့် စော်ဘွားကြီးစဝ်ကြာဆိုင်၏ တူဖြစ်သူ၏ဇနီးဖြစ်သူ မိုင်းရယ်စော်ဘွားကြီး၏ သမီးတော်လည်းဖြစ်သူ စဝ်စံဖုန်းထံမှ သိရသည်။

“စော်ဘွားကြီးရဲ့ ဟော်နန်းဟာ Twinlight Over Burma စာအုပ်ကြောင့်လည်း ကမ္ဘာက စိတ်ဝင်စားတာ ပိုများခဲ့တယ်။ အရင်ကဆို ပြည်တွင်းကလူတွေက ဒီလိုလာကြဖို့ စိုးရိမ်ကြတယ်။ သိပ်မလာကြဘူး။ နိုင်ငံခြားသားတွေ လာလေ့လာတာလောက်ပဲရှိတာ။ ဒီနှစ်မှာတော့ ပြည်တွင်းက တော်တော်လေး လာပြီး လေ့လာကြပါတယ်”ဟု ဟော်နန်းအား ထိန်းသိမ်းစောင့်ရှောက် ပေးနေသည့် စဝ်စံဖုန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

သီပေါမြို့သို့ ရန်ကုန်မှသွားရောက် လည်ပတ်သူများအနဖြေင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှတစ်ဆင့် ရထားစီး၍ ကမ္ဘာကျော် ဂုတ်ထိပ်တံတားအား ဖြတ်သန်း သွားလာသည့် လမ်းကြောင်းကို ရွေးချယ်သူများကြောင်း သိရသည်။

သီပေါမြို့တွင် လည်ပတ်စရာများအဖြစ် သီပေါစော်ဘွားစဝ်ကြာဆိုင်၏ ဟော်နန်း၊ Little Bagan၊ ပလောင်ရွာ၊ ဖာဖိတ်ရေတံခွန်၊ နမ့်ဖူးနွဲ့ရေတံခွန်၊ ရေပူစမ်း၊ နှီးဘုရား၊ Tree House၊ ဘော်ကြိုဘုရား၊ ဘော်ကြိုဆားတွင်း၊ ဘော်ကြိုအရက်ချက်လုပ်ငန်း၊ ဒုဌဝတီမြစ်ဆုံ၊ ရှမ်းရွာ၊ လုံးယုံးနှစ်တစ်ရာ ဘုန်းတော်ကြီးကျောင်းစသည့် လည်ပတ်စရာနေရာ (၂၀)နီးပါးရှိကြောင်း သိရသည်။

သတင်း - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~