တာချီလိတ်မြို့ မယ်ယန်းဈေးအနီးတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

တာချီလိတ်မြို့ မယ်ယန်းဈေးအနီးတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
ဇနျနဝါရီ 10, 2018
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းဈေးလမ်းဘေးတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အသက်(၄၄)နှစ်ဝန်းကျင်ရှိ ဘစ်စနူးပရာဆပ်သည် မယ်ယန်းဈေးလမ်းဘေးရှိ နေအိမ် လက်ဖက်ရည်ဆိုင်တွင် ကြိုးဆွဲချသေဆုံးခြင်း ဖြစ်ကြောင်းနှင့် မည်သည့်ကိစ္စကြောင့် ဖြစ်နိုင်ကြောင်းကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက ကူညီ၍ ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကာ နာရေးကိစ္စများအား တာချီလိတ် ဂေါရခါးလူမှုကူညီရေးအသင်းမှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~