ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် မန္တလေးမြို့ရှိ ရွှေမန်းတောင်ဂေါက်ကွင်းတွင် ရန်ပုံငွေစုပေါင်း လှူဒါန်းပွဲ ပြုလုပ်မည်

ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် မန္တလေးမြို့ရှိ ရွှေမန်းတောင်ဂေါက်ကွင်းတွင် ရန်ပုံငွေစုပေါင်း လှူဒါန်းပွဲ ပြုလုပ်မည်
ဇနျနဝါရီ 30, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေး စက်ဘီးစီးအဖွဲ့အား ဇန်နဝါရီလ (၃၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် မန္တလေးမြို့ရှိ ရွှေမန်းတောင် ဂေါက်ကွင်း၌ မန္တလေးမှ အလှူရှင်များ စုပေါင်း၍ ရန်ပုံငွေ ပေးအပ်ပွဲပြုလုပ်မည်ဖြစ်ရာ စေတနာရှင်မည်သူမဆို ပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။


တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )၊ တာလေမှ ကိုစိုင်းခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးချူးစိန်၊ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့ စုစုပေါင်း (၇)ဦးမှ ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေး စက်ဘီးစီးနင်းနိုင်ရန်အတွက် ခရီးစဉ်တစ်လျှောက် အထွေထွေကုန်ကျစရိတ်များကို တာချီလိတ်မြို့ Johnny Fitness Center၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီ နှင့် ပျံလွှား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဦးစိုင်းရောဘတ်ရီ တို့ မောင်နှမတစ်စုက ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ခရီးစဉ်တစ်လျှောက် အခြေအနေများနှင့် ရန်ပုံငွေရရှိမှုအား အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေးအတွက် မီဒီယာပံ့ပိုးမှုအဖြစ် Tachileik News Agency က ပူးပေါင်း ကူညီပေးထားခြင်းဖြစ်သည်။



လမ်းခရီးတစ်လျှောက် ရရှိသည့် အလှူငွေများကို ရွှေတြိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး (ဆေးဖြတ်စခန်း) အတွက်သာ အသုံးပြုသွားမည်ဖြစ်ရာ ရန်ပုံငွေရှာဖွေရေးတွင် ပူးပေါင်း ပါဝင်သည့် အနေဖြင့် ရန်ပုံငွေဘဏ်စာရင်းများတွင် ထည့်သွင်းလှူဒါန်းနိုင်ကြောင်း သိရသည်။


Bank Name: CB Bank


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေး စက်ဘီးစီးအဖွဲ့အား ဇန်နဝါရီလ (၃၁)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် မန္တလေးမြို့ရှိ ရွှေမန်းတောင် ဂေါက်ကွင်း၌ မန္တလေးမှ အလှူရှင်များ စုပေါင်း၍ ရန်ပုံငွေ ပေးအပ်ပွဲပြုလုပ်မည်ဖြစ်ရာ စေတနာရှင်မည်သူမဆို ပါဝင် လှူဒါန်းနိုင်ကြောင်း သိရသည်။

"မန္တလေးရောက်ရင် (၃၁)ရက်နေ့မှာ တစ်ရက်နားမှာဆိုတော့ မန္တလေးမှာ စေတနာရှင်များလည်း ပါဝင် လှူဒါန်းနိုင်ရန်အတွက် ရွှေမန်းတောင်ဂေါက်ကွင်းမှာ နံနက်(၉)နာရီအချိန်မှာ အလှူငွေပေးအပ်ပွဲပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ မန္တလေးမှာ တစ်ရက် နားချိန်အတွင်း သွားလည်နိုင်ရန် အတွက်လည်း စီစဉ် ပေးထားပါတယ်၊ အဲ့ဒါပြီးရင် နောက်ရက်မှာတော့ မန္တလေးကနေ ကချင်ပြည်နယ်အထိ သတ်မှတ် ခရီးစဉ်များအတိုင်း ဆက်သွားကြမှာပါ"ဟု အဆိုပါ ခရီးစဉ်တွင် လမ်းခရီးတစ်လျှောက် ကုန်ကျမှုများ အတွက် ပံ့ပိုးပေးသည့် လုပ်ငန်းရှင်များထဲက Johnny Fitness Center၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီက ပြောသည်။

တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )၊ တာလေမှ ကိုစိုင်းခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးချူးစိန်၊ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့ စုစုပေါင်း (၇)ဦးမှ ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေး စက်ဘီးစီးနင်းနိုင်ရန်အတွက် ခရီးစဉ်တစ်လျှောက် အထွေထွေကုန်ကျစရိတ်များကို တာချီလိတ်မြို့ Johnny Fitness Center၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီ နှင့် ပျံလွှား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဦးစိုင်းရောဘတ်ရီ တို့ မောင်နှမတစ်စုက ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ခရီးစဉ်တစ်လျှောက် အခြေအနေများနှင့် ရန်ပုံငွေရရှိမှုအား အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေးအတွက် မီဒီယာပံ့ပိုးမှုအဖြစ် Tachileik News Agency က ပူးပေါင်း ကူညီပေးထားခြင်းဖြစ်သည်။

အဆိုပါ စက်ဘီးစီးအဖွဲ့သည် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့က တာချီလိတ်မှ တဆင့် စတင်၍ စက်ဘီးများ စီးနင်းကာ ထွက်ခွာလာရာ ဇန်နဝါရီလ(၂၉)ရက်နေ့ ညပိုင်းက ပြင်ဦးလွင်သို့ ရောက်ရှိပြီး ဇန်နဝါရီလ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မှ မန္တလေးသို့ တစ်နေ့တာခရီး အရောက်သွားမည်ဖြစ်ပြီး ဇန်နဝါရီလ (၃၁)ရက်နေ့တွင် မန္တလေး၌ တစ်ရက်တာနားကာ ကချင်ပြည်နယ်သို့ ဆက်လက် ထွက်ခွာရန်အတွက် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် မန္တလေးမှ တဆင့် သတ်မှတ်ခရီးစဉ်များအတိုင်း ဆက်လက်၍ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ စက်ဘီးသမား(၇)ဦးက ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှစ၍ ကချင်ပြည်နယ်၊ ပူတာအို အထိ မိုင်ရှည်ခရီး စက်ဘီးစီးနင်းမှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့က စတင်လာရာ ဇန်နဝါရီလ(၂၉)ရက်နေ့ ညပိုင်း ပြင်ဦးလွင်မြို့အရောက်တွင် အလှူငွေ စုစုပေါင်း ကျပ်(၆၆၆၄၀၀၀)ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

လမ်းခရီးတစ်လျှောက် ရရှိသည့် အလှူငွေများကို ရွှတြေိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး (ဆေးဖြတ်စခန်း) အတွက်သာ အသုံးပြုသွားမည်ဖြစ်ရာ ရန်ပုံငွေရှာဖွေရေးတွင် ပူးပေါင်း ပါဝင်သည့် အနဖြေင့် ရန်ပုံငွေဘဏ်စာရင်းများတွင် ထည့်သွင်းလှူဒါန်းနိုင်ကြောင်း သိရသည်။

ဆက်သွယ်နိုင်ရန် - ဖုန်းနံပါတ် - 09442624461
Bank Name: KBZ Bank ( KBZ TCL 1 )
Account No: 00630299906101102

Bank Name: CB Bank
Account No: 2023600500020966

Bank Name: AYA Bank ( ဧရာဝတီဘဏ် - တာချီလိတ် )
Account No: 0017202010038743

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~