အတုဟုယူဆရသည့် ကြက်ဥနှင့် ခေါက်ဆွဲများကို နေပြည်တော်တွင် ဓါတ်ခွဲစစ်ဆေးနေဆဲ

အတုဟုယူဆရသည့် ကြက်ဥနှင့် ခေါက်ဆွဲများကို နေပြည်တော်တွင် ဓါတ်ခွဲစစ်ဆေးနေဆဲ
ဇန်နဝါရီ 25, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်အတွင်းရှိ ရေပူစစ်ဆေးရေးဂိတ်နှင့် လားရှိုးမြို့မဈေးတို့မှ စစ်ဆေး တွေ့ရှိထားသည့် အတုဟု ယူဆရသည့် ကြက်ဥနှင့် ခေါက်ဆွဲနမူနာများအား နေပြည်တော် ဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးဆဲဖြစ်ကြောင်း ဇန်နဝါရီလ (၂၅)ရက်နေ့က သိရသည်။

“ရေပူက မိထားတာတွေနဲ့ လားရှိုးမြို့မဈေးမှာ စစ်ဆေးတွေ့ရှိရတဲ့ ကြက်ဥ၊ ခေါက်ဆွဲ နမူနာတွေကို လားရှိုး FDA ( အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန)ကို ပို့ထားတယ်။ အဲဒီကနေတစ်ဆင့် နေပြည်တော်ကို ပြန်ပို့ပြီး စစ်ဆေးနေတယ်။ နေပြည်တော်မှာ ကျတော့ တစ်နိုင်ငံလုံးက ပို့လာတဲ့ အဲဒီလို နမူနာတွေများတဲ့ အတွက် စမ်းသပ်စစ်ဆေးတဲ့အပိုင်းက နည်းနည်းကြာပါတယ်။ အနည်းဆုံး တစ်လလောက်ကြာမှ အဖြေသိရမယ်လို့ သိရတယ်”ဟု လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်း က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကြက်ဥနှင့် ခေါက်ဆွဲအတုယူ ဆရသည်များကို ဇန်နဝါရီလ (၆) ရက်နေ့က မူဆယ်မှ ရန်ကုန်သို့ တင်ပို့ရန် ခရီးသည်တင် ကားတစ်စီးပေါ်တွင် တင်ဆောင်လာသည်ကို သိန်းနီမြို့ ရေပူစစ်ဆေးရေး စခန်းတွင် သိမ်းဆည်းရမိခဲ့ပြီးနောက် လားရှိုးမြို့မဈေးအတွင်း စစ်ဆေးရာ ထပ်မံတွေ့ရှိရသဖြင့် နမူနာများအား ဓါတ်ခွဲစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ရွေ့လျားဓါတ်ခွဲခန်း ( Mobile Lab ) နဲ့ လာပြီးစစ်ဆေးတာတော့ မရှိသေးဘူး။ တစ်လောက မိထားတာ တွေကိုလည်း လားရှိုးက FDA ကိုလွှဲပေးထားပါတယ်။ စစ်ဆေးချက်အဖြေကတော့ အခုထိ မရသေးဘူး။ အဲဒီနောက်ပိုင်း စားသောက်ကုန်အတု ထပ်မိထားတာတော့ မရှိသေးပါဘူ” ဟု သိန်းနီမြို့ နယ်ရှိ ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝေသော်က တာချီလိတ် သတင်းအေဂျင်စီ သို့ ပြောသည်။

လားရှိုးမြို့နယ်အတွင်းရှိ မြို့မဈေးအပါအဝင် ဈေးများအားလုံးတွင် ရောင်းချနေသည့် ကုန်စည်များ တွင် ရက်လွန် အစားအစာများ၊ စားသုံးရန်မသင့်သည့် အစားအစာများကို ရောင်းချခြင်းရှိ၊ မရှိကို နှစ်ပတ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးသွားမည်ဖြစ်ပြီး သတင်းပေးတိုင်ကြားမှုများရှိလာပါက ရုတ်တရက် ဝင်ရောက်စစ်ဆေးမှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လားရှိုးမြို့ စားသုံးသူရေးရာဌာနမှ သိရှိရသည်။

သတင်း #နေဖြိုးမြင့်




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့နယ်အတွင်းရှိ ရေပူစစ်ဆေးရေးဂိတ်နှင့် လားရှိုးမြို့မဈေးတို့မှ စစ်ဆေး တွေ့ရှိထားသည့် အတုဟု ယူဆရသည့် ကြက်ဥနှင့် ခေါက်ဆွဲနမူနာများအား နေပြည်တော် ဓါတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးဆဲဖြစ်ကြောင်း ဇန်နဝါရီလ (၂၅)ရက်နေ့က သိရသည်။

“ရေပူက မိထားတာတွေနဲ့ လားရှိုးမြို့မဈေးမှာ စစ်ဆေးတွေ့ရှိရတဲ့ ကြက်ဥ၊ ခေါက်ဆွဲ နမူနာတွေကို လားရှိုး FDA ( အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန)ကို ပို့ထားတယ်။ အဲဒီကနေတစ်ဆင့် နေပြည်တော်ကို ပြန်ပို့ပြီး စစ်ဆေးနေတယ်။ နေပြည်တော်မှာ ကျတော့ တစ်နိုင်ငံလုံးက ပို့လာတဲ့ အဲဒီလို နမူနာတွေများတဲ့ အတွက် စမ်းသပ်စစ်ဆေးတဲ့အပိုင်းက နည်းနည်းကြာပါတယ်။ အနည်းဆုံး တစ်လလောက်ကြာမှ အဖြေသိရမယ်လို့ သိရတယ်”ဟု လားရှိုးမြို့ စားသုံးသူရေးရာဦးစီးဌာန မှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်း က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကြက်ဥနှင့် ခေါက်ဆွဲအတုယူ ဆရသည်များကို ဇန်နဝါရီလ (၆) ရက်နေ့က မူဆယ်မှ ရန်ကုန်သို့ တင်ပို့ရန် ခရီးသည်တင် ကားတစ်စီးပေါ်တွင် တင်ဆောင်လာသည်ကို သိန်းနီမြို့ ရေပူစစ်ဆေးရေး စခန်းတွင် သိမ်းဆည်းရမိခဲ့ပြီးနောက် လားရှိုးမြို့မဈေးအတွင်း စစ်ဆေးရာ ထပ်မံတွေ့ရှိရသဖြင့် နမူနာများအား ဓါတ်ခွဲစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ရွေ့လျားဓါတ်ခွဲခန်း ( Mobile Lab ) နဲ့ လာပြီးစစ်ဆေးတာတော့ မရှိသေးဘူး။ တစ်လောက မိထားတာ တွေကိုလည်း လားရှိုးက FDA ကိုလွှဲပေးထားပါတယ်။ စစ်ဆေးချက်အဖြေကတော့ အခုထိ မရသေးဘူး။ အဲဒီနောက်ပိုင်း စားသောက်ကုန်အတု ထပ်မိထားတာတော့ မရှိသေးပါဘူ” ဟု သိန်းနီမြို့ နယ်ရှိ ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝေသော်က တာချီလိတ် သတင်းအေဂျင်စီ သို့ ပြောသည်။

လားရှိုးမြို့နယ်အတွင်းရှိ မြို့မဈေးအပါအဝင် ဈေးများအားလုံးတွင် ရောင်းချနေသည့် ကုန်စည်များ တွင် ရက်လွန် အစားအစာများ၊ စားသုံးရန်မသင့်သည့် အစားအစာများကို ရောင်းချခြင်းရှိ၊ မရှိကို နှစ်ပတ်လျှင် တစ်ကြိမ် ပုံမှန်စစ်ဆေးသွားမည်ဖြစ်ပြီး သတင်းပေးတိုင်ကြားမှုများရှိလာပါက ရုတ်တရက် ဝင်ရောက်စစ်ဆေးမှုများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လားရှိုးမြို့ စားသုံးသူရေးရာဌာနမှ သိရှိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~