တာခ်ီလိတ္ခရိုင္အတြင္း မိုင္းကိုးေဆးျဖတ္စခန္း အပါအ၀င္ ကာနရြာႏွင့္ ဒြန္းႏြဲ႕ရြာမ်ားတြင္ မူးယစ္ေဆးအႏၱရာယ္ အသိပညာေပး

တာခ်ီလိတ္ခရိုင္အတြင္း မိုင္းကိုးေဆးျဖတ္စခန္း အပါအ၀င္ ကာနရြာႏွင့္ ဒြန္းႏြဲ႕ရြာမ်ားတြင္ မူးယစ္ေဆးအႏၱရာယ္ အသိပညာေပး
ဇန်နဝါရီ 28, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္း မုိင္းယုၿမိဳ႕ ဒြန္းႏြဲ႕ေက်းရြာ၊ တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးအုပ္စုရိွ ရန္ကုန္ရြာ ေဆးျဖတ္စခန္းနွင့္ မုိင္းဟဲအုပ္စု ကာနရြာမ်ားတြင္ ဇန္နဝါရီလ (၂၈)ရက္ေန႔က မူးယစ္ေဆးဝါးအႏၱရာယ္ အသိပညာေပးေဟာေျပာပြဲမ်ား လုပ္ေဆာင္ေၾကာင္း မူးယစ္တပ္ဖြဲ႕စု (၃၀)ထံမွ သိရသည္။

မိုင္းယုၿမိဳ႕ ဒြန္းႏြဲ႕ေက်းရြာမွ ေဒသခံ (၆၅)ဦးအား မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္ေအာင္သူမိုးက မူးယစ္ေဆးဝါးအႏၱရာယ္ ဆိုးက်ိဳးမ်ား၊ ျပစ္မႈျပစ္ဒဏ္မ်ားနွင့္မူးယစ္ေဆးဝါးေရာင္းဝယ္/သုံးစြဲျခင္းမ်ားေၾကာင့္ ခံစားရသည့္ ဆိုးက်ိဳးရလဒ္မ်ားကို ေဟာေျပာခဲ့ေၾကာင္း သိရသည္။

ရန္ကုန္ရြာေဆးျဖတ္စခန္းမွ ေဆးျဖတ္လူနာ (၆၅)ဦးအား   မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ဒုတပ္ဖြဲ႔စုမွဴး ဒုတိယရဲမွဴးသက္ေမာင္က မူးယစ္ေဆးဝါး ဆိုးက်ိဳးအႏၱရာယ္မ်ားနွင့္ ပတ္သက္၍ လည္းေကာင္း၊ တာခ်ီလိတ္ခရိုင္ မူးယစ္ေဆးဝါးဆန္႔က်င္ေရးအသင္း (MANA) ဥကၠဌ ဦးသိန္းဝင္းက မူးယစ္ေဆးဝါး ေပၚေပါက္လာပုံ သမိုင္းေၾကာင္းနွင့္ လူငယ္နွင့္ မူးယစ္ေဆးဝါးအႏၱရာယ္အေၾကာင္းကို လည္းေကာင္း၊ တာခ်ီလိတ္ခရိုင္ကုသေရးဦးစီးဌာနမွ ေဒါက္တာ နန္းမိုးမိုးဟြမ္က မူးယစ္ေဆးဝါးသုံးစြဲျခင္းေၾကာင့္ ခုခံအား က်ဆင္းမႈ ေရာဂါနွင့္ ကာလသားေရာဂါျဖစ္ေပၚႏိုင္သည့္အေျခအေနမ်ားကို လည္းေကာင္း ေဆြးေႏြး ေဟာေျပာျခင္း၊ ေဆးစစ္ျခင္းမ်ားကို ေဆာင္ရြက္ခဲ့ေပးခဲ့ေၾကာင္းသိရသည္။

မိုင္းဟဲအုပ္စု၊ ကာန ေက်းရြာမွ စုစုေပါင္းလူဦးေရ (၁၅၀)ခန္႔အား  မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္ေက်ာ္စြာထြန္း က  မူးယစ္ေဆးဝါးဆိုးက်ိဳးအနၲရာယ္မ်ား၊ ျပစ္မႈျပစ္ဒဏ္မ်ားနွင့္ ပတ္သက္၍ လည္းေကာင္း၊ အမွတ္ (၁၁၇)ယာဥ္ထိိန္းတပ္ဖြဲ႕စု(တာခ်ီလိတ္)မွ ဒုရဲအုပ္ ေဇာ္မ်ိဳးသန္႔က ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းမ်ားနွင့္ ပတ္သက္၍လည္းေကာင္း ေဆြးေႏြးေဟာေျပာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - တာခ်ီလိတ္မူးယစ္




 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း မိုင်းယုမြို့ ဒွန်းနွဲ့ကျေးရွာ၊ တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စုရှိ ရန်ကုန်ရွာ ဆေးဖြတ်စခန်းနှင့် မိုင်းဟဲအုပ်စု ကာနရွာများတွင် ဇန်နဝါရီလ (၂၈)ရက်နေ့က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲများ လုပ်ဆောင်ကြောင်း မူးယစ်တပ်ဖွဲ့စု (၃၀)ထံမှ သိရသည်။

မိုင်းယုမြို့ ဒွန်းနွဲ့ကျေးရွာမှ ဒေသခံ (၆၅)ဦးအား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်အောင်သူမိုးက မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များနှင့်မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲခြင်းများကြောင့် ခံစားရသည့် ဆိုးကျိုးရလဒ်များကို ဟောပြောခဲ့ကြောင်း သိရသည်။

ရန်ကုန်ရွာဆေးဖြတ်စခန်းမှ ဆေးဖြတ်လူနာ (၆၅)ဦးအား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးသက်မောင်က မူးယစ်ဆေးဝါး ဆိုးကျိုးအန္တရာယ်များနှင့် ပတ်သက်၍ လည်းကောင်း၊ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဌ ဦးသိန်းဝင်းက မူးယစ်ဆေးဝါး ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းကို လည်းကောင်း၊ တာချီလိတ်ခရိုင်ကုသရေးဦးစီးဌာနမှ ဒေါက်တာ နန်းမိုးမိုးဟွမ်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခုခံအား ကျဆင်းမှု ရောဂါနှင့် ကာလသားရောဂါဖြစ်ပေါ်နိုင်သည့်အခြေအနေများကို လည်းကောင်း ဆွေးနွေး ဟောပြောခြင်း၊ ဆေးစစ်ခြင်းများကို ဆောင်ရွက်ခဲ့ပေးခဲ့ကြောင်းသိရသည်။

မိုင်းဟဲအုပ်စု၊ ကာန ကျေးရွာမှ စုစုပေါင်းလူဦးရေ (၁၅၀)ခန့်အား မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်ကျော်စွာထွန်း က မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ လည်းကောင်း၊ အမှတ် (၁၁၇)ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲအုပ် ဇော်မျိုးသန့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးဟောပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်မူးယစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~