တာခ်ီလိတ္ၿမိဳ႕ ေဟြရဲေက်းရြာရွိ ၿမိဳ႕ေရွာင္လမ္းတြင္ လူငယ္တစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ေဟြရဲေက်းရြာရွိ ၿမိဳ႕ေရွာင္လမ္းတြင္ လူငယ္တစ္ဦးထံက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
ဇန်နဝါရီ 9, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ေဟြရဲေက်းရြာရွိ ၿမိဳ႕ေရွာင္လမ္းတြင္ လူငယ္တစ္ဦးထံက စိတ္ၾကြေဆးျပားမ်ားကို ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၉)ရက္ေန႔ ညေန(၅)နာရီခြဲ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ တပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္းအဖြ႔ဲတို႔သည္ တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ေဟြရဲေက်းရြာရွိ ၿမိဳ႕ေရွာင္လမ္းမွတဆင့္ ၀မ္မိုင္(ေက်ာက္ေတာင္)သို႔ သြားသည့္ ေတာလမ္းအနီးတြင္ ပိတ္ဆို႔ရွာေဖြ စစ္ေဆးမႈမ်ား ျပဳလုပ္စသ္ မိုင္းဆတ္ဘက္မွ အသက္(၁၈)ႏွစ္အရြယ္ အိုက္ဖစ္(ခ)အာခါေလး ေမာင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးသိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔က ၎ထံ ရွာေဖြစစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္  Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၂၀၀)ျပားအား ေတြ႔ရွိရ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၆/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာရှိ မြို့ရှောင်လမ်းတွင် လူငယ်တစ်ဦးထံက စိတ်ကြွဆေးပြားများကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာရှိ မြို့ရှောင်လမ်းမှတဆင့် ဝမ်မိုင်(ကျောက်တောင်)သို့ သွားသည့် တောလမ်းအနီးတွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်စသ် မိုင်းဆတ်ဘက်မှ အသက်(၁၈)နှစ်အရွယ် အိုက်ဖစ်(ခ)အာခါလေး မောင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့က၎င်းထံ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာတွင် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၂၀၀)ပြားအား တွေ့ရှိရ၍ တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~