
ဇနျနဝါရီ 24, 2018
By 🌸
မှုခင်းဖြစ်ပွားပြီး သုံးရက်နှင့် (၆)နာရီအတွင်း ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ပြစ်မှုကျူးလွန်သည့် အငှားယာဉ်မောင်းအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အထူးအမှုစစ်အဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့က ရန်ကုန်မြို့ မင်္ဂလာဈေး၊ ယုဇနပလာဇာ၌ သက်သေခံပစ္စည်း SAMSUNG လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် အငှားယာဉ်မောင်းဖြစ်သူ အသက် (၂၇)နှစ်အရွယ် မျိုးဇော်ဦး၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ (၂၀)ရက်နေ့ ည (၇) နာရီ (၄၀) မိနစ်ဝန်းကျင်တွင် လှည်းတန်းလမ်းဆုံအနီး အင်းစိန်လမ်းမပေါ်၌ အမျိုးသမီးတစ်ဦးက ဒဂုံမြို့နယ်ရှိ နေအိမ်သို့ ပြန်ရန်အတွက် ၎င်း၏ကားအား ငှားရမ်းခဲ့ပြီး ကားပေါ်၌စီးနင်း လိုက်ပါခဲ့စဉ် ကားငှားရမ်းခနှင့်ပတ်သက်၍ ဈေးဆစ်ရာမှ စကားများခဲ့သဖြင့် အမျိုးသမီး၏ လည်ပင်းအား ညှစ်ရာ သတိလစ်သွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ အမျိုးသမီး၏အလောင်းအား ဇန်နဝါရီလ (၂၁)ရက်နေ့ နံနက် (၇)နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)တိုးချဲ့ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်းမပေါ် ငမိုးရိပ်ချောင်းလက်တက် ချောင်းကူးတံတား ဘေးရှိ သစ်ပင်အောက်တွင် သတင်း အရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူအား စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်း၏ဖခင်ဖြစ်သူက လူပျောက်တိုင်ကြားထားသည့် ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်တွင် နေထိုင်ပြီး နေပြည်တော်၌ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန(FDA)တွင် ဒုတိယ ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အသက် (၂၅)နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှုမှ တရားခံဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက အထူး အမှုစစ်အဖွဲ့ ဖွဲ့စည်းစစ်ဆေးဖော်ထုတ်ခဲ့ရာ အဆိုပါအမျိုးသမီး မသေဆုံးမီ သွားလာသော နေရာများရှိ CCTV မှတ်တမ်းများ၊ ပြည်သူလူထု၏ သတင်းပေးပို့ချက်များ၊ အထူးအမှုစစ်အဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၏ကွင်းဆက် စုံစမ်းစစ်ဆေးဖော်ထုတ်ချက်များအရ ပြစ်မှုကျုးလွန်သူ TAXI ယာဉ်မောင်း မျိုးဇော်ဦးအား ဇန်နဝါရီလ (၂၄)ရက်နေ့ မွန်းလွဲ နှစ်နာရီအချိန် မင်္ဂလာဈေး၊ ယုဇနပလာဇာ၌ သက်သေခံပစ္စည်း SAMSUNG လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရန်ကုန်မြို့တွင် အငှားယာဉ်စီးအမျိုးသမီးအား အဓမ္မပြုကျင့် သတ်ပစ်ခဲ့သည့် အငှားယာဉ်မောင်းအား သုံးရက်နှင့် ခြောက်နာရီအတွင်း ဖေါ်ထုတ်ဖမ်းဆီး
************
နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန၊ (FDA)မှ ဒုတိယ ကြီးကြပ်ရေးမှူးအမျိုးသမီးအား ဇန်နဝါရီလ (၂၀)ရက်နေ့က ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှ ဒဂုံမြို့နယ်ရှိ နေအိမ်သို့ အငှားကားဖြင့်ပြန်လာစဉ် အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ဖမ်းဆီးရမိသည့် အငှားယာဉ်မောင်းက ထွက်ဆိုကြောင်း သိရသည်။
မှုခင်းဖြစ်ပွားပြီး သုံးရက်နှင့် (၆)နာရီအတွင်း ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ပြစ်မှုကျူးလွန်သည့် အငှားယာဉ်မောင်းအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အထူးအမှုစစ်အဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့က ရန်ကုန်မြို့ မင်္ဂလာစျေး၊ ယုဇနပလာဇာ၌ သက်သေခံပစ္စည်း SAMSUNG လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် အငှားယာဉ်မောင်းဖြစ်သူ အသက် (၂၇)နှစ်အရွယ် မျိုးဇော်ဦး၏ ထွက်ဆိုချက်အရ ဇန်နဝါရီလ (၂၀)ရက်နေ့ ည (၇) နာရီ (၄၀) မိနစ်ဝန်းကျင်တွင် လှည်းတန်းလမ်းဆုံအနီး အင်းစိန်လမ်းမပေါ်၌ အမျိုးသမီးတစ်ဦးက ဒဂုံမြို့နယ်ရှိ နေအိမ်သို့ ပြန်ရန်အတွက် ၎င်း၏ကားအား ငှားရမ်းခဲ့ပြီး ကားပေါ်၌စီးနင်း လိုက်ပါခဲ့စဉ် ကားငှားရမ်းခနှင့်ပတ်သက်၍ စျေးဆစ်ရာမှ စကားများခဲ့သဖြင့် အမျိုးသမီး၏ လည်ပင်းအား ညှစ်ရာ သတိလစ်သွားခဲ့သည်ဟု ဆိုသည်။
အဆိုပါအမျိုးသမီးအား ၎င်းနေထိုင်ရာ ဒဂုံမြို့သစ် (မြောက်ပိုင်း)သို့ ခေါ်ဆောင်သွားခဲ့ပြီး လမ်းဘေး အမှောင်အရိပ်တွင် အမျိုးသမီး၏ လည်ပင်းအား ကားပေါ်တွင် အသင့်ပါလာသည့် ဝက်အူလှည့်ဖြင့် တစ်ချက်ထိုးခဲ့ကာ မသေဆုံမီ သားမယားအဖြစ်ပြုကျင့်ခဲ့ပြီးနောက် အလောင်းအား ငမိုးရိပ်ချောင်း လက်တက် ချောင်းကူးတံတားဘေးရှိ သစ်ပင်အောက်တွင် စွန့်ပစ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ဆိုသည်။
အဆိုပါ အမျိုးသမီး၏အလောင်းအား ဇန်နဝါရီလ (၂၁)ရက်နေ့ နံနက် (၇)နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)တိုးချဲ့ရပ်ကွက်၊ ငါးမာန်အောင်ဘုရားလမ်းမပေါ် ငမိုးရိပ်ချောင်းလက်တက် ချောင်းကူးတံတား ဘေးရှိ သစ်ပင်အောက်တွင် သတင်း အရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူအား စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်း၏ဖခင်ဖြစ်သူက လူပျောက်တိုင်ကြားထားသည့် ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက်တွင် နေထိုင်ပြီး နေပြည်တော်၌ အစားအသောက်နှင့် ဆေးဝါးဦးစီးဌာန(FDA)တွင် ဒုတိယ ကြီးကြပ်ရေးမှှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အသက် (၂၅)နှစ်အရွယ် အမျိုးသမီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမှုမှ တရားခံဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက အထူး အမှုစစ်အဖွဲ့ ဖွဲ့စည်းစစ်ဆေးဖော်ထုတ်ခဲ့ရာ အဆိုပါအမျိုးသမီး မသေဆုံးမီ သွားလာသော နေရာများရှိ CCTV မှတ်တမ်းများ၊ ပြည်သူလူထု၏ သတင်းပေးပို့ချက်များ၊ အထူးအမှုစစ်အဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၏ကွင်းဆက် စုံစမ်းစစ်ဆေးဖော်ထုတ်ချက်များအရ ပြစ်မှုကျုးလွန်သူ TAXI ယာဉ်မောင်း မျိုးဇော်ဦးအား ဇန်နဝါရီလ (၂၄)ရက်နေ့ မွန်းလွဲ နှစ်နာရီအချိန် မင်္ဂလာစျေး၊ ယုဇနပလာဇာ၌ သက်သေခံပစ္စည်း SAMSUNG လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမှုအား ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်းတွင် (ပ)၈၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားခဲ့ခြင်းဖြစ်ပြီး ဆက်လက်ဖေါ်ထုတ်စစ်ဆေးဆောင်ရွက်နေကာ ကျူးလွန်ခဲ့သည့် ပြစ်မှုစဉ်အလိုက် အရေးယူသွားရန် စီစဉ်နေကြောင်း သိရသည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~