တီးတိန္ၿမိဳ႕ရွိ ေရွာင္ေစာန္းစံျပရြာမွ ခ်င္းရိုးရာအိမ္ႏွင့္ လူေနမႈဘဝအား ႏွစ္စဥ္ ျပည္တြင္းျပည္ပမွ ေလ့လာသူမ်ား တိုးလာ

တီးတိန္ၿမိဳ႕ရွိ ေရွာင္ေစာန္းစံျပရြာမွ ခ်င္းရိုးရာအိမ္ႏွင့္ လူေနမႈဘဝအား ႏွစ္စဥ္ ျပည္တြင္းျပည္ပမွ ေလ့လာသူမ်ား တိုးလာ
ဇန်နဝါရီ 29, 2018
By Tachileik News Agency

ခ်င္းျပည္နယ္ေျမာက္ပိုင္း တီးတိန္ၿမိဳ႕မွ ေရွာင္ေစာန္းစံျပေက်းရြာရိွ ခ်င္းရိုးရာအိမ္ႏွင့္ လူေနမႈဘဝအား ျပည္တြင္း၊ ျပည္ပမွ လာေရာက္ေလ့လာသူဦးေရ ႏွစ္စဥ္ (၅၀၀)ခန္႔ရိွေနၿပီး စိတ္ဝင္စားေလ့လာသူ တိုးလာေနေၾကာင္း သိရသည္။

“ဒီမွာက လာေရာက္ေလ့လာသူေတြကို ကြ်န္ေတာ္တို႔ ခ်င္းလူမ်ိဳးေတြ ဘယ္လိုေနထိုင္ခဲ့တယ္ဆိုတာ ျပသႏုိင္ဖို႔ ရိုးရာပစၥည္းေတြ အစံုအလင္ ထည့္သြင္းၿပီး ေရွးယခင္အိမ္ေတြပံုစံအတုိင္း ေဆာက္ထားတာပါ။ ဒီရိုးရာအိမ္ကို ေပါင္က်င့္ေဟာက္ပါရွန္းေရွာင္ေစာန္း အသင္းေတာ္ကပဲ ထိန္းသိမ္းထားပါတယ္။ ဒီကိုလာလည္တဲ့ ဧည့္သည္ေတြ ေလ့လာႏိုင္ဖို႔ လုပ္ထားတာပါပဲ။ လာတဲ့ဧည့္သည္ကို အသင္းေတာ္က အမႈေတာ္ေဆာင္ေတြက လုိက္ရွင္းျပေပးတယ္။ ေငြေၾကးေကာက္ခံတာေတြမရိွပါဘူး။ တစ္ႏွစ္တစ္ႏွစ္ဆို လူ ၅၀၀ ေလာက္လာတယ္။ ႏိုင္ငံျခားသားေတြမ်ားတယ္။ တစ္ႏွစ္တစ္ႏွစ္ေတာ့ လာလည္သူ ပိုမ်ားလာပါတယ္”ဟု ေပါင္က်င့္ေဟာက္ပါရွန္းေရွာင္ေစာန္းအသင္းေတာ္ အမႈေဆာင္ ဒိမ္းဆြင္းေပါင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စံျပေက်းရြာတြင္ လာေရာက္လည္ပတ္သူမ်ား ေလ့လာႏိုင္ရန္ ခ်င္းရိုးရာလူေနထိုင္မႈဘဝမွ ေန႔စဥ္ အသံုးျပဳေလ့ရိွသည့္ ပစၥည္းမ်ား စံုလင္စြာထည့္သြင္းထားသည့္ ရိုးရာအိမ္တစ္လံုးကိုလည္း တည္ေဆာက္ထားျခင္း ျဖစ္ၿပီး အဆိုပါေက်းရြာတြင္ ၂၀၁၄ ခုႏွစ္ စတင္တည္ေထာင္သည့္အခ်ိန္က အိမ္ေျခ (၈၅)အိမ္ရိွေသာ္လည္း လက္ရိွတြင္ အိမ္ေျခ (၆၀)ေက်ာ္သာရိွေတာ့ေၾကာင္း သိရသည္။

“ဒီရြာကို ေျပာင္းလာဖို႔ ကၽြန္ေတာ္တုိ႔ေတြ ႏွစ္ေတြအေတာ္ၾကာႀကိဳးစားခဲ့ၿပီး ၂၀၁၄ ခုႏွစ္က်မွ ေနထုိင္ခြင့္ရၾကတာပါ။ စာရင္းရိွအိမ္ေျခထက္ေတာ့ အခုမွာေတာ့ ေလ်ာ့သြားတယ္။ စုစုေပါင္း အိမ္ေျခ (၆၀)ေက်ာ္ေလာက္ပဲရိွပါတယ္။ အားလံုးက ေပါင္က်င့္ေဟာက္ပါရွန္းေရွာင္ေစာန္းဘာသာေရးကို ယံုၾကည္သူမ်ားပဲျဖစ္ပါတယ္”ဟု ေပါင္က်င့္ေဟာက္ပါရွန္းေရွာင္ေစာန္းအသင္းေတာ္ အမႈေဆာင္ ဒိမ္းဆြင္းေပါင္က ေျပာသည္။

တီးတိန္ၿမိဳ႕မွ ႏွစ္မိုင္ခန္႔အကြာတြင္ တည္ေထာင္ထားသည့္ ေရွာင္ေစာန္းစံျပေက်းရြာ၏ ထူးျခားခ်က္မွာ ၿဗိတိသွ်ကိုလိုနီ လက္ထက္မတိုင္မီက တီးတိန္ၿမိဳ႕မွ ခ်င္းစာေပတီထြင္သူတစ္ဦးျဖစ္သည့္ ေပါင္က်င့္ေဟာက္၏ ဘာသာေရးကို ယံုၾကည္သက္ဝင္သူမ်ား ေနထုိင္ေနၾကျခင္းျဖစ္သည္။

ေပါင္က်င့္ေဟာက္အား ၎၏စာေပတီထြင္မႈႏွင့္ ဘာသာေရးအတြက္ အိႏၵိယဘုရင္ခံခ်ဳပ္ Sr.Chemsfort က ၁၉၁၇ ခုႏွစ္ ဇန္နဝါရီလ (၁)ရက္ေန႔တြင္ စာေပတီထြင္သူႏွင့္ တမန္ေတာ္ျမတ္ႀကီးအျဖစ္ အသိအမွတ္ျပဳ ဂုဏ္ျပဳစလြယ္ခ်ီးျမႇင့္ခဲ့သည္ဟု သိရသည္။

ေရွာင္ေစာန္းစံျပေက်းရြာတြင္ ရိုးရာအိမ္အျပင္ ရိုးရာယက္ကန္းလုပ္ငန္း၊ ရိုးရာဝတ္စံုမ်ား ေျပာင္းလဲလာမႈအား ျပသထားသည့္ ျပခန္းမ်ားလည္းရိွၿပီး ေပါင္က်င့္ေဟာက္ပါရွန္းဘာသာေရးအရ ဝတ္ျပဳဆုေတာင္းမႈမ်ားကို စိတ္ဝင္တစားေလ့လာသူမ်ားလည္းရိွေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ခ်ယ္ရီထိုက္



~~~~~~~~⊰❂ unicode ~~~~~~~~


ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့မှ ရှောင်စောန်းစံပြကျေးရွာရှိ ချင်းရိုးရာအိမ်နှင့် လူနေမှုဘဝအား ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသူဦးရေ နှစ်စဉ် (၅၀၀)ခန့်ရှိနပြေီး စိတ်ဝင်စားလေ့လာသူ တိုးလာနေကြောင်း သိရသည်။

“ဒီမှာက လာရောက်လေ့လာသူတွေကို ကျွန်တော်တို့ ချင်းလူမျိုးတွေ ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတာ ပြသနိုင်ဖို့ ရိုးရာပစ္စည်းတွေ အစုံအလင် ထည့်သွင်းပြီး ရှေးယခင်အိမ်တွေပုံစံအတိုင်း ဆောက်ထားတာပါ။ ဒီရိုးရာအိမ်ကို ပေါင်ကျင့်ဟောက်ပါရှန်းရှောင်စောန်း အသင်းတော်ကပဲ ထိန်းသိမ်းထားပါတယ်။ ဒီကိုလာလည်တဲ့ ဧည့်သည်တွေ လေ့လာနိုင်ဖို့ လုပ်ထားတာပါပဲ။ လာတဲ့ဧည့်သည်ကို အသင်းတော်က အမှုတော်ဆောင်တွေက လိုက်ရှင်းပြပေးတယ်။ ငွေကြေးကောက်ခံတာတွေမရှိပါဘူး။ တစ်နှစ်တစ်နှစ်ဆို လူ ၅၀၀ လောက်လာတယ်။ နိုင်ငံခြားသားတွေများတယ်။ တစ်နှစ်တစ်နှစ်တော့ လာလည်သူ ပိုများလာပါတယ်”ဟု ပေါင်ကျင့်ဟောက်ပါရှန်းရှောင်စောန်းအသင်းတော် အမှုဆောင် ဒိမ်းဆွင်းပေါင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စံပြကျေးရွာတွင် လာရောက်လည်ပတ်သူများ လေ့လာနိုင်ရန် ချင်းရိုးရာလူနေထိုင်မှုဘဝမှ နေ့စဉ် အသုံးပြုလေ့ရှိသည့် ပစ္စည်းများ စုံလင်စွာထည့်သွင်းထားသည့် ရိုးရာအိမ်တစ်လုံးကိုလည်း တည်ဆောက်ထားခြင်း ဖြစ်ပြီး အဆိုပါကျေးရွာတွင် ၂၀၁၄ ခုနှစ် စတင်တည်ထောင်သည့်အချိန်က အိမ်ခြေ (၈၅)အိမ်ရှိသော်လည်း လက်ရှိတွင် အိမ်ခြေ (၆၀)ကျော်သာရှိတော့ကြောင်း သိရသည်။

“ဒီရွာကို ပြောင်းလာဖို့ ကျွန်တော်တို့တွေ နှစ်တွေအတော်ကြာကြိုးစားခဲ့ပြီး ၂၀၁၄ ခုနှစ်ကျမှ နေထိုင်ခွင့်ရကြတာပါ။ စာရင်းရှိအိမ်ခြေထက်တော့ အခုမှာတော့ လျော့သွားတယ်။ စုစုပေါင်း အိမ်ခြေ (၆၀)ကျော်လောက်ပဲရှိပါတယ်။ အားလုံးက ပေါင်ကျင့်ဟောက်ပါရှန်းရှောင်စောန်းဘာသာရေးကို ယုံကြည်သူများပဲဖြစ်ပါတယ်”ဟု ပေါင်ကျင့်ဟောက်ပါရှန်းရှောင်စောန်းအသင်းတော် အမှုဆောင် ဒိမ်းဆွင်းပေါင်က ပြောသည်။

တီးတိန်မြို့မှ နှစ်မိုင်ခန့်အကွာတွင် တည်ထောင်ထားသည့် ရှောင်စောန်းစံပြကျေးရွာ၏ ထူးခြားချက်မှာ ဗြိတိသျှကိုလိုနီ လက်ထက်မတိုင်မီက တီးတိန်မြို့မှ ချင်းစာပေတီထွင်သူတစ်ဦးဖြစ်သည့် ပေါင်ကျင့်ဟောက်၏ ဘာသာရေးကို ယုံကြည်သက်ဝင်သူများ နေထိုင်နကြခြေင်းဖြစ်သည်။

ပေါင်ကျင့်ဟောက်အား၎င်း၏စာပေတီထွင်မှုနှင့် ဘာသာရေးအတွက် အိန္ဒိယဘုရင်ခံချုပ် Sr.Chemsfort က ၁၉၁၇ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် စာပေတီထွင်သူနှင့် တမန်တော်မြတ်ကြီးအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုစလွယ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

ရှောင်စောန်းစံပြကျေးရွာတွင် ရိုးရာအိမ်အပြင် ရိုးရာယက်ကန်းလုပ်ငန်း၊ ရိုးရာဝတ်စုံများ ပြောင်းလဲလာမှုအား ပြသထားသည့် ပြခန်းများလည်းရှိပြီး ပေါင်ကျင့်ဟောက်ပါရှန်းဘာသာရေးအရ ဝတ်ပြုဆုတောင်းမှုများကို စိတ်ဝင်တစားလေ့လာသူများလည်းရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ချယ်ရီထိုက်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~