တာခ်ီလိတ္ၿမိဳ႕အထြက္တြင္ ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္ ထိုင္းႏိုင္ငံသားတစ္ဦး ဖမ္းဆီးရမိ၍ အမႈဖြင့္အေရးယူ

တာခ်ီလိတ္ၿမိဳ႕အထြက္တြင္ ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္ ထိုင္းႏိုင္ငံသားတစ္ဦး ဖမ္းဆီးရမိ၍ အမႈဖြင့္အေရးယူ
ဇန်နဝါရီ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ ေဟာင္လိတ္မီးပိြဳင့္လမ္းဆံုတြင္ ရဲတပ္ဖြဲ႕က ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနစဥ္ ေမာ္ေတာ္ယာဥ္တစ္စီးအား စစ္ေဆးရာ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္လာသည့္ ထုိင္းႏုိင္ငံသားတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဇန္နဝါရီလ (၂၃)ရက္ေန႔က ညပိုင္းက ေဟာင္လိတ္မီးပြိဳင့္လမ္းဆံုတြင္ အဆိုပါ အဖြဲ႔က စစ္ေဆးမႈမ်ား ျပဳလုပ္စဥ္ ယာဥ္မ်ားအား ရပ္တန္႔စစ္ေဆးမႈမ်ား ျပဳလုပ္ရာ ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူမွာ ထုိင္းႏုိင္ငံသား Aek ဆိုသူျဖစ္ေၾကာင္း သိရသျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္လဝကမွဴးရံုုးသို႔ အေၾကာင္းၾကားၿပီး ရဲစခန္းသို႔ ေခၚေဆာင္စစ္ေဆးရာ ၎သည္ ဇန္နဝါရီလ (၂၃)ရက္ေန႔ နံနက္ပိုင္းက မယ္ဆုိင္ေခ်ာင္းအားျဖတ္၍ တရားမဝင္ ဝင္ေရာက္လာသူျဖစ္ေၾကာင္း စစ္ေဆးသိရိွရျခင္းျဖစ္သည္ဟု သိရသည္။

တရားမဝင္နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္လာသည့္ ထုိင္းႏုိင္ငံသားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၄/၁၈ လဝကအက္ဥပေဒ ၁၃(၁)ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် ဟောင်လိတ်မီးပွိုင့်လမ်းဆုံတွင် ရဲတပ်ဖွဲ့က ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့က ညပိုင်းက ဟောင်လိတ်မီးပွိုင့်လမ်းဆုံတွင် အဆိုပါ အဖွဲ့က စစ်ဆေးမှုများ ပြုလုပ်စဉ် ယာဉ်များအား ရပ်တန့်စစ်ဆေးမှုများ ပြုလုပ်ရာ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူမှာ ထိုင်းနိုင်ငံသား Aek ဆိုသူဖြစ်ကြောင်း သိရသဖြင့် တာချီလိတ်မြို့နယ်လဝကမှူးရုံးသို့ အကြောင်းကြားပြီး ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးရာ၎င်းသည် ဇန်နဝါရီလ (၂၃)ရက်နေ့ နံနက်ပိုင်းက မယ်ဆိုင်ချောင်းအားဖြတ်၍ တရားမဝင် ဝင်ရောက်လာသူဖြစ်ကြောင်း စစ်ဆေးသိရှိရခြင်းဖြစ်သည်ဟု သိရသည်။

တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၄/၁၈ လဝကအက်ဥပဒေ ၁၃(၁)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~