ေတာင္ႀကီးၿမိဳ႕နယ္အတြင္း ရွစ္ေလးလံုးပါတီဝင္အင္အား စစ္တမ္းေကာက္ယူမည္

ေတာင္ႀကီးၿမိဳ႕နယ္အတြင္း ရွစ္ေလးလံုးပါတီဝင္အင္အား စစ္တမ္းေကာက္ယူမည္
ဇန်နဝါရီ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕နယ္အတြင္း ရွမ္းျပည္နယ္နိုင္ငံေရးအဖြဲ႕မွ ရွစ္ေလးလံုးပါတီ ျဖစ္ေျမာက္ေရး ေကာ္မတီက  ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလကုန္ပိုင္းအထိ ပါတီဝင္အင္အား စစ္တမ္း ေကာက္ယူ သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ပါတီအတြက္ေတာ့ မွတ္ပံုတင္ မက်ေသးပါဘူး။ အခုေလာေလာဆယ္မွာ ေကာ္မတီ အဆိုျပဳလႊာေလးေတြလုပ္ ထားပါတယ္။ ဒါေတြကို ဘယ္သူေတြ ၀င္မလဲဆိုတာေတြေပါ့။ အခုလက္ရွိ ပါတီ၀င္ အင္အားကေတာ့ မရွိေသးပါဘူး။ မရွိေသးဘူးဆိုေပမဲ့လည္း အတိအက် မေကာက္ရေသးဘူး။ ဝင္မယ့္သူေတြကေတာ့ အမ်ားႀကီးရွိပါတယ္။ တစ္ရက္ ႏွစ္ရက္အတြင္းမွာေတာ့ ေက်းရြာေတြမွာ စစ္တမ္းေကာက္ယူေတာ့မွာပါ။ ဇန္န၀ါရီလကုန္ အထိေပါ့ေနာ္။ ဘယ္ေဒသေတြမွာ ဦးစားေပး စစ္တမ္းေကာက္ယူမယ္ ဆိုတာေတြေတာ့ မရွိေသးပါဘူး။ မွတ္ပံုတင္က မက်ေသးဘူး။ က်လာၿပီဆိုမွ အလုပ္အမႈေဆာင္ ေရြးခ်ယ္မယ္”ဟု ရွမ္းျပည္နယ္နိုင္ငံေရးအဖြဲ႕မွ ရွစ္ေလးလံုးပါတီ ျဖစ္ေျမာက္ေရး ေကာ္မတီက တာဝန္ခံ ဦးတင္ေမာင္တိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ရွစ္ေလးလံုးပါတီကို ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၁၉) ရက္ေန႔က ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္တြင္ မွတ္ပံုတင္ ေလွ်ာက္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

“ပါတီျဖစ္ေျမာက္ေရး အတြက္ကို ကန္႔ကြက္တာေတြကေတာ့ တရားဝင္ အဖြဲ႕အစည္း အေနနဲ႔ေတာ့ မရွိပါဘူး။ တစ္ခုရွိတာကေတာ့ တစ္ဦးတစ္ေယာက္က ရွစ္ေလးလံုးမွာပါခဲ့တယ္ဆိုရင္ေပါ့ေနာ္။ အဲဒီအတြက္ သူတို႔က ရွစ္ေလးလံုး နာမည္သံုးတာေတြ မႀကိဳက္တာေတြရွိတယ္”ဟု ဦးတင္ေမာင္တိုးက ေျပာသည္။

ႏုိင္ငံေရးပါတီ ျဖစ္ေျမာက္ေရးေကာ္မတီ (ရွမ္းျပည္နယ္စည္းရံုးေရးေကာ္မတီရံုး)ကုိ ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၃၁)ရက္ေန႔တြင္ ဖြင့္လွစ္ထားျခင္းျဖစ္သည္။

သတင္း - ႏိုႏို
ဓါတ္ပံု - ရွစ္ေလးလံုးပါတီ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်အတွင်း ရှမ်းပြည်နယ်နိုင်ငံရေးအဖွဲ့မှ ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေး ကော်မတီက ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းအထိ ပါတီဝင်အင်အား စစ်တမ်း ကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။

“ပါတီအတွက်တော့ မှတ်ပုံတင် မကျသေးပါဘူး။ အခုလောလောဆယ်မှာ ကော်မတီ အဆိုပြုလွှာလေးတွေလုပ် ထားပါတယ်။ ဒါတွေကို ဘယ်သူတွေ ဝင်မလဲဆိုတာတွေပေါ့။ အခုလက်ရှိ ပါတီဝင် အင်အားကတော့ မရှိသေးပါဘူး။ မရှိသေးဘူးဆိုပေမဲ့လည်း အတိအကျ မကောက်ရသေးဘူး။ ဝင်မယ့်သူတွေကတော့ အများကြီးရှိပါတယ်။ တစ်ရက် နှစ်ရက်အတွင်းမှာတော့ ကျေးရွာတွေမှာ စစ်တမ်းကောက်ယူတော့မှာပါ။ ဇန်နဝါရီလကုန် အထိပေါ့နော်။ ဘယ်ဒေသတွေမှာ ဦးစားပေး စစ်တမ်းကောက်ယူမယ် ဆိုတာတွေတော့ မရှိသေးပါဘူး။ မှတ်ပုံတင်က မကျသေးဘူး။ ကျလာပြီဆိုမှ အလုပ်အမှုဆောင် ရွေးချယ်မယ်”ဟု ရှမ်းပြည်နယ်နိုင်ငံရေးအဖွဲ့မှ ရှစ်လေးလုံးပါတီ ဖြစ်မြောက်ရေး ကော်မတီက တာဝန်ခံ ဦးတင်မောင်တိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှစ်လေးလုံးပါတီကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင် လျှောက်ထားပြီးဖြစ်ကြောင်း သိရသည်။

“ပါတီဖြစ်မြောက်ရေး အတွက်ကို ကန့်ကွက်တာတွေကတော့ တရားဝင် အဖွဲ့အစည်း အနေနဲ့တော့ မရှိပါဘူး။ တစ်ခုရှိတာကတော့ တစ်ဦးတစ်ယောက်က ရှစ်လေးလုံးမှာပါခဲ့တယ်ဆိုရင်ပေါ့နော်။ အဲဒီအတွက် သူတို့က ရှစ်လေးလုံး နာမည်သုံးတာတွေ မကြိုက်တာတွေရှိတယ်”ဟု ဦးတင်မောင်တိုးက ပြောသည်။

နိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီ (ရှမ်းပြည်နယ်စည်းရုံးရေးကော်မတီရုံး)ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

သတင်း - နိုနို
ဓာတ်ပုံ - ရှစ်လေးလုံးပါတီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~