နယ္ေျမခံတပ္ႏွင့္ရဲတပ္ဖြဲ႔၀င္မ်ား လွည့္ကင္းေဆာင္ရြက္ရာမွ မူးယစ္ေဆး၀ါး စုေပါင္းသံုးစြဲေနသူ (၂၇)ဦး ဖမ္းဆီးရမိ

နယ္ေျမခံတပ္ႏွင့္ရဲတပ္ဖြဲ႔၀င္မ်ား လွည့္ကင္းေဆာင္ရြက္ရာမွ မူးယစ္ေဆး၀ါး စုေပါင္းသံုးစြဲေနသူ (၂၇)ဦး ဖမ္းဆီးရမိ
ဇန်နဝါရီ 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မူဆယ္ခရိုင္ (၁၀၅)မိုင္၊ မိုင္းယုေလးေက်းရြာအနီးတြင္  နယ္ေျမခံစစ္တပ္ႏွင့္ နယ္ေျမခံရဲတပ္ဖြဲ႔၀င္မ်ား အင္အား(၅၀)၀န္းက်င္ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ လွည့္ကင္းေဆာင္ရြက္ရာမွ မူးယစ္ေဆး၀ါး စုေပါင္းသံုးစြဲေနသူ (၂၇)ဦး ႏွင့္ မူးယစ္ေဆး၀ါးနည္းငယ္အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

“ဖမ္းမိတာကေတာ့ (၁၀၅)မိုင္၊ မိုင္းယုေလးေက်းရြာအနီးမွာ မူးယစ္ေဆးဝါးသံုးစြဲေနတဲ့ က်ား(၂၅)ဦး၊ မ(၂)ဦး စုစုေပါင္း(၂၇)ဦးကို ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္၊ ေလာေလာဆယ္ အေရးယူ ထားတာကေတာ့ မူးယစ္ ေဆးဝါးေတြကို လက္ဝယ္ေတြ႔ရွိတဲ့ အမ်ိဳးသားတစ္ဦးရွိပါတယ္”ဟု မူဆယ္ၿမိဳ႕မရဲစခန္းမွ တာဝန္မွဴး ရဲအရာရွိ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မူးယစ္ေဆးဝါးစုေပါင္း သံုးစြဲေနသည့္ အမ်ဳိးသား/အမ်ဳိးသမီး (၂၇)ဦးထဲက ေက်ာ္၀င္းႏိုင္ဆိုသူထံမွ 88/1 စာတန္းပါ၊ ပန္းေရာင္စိတ္ၾကြရူးသြပ္ ေဆးျပား (၂၅၆) ျပားႏွင့္ ဘိန္းျဖဴဟု ယူဆရသည့္ အမႈန္႔ (၂၀) ဂရမ္၊ ေငြက်ပ္ (၃၇၀၀၀၀) တို႔အား လက္ဝယ္ေတ႔ြရွိရသည့္အတြက္ ၎အား မူဆယ္ၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္ အေရးယူရန္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂၆)ရက္ေန႔ ည(၆)နာရီ၀န္းက်င္အခ်ိန္က နယ္ေျမခံတပ္၊ မိုင္းယုေလး နယ္ေျမရဲစခန္းမွ ရဲတပ္ဖြဲ႔၀င္မ်ား ႏွင့္ သက္ဆိုင္ရာပူးေပါင္း စုစုေပါင္း အင္အား(၅၀)၀န္းက်င္ျဖင့္ လွည့္ကင္းေဆာင္ရြက္စဥ္ ဖမ္းဆီးရမိျခင္းျဖစ္၍ မူဆယ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူရန္အတြက္ ေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - WNH


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် (၁၀၅)မိုင်၊ မိုင်းယုလေးကျေးရွာအနီးတွင် နယ်မြေခံစစ်တပ်နှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ အင်အား(၅၀)ဝန်းကျင် ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကင်းဆောင်ရွက်ရာမှ မူးယစ်ဆေးဝါး စုပေါင်းသုံးစွဲနေသူ (၂၇)ဦး နှင့် မူးယစ်ဆေးဝါးနည်းငယ်အား ဖမ်းဆီးရမိကြောင်း သိရသည်။

“ဖမ်းမိတာကတော့ (၁၀၅)မိုင်၊ မိုင်းယုလေးကျေးရွာအနီးမှာ မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ ကျား(၂၅)ဦး၊ မ(၂)ဦး စုစုပေါင်း(၂၇)ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်၊ လောလောဆယ် အရေးယူ ထားတာကတော့ မူးယစ် ဆေးဝါးတွေကို လက်ဝယ်တွေ့ရှိတဲ့ အမျိုးသားတစ်ဦးရှိပါတယ်”ဟု မူဆယ်မြို့မရဲစခန်းမှ တာဝန်မှူး ရဲအရာရှိ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မူးယစ်ဆေးဝါးစုပေါင်း သုံးစွဲနေသည့် အမျိုးသား/အမျိုးသမီး (၂၇)ဦးထဲက ကျော်ဝင်းနိုင်ဆိုသူထံမှ 88/1 စာတန်းပါ၊ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား (၂၅၆) ပြားနှင့် ဘိန်းဖြူဟု ယူဆရသည့် အမှုန့် (၂၀) ဂရမ်၊ ငွေကျပ် (၃၇၀၀၀၀) တို့အား လက်ဝယ်တွေ့ရှိရသည့်အတွက်၎င်းအား မူဆယ်မြို့မရဲစခန်းတွင်အမှုဖွင့် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က နယ်မြေခံတပ်၊ မိုင်းယုလေး နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာပူးပေါင်း စုစုပေါင်း အင်အား(၅၀)ဝန်းကျင်ဖြင့် လှည့်ကင်းဆောင်ရွက်စဉ် ဖမ်းဆီးရမိခြင်းဖြစ်၍ မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူရန်အတွက် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - WNH

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~