တာခ်ီလိတ္၌ ေဒသဖြံ႕ၿဖိဳးေရးႏွင့္ ျပည္သူ႔အက်ိဳးျပဳလုပ္ေဆာင္သူမ်ားအား ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳ ညစာ စားပြဲတြင္ ဂုဏ္ျပဳမွတ္တမ္းလႊာ (၁၁)ခု ခ်ီးျမႇင့္

တာခ်ီလိတ္၌ ေဒသဖြံ႕ၿဖိဳးေရးႏွင့္ ျပည္သူ႔အက်ိဳးျပဳလုပ္ေဆာင္သူမ်ားအား ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳ ညစာ စားပြဲတြင္ ဂုဏ္ျပဳမွတ္တမ္းလႊာ (၁၁)ခု ခ်ီးျမႇင့္
ဇန်နဝါရီ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ႏွစ္(၇၀)ျပည့္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳညစာ စားပြဲ အခမ္းအနားအား ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ (၄)ရက္ေန႔က ရန္ေအာင္ေျမရပ္ကြက္ရွိ ပါလွ်ံတရုတ္ ဘံုေက်ာင္း၏ မဂၤလာခန္းမတြင္ က်င္းပၿပီး ေဒသဖြံ႔ၿဖိဳးေရးႏွင့္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းတြင္ ပါဝင္ ေဆာင္ရြက္သည့္ လူပုဂၢိဳလ္ႏွင့္အသင္းအဖြဲ႕မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာ (၁၁)ခုေပးအပ္ေၾကာင္း သိရသည္။

အခမ္းအနားတြင္ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက ႏွစ္ (၇၀)ျပည့္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ႏႈတ္ခြန္းဆက္အဖြင့္ ဂုဏ္ျပဳအမွာစကားေျပာၾကားၿပီး တာခ်ီလိတ္ခရိုင္ အတြင္း ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ား၊ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းမ်ားတြင္ ပူးေပါင္းပါဝင္ ေဆာင္ရြက္ခဲ့ၾကေသာ ပုဂၢိဳလ္မ်ား၊ အသင္းအဖြဲ႔မ်ားအား ဂုဏ္ျပဳမွတ္တမ္းလႊာ ေပးအပ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ သဘင္ပညာရွင္မ်ားအစည္းအရံုး၊ လားဟူတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕၊ ဗမာတုိင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕၊ အာခါစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕၊ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕၊  လီဆူစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕ ႏွင့္ ဂီတအစည္းအရံုးတို႔က ေဖ်ာ္ေျဖတင္ဆက္ေၾကာင္း သိရသည္။

ႏွစ္ (၇၀)ျပည့္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ အျဖစ္ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားအား တာ၀န္ရွိသူမ်ားက ေပးအပ္ ခ်ီးျမႇင့္ခံရသူမ်ားတြင္ တာခ်ီလိတ္တြင္ ႏိုင္ငံေတာ္အား အခြန္ထမ္းေဆာင္မႈ အမ်ားဆံုးျဖစ္သည့္ ကုမၸဏီမ်ားအေနျဖင့္ ၀င္ေငြခြန္ အမ်ားဆံုး ထမ္းေဆာင္ခဲ့သည့္ ကုမၸဏီမ်ားျဖစ္သည့္ ေရႊနန္းစံ ကုမၸဏီ ၊  ေရႊေရကန္ေရာင္း၀ယ္ေရး ကုမၸဏီ ( Golden Lake Import & Export ) ႏွင့္  ဦးဆမ္ရီ ေရာင္း၀ယ္ေရး ကုမၸဏီတို႔ ပါ၀င္ေၾကာင္း သိရသည္။

လူမႈေရးအက်ဳိးျပဳ က႑အေနျဖင့္ မေတာ္တဆျဖစ္ပြားမႈမ်ားႏွင့္ နာေရးလုပ္ငန္းမ်ားတြင္ ေနရာ ႏွင့္ အခ်ိန္မေရြး ခ်က္ခ်င္းပူးေပါင္း ပါ၀င္ ကူညီေဆာင္ရြက္ေပးသည့္ တာခ်ီလိတ္နာေရးကူညီမႈအသင္း၊ ျမန္မာဖက္မွ က်န္းမာေရးအရ ထိုင္းႏိုင္ငံ မယ္ဆိုင္၊ ခ်င္းရိုင္းၿမိဳ႕မ်ားသို႔ ေဆးကုသမႈခံရယူလိုသည့္ ျမန္မာႏိုင္ငံသား ေ၀ဒနာရွင္မ်ားအား ခ်ိတ္ဆက္ကူညီေပးျခင္း ဘာသာျပန္ေပးျခင္းမ်ားတြင္ ကူညီေဆာင္ရြက္ေပးေနသည့္ ထိုင္းႏိုင္ငံ မယ္ဆိုင္လူမႈဂရူဏာအသင္း ႏွင့္ ရခုိင္ျပည္နယ္ ေမာင္ေတာေဒသ ျပန္လည္ထူေထာင္ေရးအတြက္ က်ပ္သိန္း (၅၆၀) လွဴဒါန္းႏိုင္သည္အထိ ႏိႈးေဆာ္ ေဆာင္ရြက္ခဲ့သည့္ ရခုိင္ျပည္နယ္ ေမာင္ေတာေဒသ ျပန္လည္ထူေထာင္ေရး လုပ္ငန္းေကာ္မတီ အပါအ၀င္ ျပည္သူတို႔၏ က်န္းမာေရးက႑အတြက္ ခရိုင္ျပည္သူ႔ေဆးရံုႀကီး၌ ေက်ာက္ကပ္ေဆးစက္ လွဴဒါန္းေပးသည့္ ၿမိဳ႕နယ္ဖြံ႕ၿဖိဳးတိုးတက္ေရး အေထာက္အကူျပဳအဖြဲ႕မွ ဦးျမင့္ဦး၊ ဦးၾကည္ျမင့္၊ ဦးတင္ႏြယ္ႏွင့္ ဦးထြန္းေနဦးတို႔လည္း ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးခ်ီးျမႇင့္ခံရသည္။

ယင္းအျပင္ တာခ်ီလိတ္ၿမိဳ႕တြင္း လမ္းတံတား ေဆာင္ရြက္မႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕ အေနာက္ ၿမိဳ႕ပတ္လမ္း ျဖစ္သည့္ ေတာ္၀င္လမ္းအား ကတၱရာလမ္းအျဖစ္ က်ပ္သိန္း (၃၀၀၀) ခန္႔ျဖင့္ အဆင့္ျမႇင့္တင္သည့္ ေသာ္တာဝင္းကုမၸဏီ ဥကၠဌ ဦးစိုင္းေဇာ္ျမင့္ ႏွင့္ ပါလွ်ံလမ္းဆံုမီးပြိဳင့္မွ ရန္ေအာင္ေျမ ရပ္ကြက္ အတြင္းသို႔ က်ပ္သိန္း (၂၅၀)ျဖင့္ ကတၱရာလမ္းအား တစ္ဦးတည္းအလွဴရွင္အျဖစ္ ေဆာင္ရြက္ ခဲ့သည့္ တာ့ဟြာတရုတ္ဘံုေက်ာင္း ဥကၠဌ ဦးစိုင္းေအာင္ခမ္းတို႔အား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ေပးအပ္းခ်ီးျမႇင့္သည္။

မူးယစ္၊ေလာင္းကစားႏွင့္ခိုးမႈတို႔အား လက္ဦးမႈရယူေဖၚထုတ္ႏုိင္ခဲ့သည့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္း ဒုေခါင္းေဆာင္ ရဲအုပ္ကိုကိုဦး၊ တရားမဝင္လက္နက္၊ မူးယစ္ေဆးမ်ားဖမ္းဆီးရမိေရး စံုစမ္းေထာက္လွမ္းႏိုင္ခဲ့သည့္ ခရိုင္ရဲတပ္ဖြဲ႕မွဴးရံုးမွ ခရုိင္အထူးမႈခင္းႏွိမ္ႏွင္းေရးအဖြဲ႕ ရဲအရာခံ ေဇာ္ေဌးတို႔အား ႏွစ္ (၇၀)ျပည့္ လြတ္လပ္ေရးေန႔တြင္ ဂုဏ္ျပဳလႊာမ်ား ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဌး၀င္း၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္၊ တာခ်ီလိတ္ခရုိင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ၊ တာခ်ီလိတ္ၿမဳိ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္ ႏွင့္ ဌာနဆုိင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ တိုင္းရင္းသား ယဥ္ေက်းမႈ အသင္းအဖြဲ႔မ်ား၊ ႏိုင္ငံေရးပါတီမ်ား ႏွင့္ စီးပြားေရး လုပ္ငန္းရွင္မ်ား အျပင္ ထိုင္းႏိုင္ငံဘက္မွ ဧည့္သည္ေတာ္မ်ား တက္ေရာက္ခဲ့ၾကသည္။

ဓါတ္ပံု - ေဇာင္းညီ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားအား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့က ရန်အောင်မြေရပ်ကွက်ရှိ ပါလျှံတရုတ် ဘုံကျောင်း၏ မင်္ဂလာခန်းမတွင် ကျင်းပပြီး ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတွင် ပါဝင် ဆောင်ရွက်သည့် လူပုဂ္ဂိုလ်နှင့်အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ (၁၁)ခုပေးအပ်ကြောင်း သိရသည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နှုတ်ခွန်းဆက်အဖွင့် ဂုဏ်ပြုအမှာစကားပြောကြားပြီး တာချီလိတ်ခရိုင် အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် သဘင်ပညာရှင်များအစည်းအရုံး၊ လားဟူတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၊ အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် ဂီတအစည်းအရုံးတို့က ဖျော်ဖြေတင်ဆက်ကြောင်း သိရသည်။

နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ဂုဏ်ပြုမှတ်တမ်းလွှာများအား တာဝန်ရှိသူများက ပေးအပ် ချီးမြှင့်ခံရသူများတွင် တာချီလိတ်တွင် နိုင်ငံတော်အား အခွန်ထမ်းဆောင်မှု အများဆုံးဖြစ်သည့် ကုမ္ပဏီများအနဖြေင့် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်ခဲ့သည့် ကုမ္ပဏီများဖြစ်သည့် ရွှေနန်းစံ ကုမ္ပဏီ၊ ရွှေရေကန်ရောင်းဝယ်ရေး ကုမ္ပဏီ ( Golden Lake Import & Export ) နှင့် ဦးဆမ်ရီ ရောင်းဝယ်ရေး ကုမ္ပဏီတို့ ပါဝင်ကြောင်း သိရသည်။

လူမှုရေးအကျိုးပြု ကဏ္ဍအနဖြေင့် မတော်တဆဖြစ်ပွားမှုများနှင့် နာရေးလုပ်ငန်းများတွင် နေရာ နှင့် အချိန်မရွေး ချက်ချင်းပူးပေါင်း ပါဝင် ကူညီဆောင်ရွက်ပေးသည့် တာချီလိတ်နာရေးကူညီမှုအသင်း၊ မြန်မာဖက်မှ ကျန်းမာရေးအရ ထိုင်းနိုင်ငံ မယ်ဆိုင်၊ ချင်းရိုင်းမြို့များသို့ ဆေးကုသမှုခံရယူလိုသည့် မြန်မာနိုင်ငံသားေဝဒနာရှင်များအား ချိတ်ဆက်ကူညီပေးခြင်း ဘာသာပြန်ပေးခြင်းများတွင် ကူညီဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံ မယ်ဆိုင်လူမှုဂရူဏာအသင်း နှင့် ရခိုင်ပြည်နယ် မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း (၅၆၀) လှူဒါန်းနိုင်သည်အထိ နှိုးဆော် ဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ် မောင်တောဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ အပါအဝင် ပြည်သူတို့၏ ကျန်းမာရေးကဏ္ဍအတွက် ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ကျောက်ကပ်ဆေးစက် လှူဒါန်းပေးသည့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ ဦးမြင့်ဦး၊ ဦးကြည်မြင့်၊
ဦးတင်နွယ်နှင့် ဦးထွန်းနေဦးတို့လည်း ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးချီးမြှင့်ခံရသည်။

ယင်းအပြင် တာချီလိတ်မြို့တွင်း လမ်းတံတား ဆောင်ရွက်မှုနှင့် ပတ်သက်၍ တာချီလိတ်မြို့ အနောက် မြို့ပတ်လမ်း ဖြစ်သည့် တော်ဝင်လမ်းအား ကတ္တရာလမ်းအဖြစ် ကျပ်သိန်း (၃၀၀၀) ခန့်ဖြင့် အဆင့်မြှင့်တင်သည့် သော်တာဝင်းကုမ္ပဏီ ဥက္ကဌ ဦးစိုင်းဇော်မြင့် နှင့် ပါလျှံလမ်းဆုံမီးပွိုင့်မှ ရန်အောင်မြေ ရပ်ကွက် အတွင်းသို့ ကျပ်သိန်း (၂၅၀)ဖြင့် ကတ္တရာလမ်းအား တစ်ဦးတည်းအလှူရှင်အဖြစ် ဆောင်ရွက် ခဲ့သည့် တာ့ဟွာတရုတ်ဘုံကျောင်း ဥက္ကဌ ဦးစိုင်းအောင်ခမ်းတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်းချီးမြှင့်သည်။

မူးယစ်၊လောင်းကစားနှင့်ခိုးမှုတို့အား လက်ဦးမှုရယူဖော်ထုတ်နိုင်ခဲ့သည့် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်း ဒုခေါင်းဆောင် ရဲအုပ်ကိုကိုဦး၊ တရားမဝင်လက်နက်၊ မူးယစ်ဆေးများဖမ်းဆီးရမိရေး စုံစမ်းထောက်လှမ်းနိုင်ခဲ့သည့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်အထူးမှုခင်းနှိမ်နှင်းရေးအဖွဲ့ ရဲအရာခံ ဇော်ဌေးတို့အား နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့တွင် ဂုဏ်ပြုလွှာများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား ယဉ်ကျေးမှု အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် စီးပွားရေး လုပ်ငန်းရှင်များ အပြင် ထိုင်းနိုင်ငံဘက်မှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဓာတ်ပုံ - ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~