တာချီလိတ်မြို့ ယမ်းခေါင်ရွာအတွင်း မူးယစ်ဆေးဝါး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး

တာချီလိတ်မြို့ ယမ်းခေါင်ရွာအတွင်း မူးယစ်ဆေးဝါး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး
ဇနျနဝါရီ 14, 2018
By Tachileik News Agency



ဆွေးနွေးဟောပြောမှု အပြီးတွင် ဒုတိယရဲမှူးသက်မောင်နှင့် တပ်ဖွဲ့ဝင်များက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုအတွင်းရှိ ယမ်းခေါင်ရွာတွင် မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများကို ကျေးရွာတွင်းနေ တိုင်းရင်းသားပြည်သူများ သိရှိနိုင်ရန်အတွက် မူးယစ်ရဲတပ်ဖွဲ့က အသိပညာပေးကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်အချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဒုတပ်ဖွဲ့စုမှူး ဒုတိယရဲမှူးသက်မောင် က အဆိုပါ ကျေးရွာရှိ ကျေးရွာသူ/သား (၃၀)ဦးအား မူးယစ်ဆေးဝါး အန္တရာယ် ဆိုးကျိုးများ နှင့် မူးယစ်ဆေးဝါးကြောင့် အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ် အကြောင်းအရာများ အပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲခြင်းများကြောင့် ခံစားရသည့် ဆိုးကျိုးရလဒ်များကို ဆွေးနွေးဟောပြောသည်။

ဆွေးနွေးဟောပြောမှု အပြီးတွင် ဒုတိယရဲမှူးသက်မောင်နှင့် တပ်ဖွဲ့ဝင်များက အသိပညာပေး လက်ကမ်းစာစောင်များ ဖြနေ့်ဝပေးခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~