ထိုင္းႏိုင္ငံအတြင္းမွ ဖမ္းဆီးရမိသည့္ တရားမ၀င္ေရြ႕ေျပာင္းျမန္မာလုပ္သား (၃)ဦး တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထိုင္းႏိုင္ငံအတြင္းမွ ဖမ္းဆီးရမိသည့္ တရားမ၀င္ေရြ႕ေျပာင္းျမန္မာလုပ္သား (၃)ဦး တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဇန်နဝါရီ 15, 2018
By Tachileik News Agency

ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ သြားေရာက္ေနထိုင္သည့္ ေရြ႕ေျပာင္း ျမန္မာလုပ္သားမ်ားအား ထိုင္းႏိုင္ငံရဲလ၀ကမ်ားက ဖမ္းဆီး အေရးယူၿပီးေနာက္ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ မယ္ဆိုင္ၿမိဳ႕မွတဆင့္ လႊဲေျပာင္းလာရာ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၁၅)ရက္ေန႔တြင္  ျမန္မာႏိုင္ငံသား အမ်ဳိးသား(၃)ဦးအား လႊဲေျပာင္းလာေၾကာင္း သိရသည္။

ထိုင္းဘက္ လ၀က ႏွင့္ အဖြဲ႔မွ ျမန္မာႏိုင္ငံသား (၃)ဦးအား တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထိုင္း အမွတ္(၂)ခ်စ္ၾကည္ေရးတံတားတြင္ လာေရာက္၍ လႊဲေျပာင္းေပးရာ ျမန္မာဘက္တာ၀န္ရွိသူမ်ားက လက္ခံခဲ့ၾကသည္။

ထိုသို႔ လာေရာက္လႊဲေျပာင္းေပးရာတြင္ ျမန္မာႏိုင္ငံသားမဟုတ္ဘဲ အျခားႏုိင္ငံသားမ်ား ေရာေႏွာပါ၀င္လာျခင္း ရွိမရွိကုိလည္း ျမန္မာဘက္တာ၀န္ရွိသူမ်ားက စိစစ္ၿပီးမွသာ လက္ခံခဲ့ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံဘက္မွ တရားမ၀င္ေရႊ႕ေျပာင္းျမန္မာလုပ္သားမ်ားအား ဖမ္းဆီး၍ ျမန္မာႏိုင္ငံ တာခ်ီလိတ္ ဘက္သို႔ လာေရာက္လႊဲေျပာင္းေပးရာတြင္ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ဇန္န၀ါရီလ(၁၅)ရက္ေန႔အထိ အမ်ဳိးသား(၁၃)ဦး ႏွင့္ အမ်ဳိးသမီး(၄)ဦး စုစုေပါင္း (၁၇)ဦးရွိၿပီျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - ၿမိဳ႕နယ္ ေထြ/အုပ္



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံအတွင်း တရားမဝင် သွားရောက်နေထိုင်သည့် ရွေ့ပြောင်း မြန်မာလုပ်သားများအား ထိုင်းနိုင်ငံရဲလဝကများက ဖမ်းဆီး အရေးယူပြီးနောက် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ မယ်ဆိုင်မြို့မှတဆင့် လွှဲပြောင်းလာရာ ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့တွင် မြန်မာနိုင်ငံသား အမျိုးသား(၃)ဦးအား လွှဲပြောင်းလာကြောင်း သိရသည်။

ထိုင်းဘက် လဝက နှင့် အဖွဲ့မှ မြန်မာနိုင်ငံသား (၃)ဦးအား တာချီလိတ်မြို့ မြန်မာ - ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် လာရောက်၍ လွှဲပြောင်းပေးရာ မြန်မာဘက်တာဝန်ရှိသူများက လက်ခံခဲ့ကြသည်။

ထိုသို့ လာရောက်လွှဲပြောင်းပေးရာတွင် မြန်မာနိုင်ငံသားမဟုတ်ဘဲ အခြားနိုင်ငံသားများ ရောနှောပါဝင်လာခြင်း ရှိမရှိကိုလည်း မြန်မာဘက်တာဝန်ရှိသူများက စိစစ်ပြီးမှသာ လက်ခံခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ တရားမဝင်ရွှေ့ပြောင်းမြန်မာလုပ်သားများအား ဖမ်းဆီး၍ မြန်မာနိုင်ငံ တာချီလိတ် ဘက်သို့ လာရောက်လွှဲပြောင်းပေးရာတွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇန်နဝါရီလ(၁၅)ရက်နေ့အထိ အမျိုးသား(၁၃)ဦး နှင့် အမျိုးသမီး(၄)ဦး စုစုပေါင်း (၁၇)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - မြို့နယ် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~