တာခ်ီလိတ္ရိွ စ်ေျမကြက္သစ္တြင္ ေနထုိင္သူမ်ား ဖယ္ရွားရန္ ေနာက္ဆံုးအႀကိမ္ သတိေပးစာထုတ္

တာခ်ီလိတ္ရိွ စ်ေျမကြက္သစ္တြင္ ေနထုိင္သူမ်ား ဖယ္ရွားရန္ ေနာက္ဆံုးအႀကိမ္ သတိေပးစာထုတ္
ဒီဇင်ဘာ 30, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္တြင္ ၂၀၁၀ ခုႏွစ္ကတည္းက အေကာင္အထည္ေဖၚေနသည့္ ၿမိဳ႕ကြက္သစ္စီမံကိန္း အပိုင္း(စ်)တြင္ ေနထိုင္သူမ်ား ဖယ္ရွားေပးရန္ ေနာက္ဆံုးအႀကိမ္ ႏို႔တစ္စာကပ္ျခင္းကို ဒီဇင္ဘာလ (၃၀)ရက္ေန႔ နံနက္က သက္ဆုိင္ရာဌာန တာဝန္ရိွသူမ်ားအဖြဲ႕ျဖင့္ ေဆာင္ရြက္ေၾကာင္း သိရသည္။

အဆုိပါ ေနရာ၌ က်ဴးေက်ာ္ေနထုိင္ျခင္း မလုပ္ေဆာင္ရန္ ၂၀၁၇ ခုႏွစ္ ဇြန္လ(၁၈)ရက္ေန႔တြင္ တားျမစ္ ဆုိင္းဘုတ္မ်ား စိုက္ထူခဲ့ၿပီးေနာက္ အဆိုပါေနရာမွ ရက္ေပါင္း (၃၀)အတြင္း ဖယ္ရွားေပးရန္ စက္တင္ဘာလ (၁၄)ရက္ေန႔က ပထမအႀကိမ္၊ ႏိုဝင္ဘာလ (၂၀)ရက္ေန႔က ဒုတိယအႀကိမ္ႏွင့္ ဒီဇင္ဘာလ (၃၀)ရက္ေန႔တြင္ ေနာက္ဆံုးအႀကိမ္အျဖစ္ သတိေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ႏို႔တစ္စာကပ္ျခင္းအား တာခ်ီလိတ္ၿမိဳ႕နယ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္ဦးေဆာင္သည့္ သက္ဆိုင္ရာဌာန တာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕က ေဆာင္ရြက္ျခင္းျဖစ္ၿပီး က်ဴးေက်ာ္ေနထိုင္သူမ်ား အေနျဖင့္ ဖယ္ရွားျခင္း မရိွပါက ဥပေဒအရ အေရးယူေဆာင္ရြက္ျခင္း လုပ္ေဆာင္ရမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေျမယာကြက္သစ္စီမံကိန္းေဖၚေဆာင္သည့္ ဧရိယာဧက (၄၀)အား ရွမ္းျပည္နယ္ ေအးခ်မ္း သာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕က ၂၀၁၀ ခုႏွစ္ ၾသဂုတ္လ (၂၈)ရက္ေန႔ ေန႔စြဲပါစာျဖင့္ ခြင့္ျပဳခဲ့ျခင္းျဖစ္ေသာ္လည္း တာဝန္ယူေဖာ္ေဆာင္သည့္ ကုမၸဏီမ်ားက ၂၀၁၇ ခုႏွစ္အထိ ၿပီးျပတ္ေအာင္ အေကာင္အထည္ေဖာ္ႏိုင္ခဲ့ျခင္း မရိွျဖစ္ေနခ်ိန္တြင္ မူလေျမပိုင္ရွင္ဆိုသူထံမွ ဝယ္ယူကာ ေနထုိင္သူမ်ား ရိွလာျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွ ေနထိုင္သူမ်ားသည့္ ေနအိမ္ (၅၀)ေက်ာ္မွာ စီမံကိန္းမစတင္မီက ႏွစ္ရွည္သီးႏွံစိုက္ပ်ိဳးခြင့္ ရထားခဲ့သူထံမွ အိမ္ၿခံေျမတစ္ကြက္လွ်င္ ဘတ္ႏွစ္သိန္းမွ ငါးသိန္းအထိ ဝယ္ယူ ေနထုိင္သူမ်ားျဖစ္ေၾကာင္း သိရသည္။

ဝန္ထမ္းမ်ားအတြက္ အိမ္ယာကြက္သစ္ေဖၚေဆာင္ေနသည့္ စ်ေျမကြက္သစ္၏ ေျမဧရိယာ ဧက (၄၀)ေက်ာ္အပါအဝင္ စုစုေပါင္း ေျမယာ (၉၃.၁၉)ဧကမွာ ယခင္က ေဒၚနန္းခမ္းတစ္က ေျမလြတ္ေျမရိုင္း ေဖာ္ထုတ္လုပ္ကိုင္ခြင့္ ႏွစ္(၃၀)ခြင့္ျပဳခ်က္ရရိွထားခဲ့သည့္ ေျမယာျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေျမယာမ်ားအား ေျမလြတ္ေျမရိုင္းလုပ္ကိုင္ခြင့္ ျပန္လည္ရုပ္သိမ္းေသာ တရားဝင္အမိန္႔စာမွာ တာခ်ီလိတ္ရွိ သက္ဆိုင္ရာဌာနမ်ားသို႔ ေရာက္ရွိလာျခင္းမရွိေသးေသာ္လည္း ရွမ္းျပည္နယ္ ေအးခ်မ္း သာယာေရးႏွင့္ ဖြံ႔ၿဖဳိးေရးေကာင္စီ အေရွ႕ပိုင္း(က်ဳိင္းတံု)မွ ၂၀၁၀ ခုႏွစ္ ၾသဂုတ္လ(၂၈)ရက္ေန႔တြင္ အဆိုပါေနရာအား ၿမိဳ႕ကြက္သစ္ အေကာင္အထည္ေဖာ္ရန္အတြက္ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ၂၀၁၀ ခုနှစ်ကတည်းက အကောင်အထည်ဖော်နေသည့် မြို့ကွက်သစ်စီမံကိန်း အပိုင်း(ဈ)တွင် နေထိုင်သူများ ဖယ်ရှားပေးရန် နောက်ဆုံးအကြိမ် နို့တစ်စာကပ်ခြင်းကို ဒီဇင်ဘာလ (၃၀)ရက်နေ့ နံနက်က သက်ဆိုင်ရာဌာန တာဝန်ရှိသူများအဖွဲ့ဖြင့် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ နေရာ၌ ကျူးကျော်နေထိုင်ခြင်း မလုပ်ဆောင်ရန် ၂၀၁၇ ခုနှစ် ဇွန်လ(၁၈)ရက်နေ့တွင် တားမြစ် ဆိုင်းဘုတ်များ စိုက်ထူခဲ့ပြီးနောက် အဆိုပါနေရာမှ ရက်ပေါင်း (၃၀)အတွင်း ဖယ်ရှားပေးရန် စက်တင်ဘာလ (၁၄)ရက်နေ့က ပထမအကြိမ်၊ နိုဝင်ဘာလ (၂၀)ရက်နေ့က ဒုတိယအကြိမ်နှင့် ဒီဇင်ဘာလ (၃၀)ရက်နေ့တွင် နောက်ဆုံးအကြိမ်အဖြစ် သတိပေးခြင်းဖြစ်ကြောင်း သိရသည်။

နို့တစ်စာကပ်ခြင်းအား တာချီလိတ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဦးဆောင်သည့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ကျူးကျော်နေထိုင်သူများ အနဖြေင့် ဖယ်ရှားခြင်း မရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်ခြင်း လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေယာကွက်သစ်စီမံကိန်းဖော်ဆောင်သည့် ဧရိယာဧက (၄၀)အား ရှမ်းပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(အရှေ့ပိုင်း) ကျိုင်းတုံမြို့က ၂၀၁၀ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့ နေ့စွဲပါစာဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သော်လည်း တာဝန်ယူဖော်ဆောင်သည့် ကုမ္ပဏီများက ၂၀၁၇ ခုနှစ်အထိ ပြီးပြတ်အောင် အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိဖြစ်နေချိန်တွင် မူလမြေပိုင်ရှင်ဆိုသူထံမှ ဝယ်ယူကာ နေထိုင်သူများ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ နေထိုင်သူများသည့် နေအိမ် (၅၀)ကျော်မှာ စီမံကိန်းမစတင်မီက နှစ်ရှည်သီးနှံစိုက်ပျိုးခွင့် ရထားခဲ့သူထံမှ အိမ်ခြံမြေတစ်ကွက်လျှင် ဘတ်နှစ်သိန်းမှ ငါးသိန်းအထိ ဝယ်ယူ နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းများအတွက် အိမ်ယာကွက်သစ်ဖော်ဆောင်နေသည့် ဈမြေကွက်သစ်၏ မြေဧရိယာ ဧက (၄၀)ကျော်အပါအဝင် စုစုပေါင်း မြေယာ (၉၃.၁၉)ဧကမှာ ယခင်က ဒေါ်နန်းခမ်းတစ်က မြေလွတ်မြေရိုင်း ဖော်ထုတ်လုပ်ကိုင်ခွင့် နှစ်(၃၀)ခွင့်ပြုချက်ရရှိထားခဲ့သည့် မြေယာဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေယာများအား မြေလွတ်မြေရိုင်းလုပ်ကိုင်ခွင့် ပြန်လည်ရုပ်သိမ်းသော တရားဝင်အမိန့်စာမှာ တာချီလိတ်ရှိ သက်ဆိုင်ရာဌာနများသို့ ရောက်ရှိလာခြင်းမရှိသေးသော်လည်း ရှမ်းပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အရှေ့ပိုင်း(ကျိုင်းတုံ)မှ ၂၀၁၀ ခုနှစ် သြဂုတ်လ(၂၈)ရက်နေ့တွင် အဆိုပါနေရာအား မြို့ကွက်သစ် အကောင်အထည်ဖော်ရန်အတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~