တာခ်ီလိတ္တြင္ (၇)ႏွစ္ၾကာ ေဖၚေဆာင္ေနသည့္ အပိုင္း(စ်) ၿမိဳ႕ကြက္သစ္မွ ေျမကြက္ရရိွရန္ က်န္ေနသူမ်ား ေျမကြက္ အျမန္ဆံုးရရွိေရးအတြက္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္

တာခ်ီလိတ္တြင္ (၇)ႏွစ္ၾကာ ေဖၚေဆာင္ေနသည့္ အပိုင္း(စ်) ၿမိဳ႕ကြက္သစ္မွ ေျမကြက္ရရိွရန္ က်န္ေနသူမ်ား ေျမကြက္ အျမန္ဆံုးရရွိေရးအတြက္ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္
ဒီဇင်ဘာ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ လြယ္စီတံုသြားလမ္းအနီး အပိုင္း(စ်)တြင္ အိမ္ေျမကြက္သစ္ ေဖၚထုတ္ေရာင္းခ်ခြင့္ ရထားသူက (၇)ႏွစ္ ၾကာၿပီးေနာက္ ၎ထံဝယ္ယူထားသူမ်ားထံ ေျမကြက္အပ္ႏွံမည္ဟု ေၾကညာခဲ့ေသာ္လည္း ေျမကြက္ရရိွျခင္း မရိွသူမ်ားရိွေနေၾကာင္း ဒီဇင္ဘာလ (၂၆)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕၌ သတင္းစာရွင္းလင္းပြဲျပဳလုပ္သည္။

ေျမကြက္ရရိွရန္ က်န္ရိွေနသူမ်ားအား ဒီဇင္ဘာလ (၂၃)ရက္ေန႔မွ (၂၅)ရက္ေန႔အတြင္း ေျဖရွင္းေဆာင္ရြက္ ေပးမည္ျဖစ္ေၾကာင္း အိမ္ၿခံေျမကြက္ ေဖၚထုတ္ေရာင္းခ်ထားသူ ဦးေဇာ္ေဇာ္ထြန္းက တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္ထံမွ တစ္ဆင့္ ေျမကြက္ ပိုင္ရွင္မ်ားအား အေၾကာင္းၾကားစာ ေပးပို႔ခဲ့ေသာ္လည္း အဆုိပါရက္မ်ား အတြင္း ေျဖရွင္းေပးျခင္း မရိွသျဖင့္ ေျမကြက္ပိုင္ရွင္ (၂၃)ဦးက သတင္းစာ ရွင္းလင္းပြဲျပဳလုပ္ျခင္းျဖစ္ျဖစ္ရာ အဆိုပါ ေျမကြက္ႏွင့္ သက္ဆိုင္သူ (၃၀)ေက်ာ္ တက္ေရာက္ခဲ့ၾကသည္။

“ကၽြန္မတို႔ ေျမကြက္ မရသူေတြက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးကို စာတင္ထားတာေၾကာင့္ သူက (ဦးေဇာ္ေဇာ္ထြန္း) ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဆီကေနတစ္ဆင့္ ကၽြန္မတုိ႔ကို ဒီဇင္ဘာလ (၂၃)ကေန (၂၅)ရက္အတြင္းမွာ ေျဖရွင္းေပးပါမယ္ဆိုၿပီး အေၾကာင္းၾကားလာတယ္။ ဒီထဲမွာ ရံုးပိတ္ရက္ေတြလည္းရိွေတာ့ ဒီဇင္ဘာလ (၂၃)ရက္ေန႔မွာ ခင္ဗ်ားတုိ႔ သြားလုိက္ပါ ေျဖရွင္းေပးမယ္ေျပာပါတယ္လို႔ ဒုၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးက ညိႇွႏိႈင္းေပးတာေၾကာင့္ ကၽြန္မတို႔ ေျမကြက္ပိုင္ရွင္ေတြစုၿပီး သြားၾကေပမဲ့ သူ႔တပည့္ေတြ (ဦးေဇာ္ေဇာ္ထြန္း) က မသိဘူး ေျပာတယ္။ ကိုယ္စားလွယ္လႊဲထားတဲ့ သူ႔မိန္းမကလည္း မသိဘူးပဲ ေျပာတယ္”ဟု ဦးေဇာ္ေဇာ္ထြန္းထံမွ အိမ္ၿခံေျမကြက္ဝယ္ထားသူတစ္ဦးျဖစ္သည့္ ေဒၚနန္းေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေျမဧက (၂၀)ေပၚတြင္ အိမ္ၿခံေျမကြက္သစ္ ေဖၚေဆာင္ခြင့္ရထားသည့္ ဦးေဇာ္ေဇာ္ထြန္းႏွင့္ ဦးစိန္ေမာင္တို႔ ၂၀၁၀ ခုႏွစ္တြင္ လုပ္ကိုင္ခြင့္ ရရိွထားခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ (၁၄) ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုး၏ ထုတ္ျပန္ အသိအမွတ္ျပဳမႈအရ အိမ္ၿခံေျမကြက္ေဖၚေဆာင္ျခင္း ၿပီးစီးၿပီျဖစ္သျဖင့္ ဦးေဇာ္ေဇာ္ထြန္းထံမွ အိမ္ၿခံေျမကြက္ ဝယ္ယူထားသူမ်ားကို ေျမကြက္မ်ား တစ္လအတြင္းေပးအပ္မည္ဟု ျမန္မာ့အလင္းႏွင့္ ျမဝတီသတင္းစာမ်ားတြင္ ႏိုဝင္ဘာလ (၁၇)ရက္ေန႔က ေၾကညာခဲ့သျဖင့္ ဝယ္ယူထားသူမ်ားက သြားေရာက္ဆက္သြယ္ရာ ေငြေၾကး ( ဘတ္ ၃၀၀၀၀ )ထပ္မံ ေတာင္းခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 “၂၀၁၀ ခုနွစ္မွာ ေျမစာရင္းက အကြက္ပံုစံခ်ထားေပးတာကိုျပၿပီး ေရာင္းခ်ေပးခဲ့ပါတယ္။ ေျခာက္ႏွစ္ ခုႏွစ္ႏွစ္ၾကာတဲ့အထိ ေျမကြက္ေတြကို မအပ္ႏွံေပးေသးပါဘူး။ ၂၀၁၇ မွာ သတင္းစာေၾကညာခ်က္ေၾကာင့္ ကၽြန္မတို႔  ဝယ္ယူထားသူေတြ သြားေတြ႔တဲ့အခါမွာ သူက ေနာက္ထပ္ ဘတ္သံုးေသာင္းေပးမွ ေရေျမာင္းေတြ လမ္းေတြ လုပ္ၿပီး အကြက္ေဖၚေဆာင္ေပးမယ္ေျပာပါတယ္။ ကၽြန္မတို႔ စတင္ဝယ္ယူစဥ္က ဒါေတြ ထပ္ေပးရမယ္လို႔ မပါခဲ့ပါဘူး။ ဒီေျမကြက္အတုိင္း အပ္ႏွံမယ္ဆိုၿပီး သေဘာတူေရာင္းခ် ဝယ္ခဲ့တာျဖစ္ပါတယ္။ အခု ေရာင္းခ်ထားတဲ့အတုိင္း ေျမကြက္ကို မေပးႏုိင္ဘူး ျဖစ္ေနတယ္”ဟု ေျမကြက္ဝယ္ယူထားသူ တစ္ဦးျဖစ္သည့္ ေဒၚသိဂႌငယ္က သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

ေျမကြက္ဝယ္ယူထားသူမ်ားႏွင့္ မူလစာခ်ဳပ္အား ပယ္ဖ်က္၍ စာခ်ဳပ္သစ္ျဖင့္ ေပးမည္ျဖစ္ရာ မူလ ေရာင္းခ်ထားသည့္ ေျမကြက္နံပါတ္မ်ား အတုိင္း ေပးအပ္မည္ မဟုတ္ေၾကာင္း ဦးေဇာ္ေဇာ္ထြန္းက ေၾကညာခဲ့ၿပီး ဘတ္ေငြသံုးေသာင္းေပးသူမ်ားအား စာခ်ဳပ္အသစ္ျဖင့္ ေျမကြက္နံပါတ္မ်ား အသစ္ထပ္မံေပးမည္ဟု ဆိုေသာ္လည္း အဆိုပါ စာခ်ဳပ္တြင္ လမ္းေဖါက္လုပ္ေရးႏွင့္ ေရႏႈတ္ေျမာင္း လုပ္ရန္အတြက္ ဘတ္ေငြသံုးေသာင္းကို မိမိသေဘာအေလ်ာက္ ေပးအပ္ပါသည္ဟု ခ်ဳပ္ဆိုထားသည္ကို ေတြ႔ရေၾကာင္း သိရသည္။

“ဘတ္ေငြသံုးေသာင္းေပးထားသူေတြကို စာခ်ဳပ္ခ်ဳပ္ေပးတယ္ေျပာတယ္။ အဲဒီစာခ်ဳပ္ထဲမွာ လမ္းေဖါက္လုပ္ေရးနဲ႔ ေရႏႈတ္ေျမာင္းလုပ္ဖုိ႔ကို ဘတ္ေငြသံုးေသာင္းကို မိမိသေဘာအေလ်ာက္ ေပးအပ္ပါတယ္ဆိုၿပီး စာခ်ဳပ္ ခ်ဳပ္ေပးတာ ေတြ႔ရတယ္။ ေျမကြက္နဲ႔ေတာ့ ဘာမွမဆုိင္ဘူး”ဟု ေဒၚနန္းေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေျမကြက္ဝယ္ယူထားၿပီး မရရိွသူ လတ္တေလာစာရင္းအရ (၂၃)ဦးက ဝယ္ယူထားသည့္ ေျမကြက္(၆၄)ကြက္အတြက္ ေငြေၾကးထပ္မံ ေကာက္ခံေနျခင္းႏွင့္ မူလေရာင္းထားသည့္ စာခ်ဳပ္အား ပယ္ဖ်က္ျခင္းတုိ႔နွင့္ ပတ္သက္၍ ေျဖရွင္းေပးပါရန္ တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ ေျမကြက္ပိုင္ရွင္ (၁၈)ဦးက လက္မွတ္ေရးထိုး တင္ျပထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေျမကြက္ေရာင္းခ်ထားသည့္ ဦးေဇာ္ေဇာ္ထြန္းက ဇနီးျဖစ္သူ ေဒၚမီေကးအား အထူးကိုယ္စားလွယ္ လႊဲအပ္ထားေသာ္လည္း ေဒၚမီေကးအေနျဖင့္ ေျဖရွင္းေပးႏိုင္ျခင္း မရိွေၾကာင္း သတင္းစာရွင္းလင္းပြဲတြင္ ေျမကြက္ဝယ္ယူထားသူမ်ားက သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

အဆိုပါ ေျမကြက္မ်ားႏွင့္ ပတ္သက္၍ ေျမစာရင္း ႏွင့္ သက္ဆိုင္ရာ ဌာနမ်ားအေနျဖင့္ ၀င္ေရာက္ ကူညီေျဖရွင္းေပးေစခ်င္ေၾကာင္း တက္ေရာက္လာသူမ်ားက ဆိုၾကသည္။

"ကြ်န္ေတာ့္အေနနဲ႔ကေတာ့ ဒီကိစၥမွာ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ား နဲ႔ ေျမစာရင္း အေနနဲ႔ အျမန္ဆံုး ၀င္ေရာက္ ကိုယ္တြယ္ ေျဖရွင္းေပးသင့္ပါတယ္။ ေျမကြက္ရိုက္ အေကာင္အထည္ေဖာ္ၿပီး အျမန္ဆံုးခ် ေပးေစခ်င္ပါတယ္၊"ဟု ေျမကြက္၀ယ္ယူထားသည့္ ဦးေမာင္လွက ေျပာသည္။

ဦးေဇာ္ေဇာ္ထြန္းထံမွ အိမ္ၿခံေျမကြက္ ဝယ္ယူထားသူမ်ားအနက္ ထပ္မံေကာက္ခံသည့္ ဘတ္ေငြ သံုးေသာင္းေပး၍ စာခ်ဳပ္အသစ္ ခ်ဳပ္ဆိုသူမ်ားလည္းရိွၿပီး ေငြေၾကးထပ္မံမေပးအပ္ဘဲ က်န္ခဲ့သူ (၂၃)ဦး ရိွေနျခင္းျဖစ္ေၾကာင္း သိရသည္။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ လွယ်စီတုံသွားလမ်းအနီး အပိုင်း(ဈ)တွင် အိမ်မြေကွက်သစ် ဖော်ထုတ်ရောင်းချခွင့် ရထားသူက (၇)နှစ် ကြာပြီးနောက်၎င်းထံဝယ်ယူထားသူများထံ မြေကွက်အပ်နှံမည်ဟု ကြေညာခဲ့သော်လည်း မြေကွက်ရရှိခြင်း မရှိသူများရှိနေကြောင်း ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် တာချီလိတ်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်သည်။

မြေကွက်ရရှိရန် ကျန်ရှိနေသူများအား ဒီဇင်ဘာလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အတွင်း ဖြေရှင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း အိမ်ခြံမြေကွက် ဖော်ထုတ်ရောင်းချထားသူ ဦးဇော်ဇော်ထွန်းက တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ထံမှ တစ်ဆင့် မြေကွက် ပိုင်ရှင်များအား အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း အဆိုပါရက်များ အတွင်း ဖြေရှင်းပေးခြင်း မရှိသဖြင့် မြေကွက်ပိုင်ရှင် (၂၃)ဦးက သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်ဖြစ်ရာ အဆိုပါ မြေကွက်နှင့် သက်ဆိုင်သူ (၃၀)ကျော် တက်ရောက်ခဲ့ကြသည်။

“ကျွန်မတို့ မြေကွက် မရသူတွေက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို စာတင်ထားတာကြောင့် သူက (ဦးဇော်ဇော်ထွန်း) ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဆီကနေတစ်ဆင့် ကျွန်မတို့ကို ဒီဇင်ဘာလ (၂၃)ကနေ (၂၅)ရက်အတွင်းမှာ ဖြေရှင်းပေးပါမယ်ဆိုပြီး အကြောင်းကြားလာတယ်။ ဒီထဲမှာ ရုံးပိတ်ရက်တွေလည်းရှိတော့ ဒီဇင်ဘာလ (၂၃)ရက်နေ့မှာ ခင်ဗျားတို့ သွားလိုက်ပါ ဖြေရှင်းပေးမယ်ပြောပါတယ်လို့ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက ညှိနှိုင်းပေးတာကြောင့် ကျွန်မတို့ မြေကွက်ပိုင်ရှင်တွေစုပြီး သွားကြပေမဲ့ သူ့တပည့်တွေ (ဦးဇော်ဇော်ထွန်း) က မသိဘူး ပြောတယ်။ ကိုယ်စားလှယ်လွှဲထားတဲ့ သူ့မိန်းမကလည်း မသိဘူးပဲ ပြောတယ်”ဟု ဦးဇော်ဇော်ထွန်းထံမှ အိမ်ခြံမြေကွက်ဝယ်ထားသူတစ်ဦးဖြစ်သည့် ဒေါ်နန်းအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် မြေဧက (၂၀)ပေါ်တွင် အိမ်ခြံမြေကွက်သစ် ဖော်ဆောင်ခွင့်ရထားသည့် ဦးဇော်ဇော်ထွန်းနှင့် ဦးစိန်မောင်တို့ ၂၀၁၀ ခုနှစ်တွင် လုပ်ကိုင်ခွင့် ရရှိထားခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၁၄) ရက်နေ့တွင် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၏ ထုတ်ပြန် အသိအမှတ်ပြုမှုအရ အိမ်ခြံမြေကွက်ဖော်ဆောင်ခြင်း ပြီးစီးပြီဖြစ်သဖြင့် ဦးဇော်ဇော်ထွန်းထံမှ အိမ်ခြံမြေကွက် ဝယ်ယူထားသူများကို မြေကွက်များ တစ်လအတွင်းပေးအပ်မည်ဟု မြန်မာ့အလင်းနှင့် မြဝတီသတင်းစာများတွင် နိုဝင်ဘာလ (၁၇)ရက်နေ့က ကြေညာခဲ့သဖြင့် ဝယ်ယူထားသူများက သွားရောက်ဆက်သွယ်ရာ ငွေကြေး ( ဘတ် ၃၀၀၀၀ )ထပ်မံ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “၂၀၁၀ ခုနှစ်မှာ မြေစာရင်းက အကွက်ပုံစံချထားပေးတာကိုပြပြီး ရောင်းချပေးခဲ့ပါတယ်။ ခြောက်နှစ် ခုနှစ်နှစ်ကြာတဲ့အထိ မြေကွက်တွေကို မအပ်နှံပေးသေးပါဘူး။ ၂၀၁၇ မှာ သတင်းစာကြေညာချက်ကြောင့် ကျွန်မတို့ ဝယ်ယူထားသူတွေ သွားတွေ့တဲ့အခါမှာ သူက နောက်ထပ် ဘတ်သုံးသောင်းပေးမှ ရေမြောင်းတွေ လမ်းတွေ လုပ်ပြီး အကွက်ဖော်ဆောင်ပေးမယ်ပြောပါတယ်။ ကျွန်မတို့ စတင်ဝယ်ယူစဉ်က ဒါတွေ ထပ်ပေးရမယ်လို့ မပါခဲ့ပါဘူး။ ဒီမြေကွက်အတိုင်း အပ်နှံမယ်ဆိုပြီး သဘောတူရောင်းချ ဝယ်ခဲ့တာဖြစ်ပါတယ်။ အခု ရောင်းချထားတဲ့အတိုင်း မြေကွက်ကို မပေးနိုင်ဘူး ဖြစ်နေတယ်”ဟု မြေကွက်ဝယ်ယူထားသူ တစ်ဦးဖြစ်သည့် ဒေါ်သိင်္ဂီငယ်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြေကွက်ဝယ်ယူထားသူများနှင့် မူလစာချုပ်အား ပယ်ဖျက်၍ စာချုပ်သစ်ဖြင့် ပေးမည်ဖြစ်ရာ မူလ ရောင်းချထားသည့် မြေကွက်နံပါတ်များ အတိုင်း ပေးအပ်မည် မဟုတ်ကြောင်း ဦးဇော်ဇော်ထွန်းက ကြေညာခဲ့ပြီး ဘတ်ငွေသုံးသောင်းပေးသူများအား စာချုပ်အသစ်ဖြင့် မြေကွက်နံပါတ်များ အသစ်ထပ်မံပေးမည်ဟု ဆိုသော်လည်း အဆိုပါ စာချုပ်တွင် လမ်းဖောက်လုပ်ရေးနှင့် ရေနှုတ်မြောင်း လုပ်ရန်အတွက် ဘတ်ငွေသုံးသောင်းကို မိမိသဘောအလျောက် ပေးအပ်ပါသည်ဟု ချုပ်ဆိုထားသည်ကို တွေ့ရကြောင်း သိရသည်။

“ဘတ်ငွေသုံးသောင်းပေးထားသူတွေကို စာချုပ်ချုပ်ပေးတယ်ပြောတယ်။ အဲဒီစာချုပ်ထဲမှာ လမ်းဖောက်လုပ်ရေးနဲ့ ရေနှုတ်မြောင်းလုပ်ဖို့ကို ဘတ်ငွေသုံးသောင်းကို မိမိသဘောအလျောက် ပေးအပ်ပါတယ်ဆိုပြီး စာချုပ် ချုပ်ပေးတာ တွေ့ရတယ်။ မြေကွက်နဲ့တော့ ဘာမှမဆိုင်ဘူး”ဟု ဒေါ်နန်းအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေကွက်ဝယ်ယူထားပြီး မရရှိသူ လတ်တလောစာရင်းအရ (၂၃)ဦးက ဝယ်ယူထားသည့် မြေကွက်(၆၄)ကွက်အတွက် ငွေကြေးထပ်မံ ကောက်ခံနခြေင်းနှင့် မူလရောင်းထားသည့် စာချုပ်အား ပယ်ဖျက်ခြင်းတို့နှင့် ပတ်သက်၍ ဖြေရှင်းပေးပါရန် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ မြေကွက်ပိုင်ရှင် (၁၈)ဦးက လက်မှတ်ရေးထိုး တင်ပြထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေကွက်ရောင်းချထားသည့် ဦးဇော်ဇော်ထွန်းက ဇနီးဖြစ်သူ ဒေါ်မီကေးအား အထူးကိုယ်စားလှယ် လွှဲအပ်ထားသော်လည်း ဒေါ်မီကေးအနဖြေင့် ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် မြေကွက်ဝယ်ယူထားသူများက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ မြေကွက်များနှင့် ပတ်သက်၍ မြေစာရင်း နှင့် သက်ဆိုင်ရာ ဌာနများအနဖြေင့် ဝင်ရောက် ကူညီဖြေရှင်းပေးစေချင်ကြောင်း တက်ရောက်လာသူများက ဆိုကြသည်။

"ကျွန်တော့်အနေနဲ့ကတော့ ဒီကိစ္စမှာ သက်ဆိုင်ရာ တာဝန်ရှိသူများ နဲ့ မြေစာရင်း အနေနဲ့ အမြန်ဆုံး ဝင်ရောက် ကိုယ်တွယ် ဖြေရှင်းပေးသင့်ပါတယ်။ မြေကွက်ရိုက် အကောင်အထည်ဖော်ပြီး အမြန်ဆုံးချ ပေးစေချင်ပါတယ်၊"ဟု မြေကွက်ဝယ်ယူထားသည့် ဦးမောင်လှက ပြောသည်။

ဦးဇော်ဇော်ထွန်းထံမှ အိမ်ခြံမြေကွက် ဝယ်ယူထားသူများအနက် ထပ်မံကောက်ခံသည့် ဘတ်ငွေ သုံးသောင်းပေး၍ စာချုပ်အသစ် ချုပ်ဆိုသူများလည်းရှိပြီး ငွေကြေးထပ်မံမပေးအပ်ဘဲ ကျန်ခဲ့သူ (၂၃)ဦး ရှိနခြေင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~