မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်ရှိ မယ်ဆိုင်ချောင်းအတွင်းမှ (၃)ခုမြောက် ရေတားဖြစ်သည့် ၀ါးဆိပ်ရေတားအား ဖယ်ရှား
မြန်မာ - ထိုင်း နယ်စပ် တာချီလိတ်ရှိ မယ်ဆိုင်ချောင်းအတွင်းမှ (၃)ခုမြောက် ရေတားဖြစ်သည့် ၀ါးဆိပ်ရေတားအား ဖယ်ရှား
ဒီဇငျဘာ 27, 2017
By Tachileik News Agency
မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း ) တာချီလိတ်မြို့ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အကြား နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းအတွင်း ရေတားပြုလုပ်ထားသော ရေဆိပ်(၃)ဆိပ်အား ဒီဇင်ဘာလ(၂၁)ရက်နေ့က စ၍ ဖယ်ရှားနေလျက်ရှိရာ ရေဆိပ်(၂)ဆိပ်မှာ အပေါ်ပိုင်း ပြီးစီးနေပြီး ၀ါးဆိပ်(ပုန်းထွန်း)အား ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက်ပိုင်းကစ၍ ဖယ်ရှားပေးနေကြောင်း သိရသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပြည်သူ့စစ်ဂိတ်အနီးရှိ ဂရင်းဆိပ်ရေတားကိုလည်းကောင်း၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ ငှက်ပျောဆိပ်ရေတားကို လည်းကောင်း၊ ပုန်းထွန်ရပ်ကွက်ရှိ ၀ါးဆိပ်မှ ရေတားကို လည်းကောင်း မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးအရ ဖယ်ရှားပေးရန် သဘောတူညီခဲ့ပြီးနောက် ထိုင်းဘက်က တာဝန်ရှိသူများက မြန်မာဘက်တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဖယ်ရှားပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ နယ်နိမိတ်ချောင်းကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီး ဥက္ကဌ အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးက တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက တာဝန်ယူထားကြောင်း သိရသည်။
သတင်း -  ဇာနှင်း
ဓါတ်ပုံ - UH(MS)
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း ) တာချီလိတ်မြို့ နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အကြား နယ်စပ်ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းအတွင်း ရေတားပြုလုပ်ထားသော ရေဆိပ်(၃)ဆိပ်အား ဒီဇင်ဘာလ(၂၁)ရက်နေ့က စ၍ ဖယ်ရှားနေလျက်ရှိရာ ရေဆိပ်(၂)ဆိပ်မှာ အပေါ်ပိုင်း ပြီးစီးနပြေီး ဝါးဆိပ်(ပုန်းထွန်း)အား ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက်ပိုင်းကစ၍ ဖယ်ရှားပေးနေကြောင်း သိရသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပြည်သူ့စစ်ဂိတ်အနီးရှိ ဂရင်းဆိပ်ရေတားကိုလည်းကောင်း၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ ငှက်ပျောဆိပ်ရေတားကို လည်းကောင်း၊ ပုန်းထွန်ရပ်ကွက်ရှိ ဝါးဆိပ်မှ ရေတားကို လည်းကောင်း မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးအရ ဖယ်ရှားပေးရန် သဘောတူညီခဲ့ပြီးနောက် ထိုင်းဘက်က တာဝန်ရှိသူများက မြန်မာဘက်တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဖယ်ရှားပေးနခြေင်း ဖြစ်ကြောင်း သိရသည်။
"ဂရင်းဆိပ် နဲ့ ငှက်ပျောဆိပ်ကတော့ ပြီးသွားပြီး ဝါးဆိပ်ကိုတော့ ဒီနေ့ စလုပ်နကြေပါတယ်။ ဂရင်းဆိပ်က ပြီးသွားပြီ ဆိုပေမဲ့၊ အောက်ပိုင်းမှာ ကျောက်ထုပ်ကြီး ကျန်သေးတယ်။ အဲ့ဒါကတော့ ရေကျသွားမှာ လုပ်လို့ရမှာဖြစ်တဲ့အတွက် အခုလောလောဆယ်တော့ အပေါ်ပိုင်းကို ဖယ်ရှားပြီးဖြစ်ပါတယ်၊ အဲ့လို လုပ်တဲ့အခါမှာ ထိုင်းဘက်က လုပ်တာကို မြန်မာ - ထိုင်း နှစ်ဖက် တာဝန်ရှိသူတွေက စောင့်ကြည့်ပြီး ပူးပေါင်းဆောင်ရွက်တဲ့ သဘောပါ"ဟု တာချီလိတ်​ခရိုင်အုပ်​ချုပ်​​ရေးမှူးရုံးမှ မြန်​မာ - ထိုင်​း ဆက်​ဆံ​ရေးတာဝန်​ခံ ဦးထွန်း(မယ်ဆိုင်)က ပြောသည်။
အဆိုပါ ရေဆိပ်ရှိ ရေတားများအား ဒီဇင်ဘာလ(၃၁)ရက်နေ့ နောက်ဆုံးထားကာ ထိုင်းဖက်က အပြီးဖယ်ရှားပေးရန်အတွက် မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးအရ သဘောတူထားရှိကြောင်း သိရသည်။
“မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေအသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ အစည်းအဝေးအရ ဒီဇင်ဘာ (၂၁)ရက်ကနေ ဒီဇင်ဘာ (၃၁)ရက်နေ့အတွင်းမှာ ချောင်းမှာ အတားအဆီးဖြစ်နေတဲ့ဟာတွေကို ဖယ်ရှားပေးမယ့် အစီအစဉ်ကို သူတို့လုပ်နေပါတယ်။ ဒါတွေကိုဖယ်ပြီးတော့ ကော်မတီဆုံးဖြတ်ချက် အတိုင်း ဂရင်းဆိပ်နဲ့ ငှက်ပျောဆိပ်မှာ ယာယီရေတားဖြစ်တဲ့ ဝါးနဲ့တားတာကို နွေရာသီမှာ ပြန်လုပ်မယ်။ မိုးရာသီမှာ ပြန်ဖယ်ရှားမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း အခုဖယ်ရှားနကြေပါတယ်”ဟု မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွေဲဝ အသုံးချရေးနှင့် မြစ်ကြောင်းထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီ အတွင်းရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ နယ်နိမိတ် မယ်ဆိုင်ချောင်းတွင် နွေရာသီကာလများတွင် မယ်ဆိုင်မှ လယ်သမားများက စိုက်ပျိုးရေယူရန် မယ်ဆိုင်ချောင်းတွင်း အတားအဆီးများကို မြန်မာနိုင်ငံဘက်မှ ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်လေ့ရှိသဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများအကြား ဆွေးနွေး ညှိနှိုင်းမှု လုပ်ဆောင်ခဲ့ရာ ၂၀၁၈ ခုနှစ် နွေရာသီစိုက်ပျိုးရာသီမှစ၍ ဝါးဖြင့် ယာယီရေတားပြုလုပ်ပြီး မိုးရာသီတွင် ဖယ်ရှားပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နယ်နိမိတ်ချောင်းကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွေဲဝ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီး ဥက္ကဌ အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးက တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက တာဝန်ယူထားကြောင်း သိရသည်။
သတင်း - ဇာနှင်း
ဓာတ်ပုံ - UH(MS)
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~