ထိုင္းႏိုင္ငံ မယ္ဆိုင္ေခ်ာင္းမွ တဆင့္ တာခ်ီလိတ္သို႔ တရားမ၀င္လက္နက္သယ္လာသူအား ဖမ္းဆီးရမိ

ထိုင္းႏိုင္ငံ မယ္ဆိုင္ေခ်ာင္းမွ တဆင့္ တာခ်ီလိတ္သို႔ တရားမ၀င္လက္နက္သယ္လာသူအား ဖမ္းဆီးရမိ
ဒီဇင်ဘာ 26, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္္ၿမဳိ႕၊ မကာဟုိခမ္းရပ္ကြက္ရွိ ေမဖလား၀ါးကြင္း ႏွင့္ မယ္ဆိုင္ေခ်ာင္း အနီးတြင္ ဒီဇင္ဘာလ (၂၆) ရက္ေန႔ ေန႔လယ္က မယ္ဆုိင္ေခ်ာင္းေရဆိပ္မွတစ္ဆင့္ ထုိင္းႏုိင္ငံမွ ေသနတ္ႏွစ္လက္ သယ္ေဆာင္လာသည့္ အမ်ိဳးသားတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမဳိ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ားႏွင့္ မကာဟိုခမ္းရပ္ကြက္မွ တာ၀န္ရွိသူမ်ားပါ၀င္သည့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔တို႔သည္ မကာဟိုခမ္းရပ္ကြက္၊ ေမဖလား၀ါးကြင္း ႏွင့္ မယ္ဆိုင္ေခ်ာင္းအနီးတြင္ ေရဆိပ္မွ လမ္းေလွ်ာက္လာသည့္ က်ာေယာ္ဆိုသူအား မသကၤာ၍ စစ္ေဆးရာ မယ္ဆုိင္ေခ်ာင္းမွ တစ္ဆင့္ ထုိင္းႏုိင္ငံမွ တရားမဝင္ျဖတ္သန္း ဝင္ေရာက္ လာျခင္းျဖစ္ၿပီး ၎ထံက Remington အမ်ဳိးအစား ေသနတ္ တစ္လက္၊ ဘယ္လ္ဂ်ီယံႏုိင္ငံထုတ္ အမွတ္အသားပါသည့္ ေျပာင္းေခ်ာေသနတ္တစ္လက္တို႔အား သိမ္းဆည္း ရမိျခင္းျဖစ္ေၾကာင္း သိရသည္။

လက္နက္အား တရားမဝင္သယ္လာသူသည္ က်ိဳင္းတံုၿမိဳ႕နယ္ ပံုစိတ္ေက်းရြာမွျဖစ္ၿပီး ၎အား တာခ်ီလိတ္ၿမဳိ႕မ ရဲစခန္းတြင္ (ပ)၂၅၄/၂၀၁၇ ၊ ရွမ္းလက္နက္ ၁၂(က)ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မေဖလားဝါးကွင်း နှင့် မယ်ဆိုင်ချောင်း အနီးတွင် ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လယ်က မယ်ဆိုင်ချောင်းရေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ သေနတ်နှစ်လက် သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မကာဟိုခမ်းရပ်ကွက်မှ တာဝန်ရှိသူများပါဝင်သည့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့သည် မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်း နှင့် မယ်ဆိုင်ချောင်းအနီးတွင် ရေဆိပ်မှ လမ်းလျှောက်လာသည့် ကျာယော်ဆိုသူအား မသင်္ကာ၍ စစ်ဆေးရာ မယ်ဆိုင်ချောင်းမှ တစ်ဆင့် ထိုင်းနိုင်ငံမှ တရားမဝင်ဖြတ်သန်း ဝင်ရောက် လာခြင်းဖြစ်ပြီး၎င်းထံက Remington အမျိုးအစား သေနတ် တစ်လက်၊ ဘယ်လ်ဂျီယံနိုင်ငံထုတ် အမှတ်အသားပါသည့် ပြောင်းချောသေနတ်တစ်လက်တို့အား သိမ်းဆည်း ရမိခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်အား တရားမဝင်သယ်လာသူသည် ကျိုင်းတုံမြို့နယ် ပုံစိတ်ကျေးရွာမှဖြစ်ပြီး၎င်းအား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၂၅၄/၂၀၁၇၊ ရှမ်းလက်နက် ၁၂(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~