သိႏၷီၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးထံမွ ပစၥတိုတစ္လက္ႏွင့္ က်ည္ဆံမ်ား ဖမ္းဆီးရမိ

သိႏၷီၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးထံမွ ပစၥတိုတစ္လက္ႏွင့္ က်ည္ဆံမ်ား ဖမ္းဆီးရမိ
ဒီဇင်ဘာ 3, 2017
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕တြင္ ရဲတပ္ဖြဲ႔က မသကၤာသျဖင့္ စစ္ေဆးစဥ္ ထြက္ေျပးသြားသည့္ အမ်ိဳးသားတစ္ဦးထံမွ ပစၥတိုတစ္လက္၊ က်ည္အိမ္တစ္ခုႏွင့္ က်ည္(၃)ေတာင့္ကို ဒီဇင္ဘာလ(၂)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားက ဖုန္းဆိုင္တစ္ဆိုင္တြင္ ဖုန္းလံုၿခံဳေရးစနစ္ျဖဳတ္ခိုင္းသည္ကို မသကၤာသျဖင့္ ရဲတပ္ဖြဲ႔အား အေၾကာင္းၾကားရာ ရဲတပ္ဖြဲ႔လာေရာက္စစ္ေဆးစဥ္ ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသားေနာက္သို႔ ရဲတပ္ဖြဲ႕က ခလရ(၂၄၀)မွ နမၼတူတံတားလုံၿခဳံေရး ေဆာင္ရြက္လ်က္ရွိသည့္ တပ္မေတာ္သားမ်ားႏွင့္ ပူးေပါင္း၍ လိုက္လံဖမ္းဆီးရာ ဒီဇင္ဘာလ (၂)ရက္ေန႔ ေန႔လယ္ (၂)နာရီခန္႔တြင္ တိုင္ယက္ေက်းရြာႏွင့္ ေကာင္းေဟာ္ေက်းရြာသြားကားလမ္း၌ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ၿပီး ၎ထံမွ တ႐ုတ္နိုင္ငံလုပ္ Norinco Tokatev အမ်ိဳးအစား ပစၥတို (၁) လက္ ၊ ၎က်ည္အိမ္တစ္ခု၊ က်ည္(၃)ေတာင့္၊ အရွည္ ၂ ေပ ခန္႔ရွိ ဓါး(၁)ေခ်ာင္းႏွင့္ ဖုန္းႏွစ္လံုးတုိ႔အား သိမ္းဆည္းရမိေၾကာင္း သိရသည္။

လက္နက္ျဖင့္ ဖမ္းဆီးရမိသူမွာ တာမိုးညဲၿမိဳ႕၊ ပိန္းခမ္းရြာမွ ေနာ္မုိင္ျဖစ္ေၾကာင္း စစ္ေဆးသိရိွရေၾကာင္း သိရသည္။

ေနာ္မိုင္အား သိႏၷီၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၆၂/၂၀၁၇ လက္နက္ပုဒ္မ ၁၂(က)ျဖင့္ အမႈဖြင့္စစ္ေဆး အေရးယူထားေၾကာင္း သိရသည္။

သတင္း #နန္းဟြမ္ခမ္း

~~~~~~~~⊰❂ unicode ~~~~~~~~
သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦးထံမှ ပစ္စတိုတစ်လက်နှင့် ကျည်ဆံများ ဖမ်းဆီးရမိ
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့တွင် ရဲတပ်ဖွဲ့က မသင်္ကာသဖြင့် စစ်ဆေးစဉ် ထွက်ပြေးသွားသည့် အမျိုးသားတစ်ဦးထံမှ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခုနှင့် ကျည်(၃)တောင့်ကို ဒီဇင်ဘာလ(၂)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ အမျိုးသားက ဖုန်းဆိုင်တစ်ဆိုင်တွင် ဖုန်းလုံခြုံရေးစနစ်ဖြုတ်ခိုင်းသည်ကို မသင်္ကာသဖြင့် ရဲတပ်ဖွဲ့အား အကြောင်းကြားရာ ရဲတပ်ဖွဲ့လာရောက်စစ်ဆေးစဉ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားနောက်သို့ ရဲတပ်ဖွဲ့က ခလရ(၂၄၀)မှ နမ္မတူတံတားလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများနှင့် ပူးပေါင်း၍ လိုက်လံဖမ်းဆီးရာ ဒီဇင်ဘာလ (၂)ရက်နေ့ နေ့လယ် (၂)နာရီခန့်တွင် တိုင်ယက်ကျေးရွာနှင့် ကောင်းဟော်ကျေးရွာသွားကားလမ်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ တရုတ်နိုင်ငံလုပ် Norinco Tokatev အမျိုးအစား ပစ္စတို (၁) လက် ၊ ၎င်းကျည်အိမ်တစ်ခု၊ ကျည်(၃)တောင့်၊ အရှည် ၂ ပေ ခန့်ရှိ ဓါး(၁)ချောင်းနှင့် ဖုန်းနှစ်လုံးတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

လက်နက်ဖြင့် ဖမ်းဆီးရမိသူမှာ တာမိုးညဲမြို့၊ ပိန်းခမ်းရွာမှ နော်မိုင်ဖြစ်ကြောင်း စစ်ဆေးသိရှိရကြောင်း သိရသည်။

နော်မိုင်အား သိန္နီမြို့မရဲစခန်းတွင် (ပ) ၂၆၂/၂၀၁၇ လက်နက်ပုဒ်မ ၁၂(က)ဖြင့် အမှုဖွင့်စစ်ဆေး အရေးယူထားကြောင်း သိရသည်။

သတင်း #နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~