ထုိင္းႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၂၇၀)ဦး ကရင္ႏွင့္ ရွမ္းျပည္နယ္ နယ္စပ္ဝင္ေပါက္မ်ားမွတဆင့္ ျပန္လည္ေရာက္ရိွ

ထုိင္းႏုိင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၂၇၀)ဦး ကရင္ႏွင့္ ရွမ္းျပည္နယ္ နယ္စပ္ဝင္ေပါက္မ်ားမွတဆင့္ ျပန္လည္ေရာက္ရိွ
ဒီဇင်ဘာ 16, 2017
By Tachileik News Agency

ထိုင္းႏုိင္ငံမွ အလုပ္သမားဥပေဒသစ္ေၾကာင့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား ေနရပ္ျပန္လာေနရာ ကရင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) နယ္စပ္ဝင္ေပါက္မ်ားမွ တဆင့္ ဒီဇင္ဘာလ (၁၅)ရက္ေန႔တြင္ ျမန္မာေရႊ႕ေျပာင္းလုပ္သားစုစုေပါင္း (၂၇၀) ျပန္လည္ေရာက္ရိွလာေၾကာင္း သိရသည္။

အဆိုပါ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားသည္ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕၊ အမွတ္(၁)ခ်စ္ၾကည္ေရး တံတားမွတစ္ဆင့္ အမ်ိဳးသား(၁၈၆)ဦးႏွင့္ အမ်ိဳးသမီး(၅၅)ဦး စုစုေပါင္း (၂၄၁) ဦး၊ ၾကာအင္းဆိပ္ႀကီးၿမိဳ႕နယ္၊ ဘုရားသုံးဆူၿမိဳ႕၊ သြပ္ျပားေပါက္(ေဒသအေခၚ)မွတစ္ဆင့္ အမ်ိဳးသား (၁၄)ဦးႏွင့္ အမ်ိဳးသမီး (၉)ဦး စုစုေပါင္း (၂၃) ဦး၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွ တစ္ဆင့္ အမ်ိဳးသား (၆)ဦးတို႔ ျပန္လည္ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံမွ ျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားဦးေရမွာ ၂၀၁၇ ခုႏွစ္၊ ဇြန္လ (၂၉) ရက္ေန႔မွ ဒီဇင္ဘာလ (၁၄) ရက္ေန႔အထိ အမ်ိဳးသား (၉၁၀၃၄)ႏွင့္ အမ်ိဳးသမီး (၆၈၂၅၆) စုစုေပါင္း (၁၅၉၂၉၀)ဦး ရိွေၾကာင္း သိရသည္။

ထုိင္း - ျမန္မာနယ္စပ္ေဒသအသီးသီးမွ ျပန္လည္ဝင္ေရာက္လာသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအား ေဒသဆိုင္ရာတာဝန္ရိွသူမ်ားက လိုအပ္သည့္စစ္ေဆးမႈမ်ားျပဳလုပ္ကာ ၎တို႔ထံမွ ေငြေၾကးတစ္စုံတစ္ရာ ေကာက္ခံျခင္းမရွိဘဲ ေနရပ္ျပန္ႏုိင္ေရးအတြက္ ကူညီေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

သတင္း - အင္မိုင္ခ


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံမှ အလုပ်သမားဥပဒေသစ်ကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်လာနေရာ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဝင်ပေါက်များမှ တဆင့် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် မြန်မာရွှေ့ပြောင်းလုပ်သားစုစုပေါင်း (၂၇၀) ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများသည် ကရင်ပြည်နယ် မြဝတီမြို့၊ အမှတ်(၁)ချစ်ကြည်ရေး တံတားမှတစ်ဆင့် အမျိုးသား(၁၈၆)ဦးနှင့် အမျိုးသမီး(၅၅)ဦး စုစုပေါင်း (၂၄၁) ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ သွပ်ပြားပေါက်(ဒေသအခေါ်)မှတစ်ဆင့် အမျိုးသား (၁၄)ဦးနှင့် အမျိုးသမီး (၉)ဦး စုစုပေါင်း (၂၃) ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် အမျိုးသား (၆)ဦးတို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားဦးရေမှာ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့မှ ဒီဇင်ဘာလ (၁၄) ရက်နေ့အထိ အမျိုးသား (၉၁၀၃၄)နှင့် အမျိုးသမီး (၆၈၂၅၆) စုစုပေါင်း (၁၅၉၂၉၀)ဦး ရှိကြောင်း သိရသည်။

ထိုင်း - မြန်မာနယ်စပ်ဒေသအသီးသီးမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား ဒေသဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ကာ၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ နေရပ်ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

သတင်း - အင်မိုင်ခ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~