သီေပါၿမိဳ႕နယ္အတြင္း ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါကာကြယ္ေဆး မထိုးရသည့္ကေလးငယ္ တစ္ေသာင္းေက်ာ္ က်န္ရိွ

သီေပါၿမိဳ႕နယ္အတြင္း ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါကာကြယ္ေဆး မထိုးရသည့္ကေလးငယ္ တစ္ေသာင္းေက်ာ္ က်န္ရိွ
ဒီဇင်ဘာ 25, 2017
By 🌸
ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါေၾကာင့္ ထိခိုက္မႈျမင့္ခဲ့သည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္အတြင္း ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါကာကြယ္ေဆး မထိုးႏွံသည့္ ကေလးငယ္ (၁၂၄၂၇) ေယာက္က်န္ေနေၾကာင္း သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵဝင္းထံမွ သိရသည္။

“ရွမ္းျပည္နယ္ သီေပါအတြက္က ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါက တကယ့္ကို ရန္သူစင္စစ္ပါ။ ၂၀၁၆ ခုႏွစ္မွာ သီေပါၿမိဳ႕နယ္က ကေလး(၅)ဦးဂ်ပန္ဦးေႏွာက္ေရာင္ခဲ့ပါတယ္။ (၄)ဦးေသပါတယ္။ (၁)ဦးက မစြမ္းမသန္ ျဖစ္သြားပါတယ္။ ဒီႏွစ္ကၽြန္ေတာ္ေရာက္စမွာ (၁) ဦးျဖစ္ပါတယ္။ (၁) ဦးေသပါတယ္။ ျဖစ္ရင္ (၁၀၀) ရာခိုင္ႏႈန္း ဆံုးရႈံးခဲ့ပါတယ္။ ဒါေၾကာင့္ သူမ်ားၿမိဳ႕နယ္ေတြထက္ သီေပါက ကေလးေတြဟာ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါကို ပိုကာကြယ္ဖို႔ လိုအပ္ပါတယ္”ဟု သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ သီေပါၿမိဳ႕နယ္အတြင္း  အသက္ (၉)လမွ (၁၅)ႏွစ္ေအာက္ကေလးမ်ားအား ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါကာကြယ္ေဆးထိုးႏွံျခင္းကို ေက်ာင္းအေျချပဳ ထိုးႏွံေပးမႈတြင္ (၉၂)ရာခုိင္ႏႈန္း ေအာင္ျမင္ခဲ့ၿပီး လူထုအေျချပဳတြင္ (၇၂.၆) ရာခုိင္ႏႈန္း၊ ေဝးလံခက္ခဲေဒသတြင္ (၅၇.၉၈)ရာခုိင္ႏႈန္းႏွင့္ ေကာက္သင္းေကာက္ ထိုးႏွံေပးမႈတြင္ (၀.၇)ရာခိုင္ႏႈန္း လႊမ္းၿခံဳႏုိင္ခဲ့ၿပီး ကာကြယ္ေဆးမထိုးႏံွသည့္ကေလး (၂၂.၅)ရာခုိင္ႏႈန္းရိွေၾကာင္း သိရသည္။

ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါျဖစ္ပြားပါက ေသဆံုးႏုိင္မႈ (၃၀)ရာခုိင္ႏႈန္း၊ မစြမ္းသန္ျဖစ္ႏုိင္မႈ (၃၀)ရာခုိင္ႏႈန္းႏွင့္ ျပန္လည္ေကာင္းမြန္ႏုိင္မႈ (၃၀)ရာခိုင္ႏႈန္းရိွသည္ဟုဆိုေသာ္လည္း သီေပါၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့မႈမ်ားတြင္ ေသဆံုးႏွင့္ မစြမ္းသန္ျဖစ္ပြားခဲ့သျဖင့္ ကေလးမ်ားအား ကာကြယ္ေဆးရာႏႈန္းျပည့္ ထုိးေပးရန္ လိုအပ္ေနေသာ္လည္း က်န္းမာေရးဌာနမွ လံုးဝအဝင္မခံသည့္ ေက်းရြာမ်ားလည္းရိွခဲ့ေၾကာင္း သိရသည္။

“ေနာင္အန္းတို႔ ဘာတို႔ေပါ့။ အဲဒီနားက ေလးရြာေလာက္က လံုးဝမထိုးရေသးဘူး။ သူတို႔နဲ႔ ပတ္သက္ေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔တစ္ခုက လံုးဝမထိုးနဲ႔လို႔ ေျပာထားတာရွိတဲ့အတြက္ ရြာသားေတြက မလာရဲၾကဘူး။ သူတို႔(လက္နက္ကိုင္အဖြဲ႕)ကေတာ့ အလြယ္တကူပဲ အမိန္႔ထုတ္လိုက္တာေပါ့။ ထိုးလို႔ တစ္ခုခုျဖစ္ရင္ ကိုယ့္ျဖစ္ကိုယ္ခံတို႔ ဘာတို႔ အဲဒီလို ေျပာထားတာျဖစ္တဲ့အတြက္ ျပည္သူေတြက မလာရဲဘူး။ မလာရဲေတာ့ အဲဒီမွာ သူတို႔ဘက္က စကားေပါက္ေရာက္တဲ့သူနဲ႔ ေျပာရတာေပါ့”ဟု သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုမွ ေဆးရံုအုပ္ႀကီး ေဒါက္တာနႏၵဝင္းက ေျပာသည္။

သီေပါၿမိဳ႕နယ္အတြင္း ဝက္၊ကၽြဲ၊ႏြားစသည့္ တိရိစၦာန္ေမြးျမဴမႈမ်ားႏွင့္ ေဒသအေနအထားအရ ျခင္ေပါသည့္ ေဒသျဖစ္သျဖင့္ ျခင္မွကူးစက္သည့္ ဂ်ပန္ဦးေႏွာက္ေရာင္ေရာဂါျဖစ္ပြားႏုိင္မႈျမင့္သျဖင့္ ပတ္ဝန္းက်င္ သန္႔ရွင္းေရးႏွင့္ ျခင္ႏွိမ္ႏွင္းေရး စီမံခ်က္မ်ားကို အဓိကထားေရးဆြဲသြားရန္ စီစဥ္ေနေၾကာင္း ေဆးရံုအုပ္ႀကီးထံမွ သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု #တိုးခ်ဲ႕ကာကြယ္ေဆးထိုးလုပ္ငန္း

~~~~~~~~⊰❂ unicode ~~~~~~~~
သီပေါမြို့နယ်အတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး မထိုးရသည့်ကလေးငယ် တစ်သောင်းကျော် ကျန်ရှိ
************
ဂျပန်ဦးနှောက်ရောင်ရောဂါကြောင့် ထိခိုက်မှုမြင့်ခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်အတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး မထိုးနှံသည့် ကလေးငယ် (၁၂၄၂၇) ယောက်ကျန်နေကြောင်း သီပေါမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းထံမှ သိရသည်။

“ရှမ်းပြည်နယ် သီပေါအတွက်က ဂျပန်ဦးနှောက်ရောင်ရောဂါက တကယ့်ကို ရန်သူစင်စစ်ပါ။ ၂၀၁၆ ခုနှစ်မှာ သီပေါမြို့နယ်က ကလေး(၅)ဦးဂျပန်ဦးနှောက်ရောင်ခဲ့ပါတယ်။ (၄)ဦးသေပါတယ်။ (၁)ဦးက မစွမ်းမသန် ဖြစ်သွားပါတယ်။ ဒီနှစ်ကျွန်တော်ရောက်စမှာ (၁) ဦးဖြစ်ပါတယ်။ (၁) ဦးသေပါတယ်။ ဖြစ်ရင် (၁၀၀) ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်။ ဒါကြောင့် သူများမြို့နယ်တွေထက် သီပေါက ကလေးတွေဟာ ဂျပန်ဦးနှောက်ရောင်ရောဂါကို ပိုကာကွယ်ဖို့ လိုအပ်ပါတယ်”ဟု သီပေါမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် သီပေါမြို့နယ်အတွင်း  အသက် (၉)လမှ (၁၅)နှစ်အောက်ကလေးများအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ကျောင်းအခြေပြု ထိုးနှံပေးမှုတွင် (၉၂)ရာခိုင်နှုန်း အောင်မြင်ခဲ့ပြီး လူထုအခြေပြုတွင် (၇၂.၆) ရာခိုင်နှုန်း၊ ဝေးလံခက်ခဲဒေသတွင် (၅၇.၉၈)ရာခိုင်နှုန်းနှင့် ကောက်သင်းကောက် ထိုးနှံပေးမှုတွင် (၀.၇)ရာခိုင်နှုန်း လွှမ်းခြုံနိုင်ခဲ့ပြီး ကာကွယ်ဆေးမထိုးနှံသည့်ကလေး (၂၂.၅)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားပါက သေဆုံးနိုင်မှု (၃၀)ရာခိုင်နှုန်း၊ မစွမ်းသန်ဖြစ်နိုင်မှု (၃၀)ရာခိုင်နှုန်းနှင့် ပြန်လည်ကောင်းမွန်နိုင်မှု (၃၀)ရာခိုင်နှုန်းရှိသည်ဟုဆိုသော်လည်း သီပေါမြို့နယ်တွင် ဖြစ်ပွားခဲ့မှုများတွင် သေဆုံးနှင့် မစွမ်းသန်ဖြစ်ပွားခဲ့သဖြင့် ကလေးများအား ကာကွယ်ဆေးရာနှုန်းပြည့် ထိုးပေးရန် လိုအပ်နေသော်လည်း ကျန်းမာရေးဌာနမှ လုံးဝအဝင်မခံသည့် ကျေးရွာများလည်းရှိခဲ့ကြောင်း သိရသည်။

“နောင်အန်းတို့ ဘာတို့ပေါ့။ အဲဒီနားက လေးရွာလောက်က လုံးဝမထိုးရသေးဘူး။ သူတို့နဲ့ ပတ်သက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုက လုံးဝမထိုးနဲ့လို့ ပြောထားတာရှိတဲ့အတွက် ရွာသားတွေက မလာရဲကြဘူး။ သူတို့(လက်နက်ကိုင်အဖွဲ့)ကတော့ အလွယ်တကူပဲ အမိန့်ထုတ်လိုက်တာပေါ့။ ထိုးလို့ တစ်ခုခုဖြစ်ရင် ကိုယ့်ဖြစ်ကိုယ်ခံတို့ ဘာတို့ အဲဒီလို ပြောထားတာဖြစ်တဲ့အတွက် ပြည်သူတွေက မလာရဲဘူး။ မလာရဲတော့ အဲဒီမှာ သူတို့ဘက်က စကားပေါက်ရောက်တဲ့သူနဲ့ ပြောရတာပေါ့”ဟု သီပေါမြို့ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်းက ပြောသည်။

သီပေါမြို့နယ်အတွင်း ဝက်၊ကျွဲ၊နွားစသည့် တိရိစ္ဆာန်မွေးမြူမှုများနှင့် ဒေသအနေအထားအရ ခြင်ပေါသည့် ဒေသဖြစ်သဖြင့် ခြင်မှကူးစက်သည့် ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားနိုင်မှုမြင့်သဖြင့် ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ခြင်နှိမ်နှင်းရေး စီမံချက်များကို အဓိကထားရေးဆွဲသွားရန် စီစဉ်နေကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~