တာခ်ီလိတ္ၿမိဳ႕ မဇၨ်ိမလူမႈကူညီေရးအသင္းမွ ဘတ္ေလးသိန္းေက်ာ္ကုန္က်သည့္ နိဗၺာန္ယာဥ္အတြက္ ထပ္မံလွဴဒါန္းလိုသူမ်ား ဒီဇင္ဘာ ၁၀ ရက္ ေနာက္ဆံုးထား၍ လွဴဒါန္းႏုိင္

တာခ်ီလိတ္ၿမိဳ႕ မဇၨ်ိမလူမႈကူညီေရးအသင္းမွ ဘတ္ေလးသိန္းေက်ာ္ကုန္က်သည့္ နိဗၺာန္ယာဥ္အတြက္ ထပ္မံလွဴဒါန္းလိုသူမ်ား ဒီဇင္ဘာ ၁၀ ရက္ ေနာက္ဆံုးထား၍ လွဴဒါန္းႏုိင္
ဒီဇင်ဘာ 8, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ လူမႈကူညီေရးအဖြဲ႔တစ္ခုျဖစ္သည့္ မဇၩိမလူမႈကူညီေရးအသင္းက လူမ်ိဳးဘာသာမေရြးအခမဲ့ကူညီေပးမည့္ ဘတ္ေလးသိန္းေက်ာ္ကုန္က်သည့္ နိဗၺာန္ယာဥ္အတြက္  တာခ်ီလိတ္မွ အလွဴရွင္မ်ား၏ စုေပါင္းလွဴဒါန္းမႈ ဘတ္ႏွစ္သိန္းေက်ာ္ရိွေနၿပီး ထပ္မံလွဴဒါန္းလိုသူမ်ားရိွပါက ဒီဇင္ဘာလ (၁၀)ရက္ေန႔အထိ လွဴဒါန္းႏုိင္ေၾကာင္း သိရသည္။

“ကားက ဘတ္ေလးသိန္းက်ပါတယ္။ ထပ္ၿပီးမြမ္းမံျပင္ဆင္တာနဲ႔ဆိုေတာ့ စုစုေပါင္း ဘတ္ (၄၂၀၀၀၀)ေလာက္ က်သြားတယ္။ ဒါကို မတည္လွဴဒါန္းသူေတြက ဒီဘက္ထိ သယ္လာေပးတာပါ။ လွဴဒါန္းလိုသူေတြရိွရင္ေတာ့ ဒီဇင္ဘာလ (၁၀)ရက္ေန႔အထိ လွဴဒါန္းႏုိင္ပါတယ္။ (၁၀)ရက္ေက်ာ္ရင္ေတာ့ လွဴတဲ့သူမရိွလည္း အသင္းက စိုက္ထုတ္ၿပီး ေငြရွင္းေတာ့မွာပါ”ဟု မဇၨ်ိမလူမႈကူညီေရးအသင္းဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

အဆိုပါနိႇဗၺာန္ယာဥ္ ဝယ္ယူႏုိင္ေရးအတြက္ ျမင့္ဦးေအာင္ သတၱဳတူးေဖၚေရးလုပ္ငန္းမွ ဦးျမင့္ဦးႏွင့္ ေဒၚနန္းေသာင္းက ဘတ္ေငြ(၁)သိန္း၊ ဗမာတုိင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မွ ကိုဉာဏ္ဝင္းႏွင့္ မျဖဴျဖဴေအးတို႔က ဘတ္ေငြငါးေသာင္း၊ ဟိန္းလင္းစံကုမၸဏီမွ ကိုေလာတာက ဘတ္ေငြငါးေသာင္း၊ ေတာ္ဝင္ျမန္မာမွ ဦးၾကည္ျမင့္က ဘတ္ေငြတစ္ေသာင္း၊ ဟိုတယ္တာခ်ီလိတ္မွ ဦးထြန္းေနဦးက ဘတ္ေငြတစ္ေသာင္း၊ 1G1 ဟိုတယ္မွ ဦးေအာင္ႏုိင္က ဘတ္ေငြတစ္ေသာငး္၊ စည္ပင္သာယာဌာနမွ ဦးလွမ်ိဳးက ဘတ္ေငြတစ္ေသာင္း စုစုေပါင္း ဘတ္ေငြ (၂၄၀၀၀၀)တို႔လွဴဒါန္းထားေၾကာင္း သိရသည္။

အဆိုပါ နိဗၺာန္ယာဥ္အား မဇၨ်ိမလူမႈကူညီေရးအသင္း၏ ဒီဇင္ဘာလ (၁၂)ရက္ေန႔တြင္ သက္တမ္း (၅)ႏွစ္ျပည့္အတြက္ လွဴဒါန္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ မဇ္ဇျိမလူမှုကူညီရေးအသင်းမှ ဘတ်လေးသိန်းကျော်ကုန်ကျသည့် နိဗ္ဗာန်ယာဉ်အတွက် ထပ်မံလှူဒါန်းလိုသူများ ဒီဇင်ဘာ ၁၀ ရက် နောက်ဆုံးထား၍ လှူဒါန်းနိုင်
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် မဇ္ဈိမလူမှုကူညီရေးအသင်းက လူမျိုးဘာသာမရွေးအခမဲ့ကူညီပေးမည့် ဘတ်လေးသိန်းကျော်ကုန်ကျသည့် နိဗ္ဗာန်ယာဉ်အတွက်  တာချီလိတ်မှ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှု ဘတ်နှစ်သိန်းကျော်ရှိနေပြီး ထပ်မံလှူဒါန်းလိုသူများရှိပါက ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ လှူဒါန်းနိုင်ကြောင်း သိရသည်။

“ကားက ဘတ်လေးသိန်းကျပါတယ်။ ထပ်ပြီးမွမ်းမံပြင်ဆင်တာနဲ့ဆိုတော့ စုစုပေါင်း ဘတ် (၄၂၀၀၀၀)လောက် ကျသွားတယ်။ ဒါကို မတည်လှူဒါန်းသူတွေက ဒီဘက်ထိ သယ်လာပေးတာပါ။ လှူဒါန်းလိုသူတွေရှိရင်တော့ ဒီဇင်ဘာလ (၁၀)ရက်နေ့အထိ လှူဒါန်းနိုင်ပါတယ်။ (၁၀)ရက်ကျော်ရင်တော့ လှူတဲ့သူမရှိလည်း အသင်းက စိုက်ထုတ်ပြီး ငွေရှင်းတော့မှာပါ”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

အဆိုပါနှိဗ္ဗာန်ယာဉ် ဝယ်ယူနိုင်ရေးအတွက် မြင့်ဦးအောင် သတ္တုတူးဖေါ်ရေးလုပ်ငန်းမှ ဦးမြင့်ဦးနှင့် ဒေါ်နန်းသောင်းက ဘတ်ငွေ(၁)သိန်း၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့မှ ကိုဉာဏ်ဝင်းနှင့် မဖြူဖြူအေးတို့က ဘတ်ငွေငါးသောင်း၊ ဟိန်းလင်းစံကုမ္ပဏီမှ ကိုလောတာက ဘတ်ငွေငါးသောင်း၊ တော်ဝင်မြန်မာမှ ဦးကြည်မြင့်က ဘတ်ငွေတစ်သောင်း၊ ဟိုတယ်တာချီလိတ်မှ ဦးထွန်းနေဦးက ဘတ်ငွေတစ်သောင်း၊ 1G1 ဟိုတယ်မှ ဦးအောင်နိုင်က ဘတ်ငွေတစ်သောငး်၊ စည်ပင်သာယာဌာနမှ ဦးလှမျိုးက ဘတ်ငွေတစ်သောင်း စုစုပေါင်း ဘတ်ငွေ (၂၄၀၀၀၀)တို့လှူဒါန်းထားကြောင်း သိရသည်။

အဆိုပါ နိဗ္ဗာန်ယာဉ်အား မဇ္ဇျိမလူမှုကူညီရေးအသင်း၏ ဒီဇင်ဘာလ (၁၂)ရက်နေ့တွင် သက်တမ်း (၅)နှစ်ပြည့်အတွက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~