တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္တြင္ ဆိုင္ကယ္ခိုးလာသည္ဟု သံသယရိွသူတစ္ဦးအား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္တြင္ ဆိုင္ကယ္ခိုးလာသည္ဟု သံသယရိွသူတစ္ဦးအား ဖမ္းဆီးရမိ
ဒီဇင်ဘာ 11, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ ဦးထြန္းေအာင္တံတားဂိတ္အနီးတြင္ ဒီဇင္ဘာလ (၁၀)ရက္ေန႔ ည (၈)နာရီခြဲခန္႔က Wave I – 125 အျဖဴေရာင္ဆုိင္ကယ္အား ခိုးယူလာသည္ဟု မသကၤာသူတစ္ဦးအား စစ္ေဆးေတြ႔ရိွသျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

ေဟာင္လိတ္ရဲကင္းစခန္းမွ နယ္ထိန္းေခါင္းေဆာင္ဦးေဆာင္သည့္ ရဲတပ္ဖြဲ႕သည္ ေဆခမ္းရပ္ကြက္ ျပည္သူ႔စစ္အဖြဲ႕ဝင္၊ ဖန္မင္အုပ္စု ျပည္သူ႔စစ္အဖြဲ႔ဝင္တို႔ႏွင့္အတူ လွည့္ကင္းေဆာင္ရြက္စဥ္ ဆိုင္ကယ္တြန္းလာသူတစ္ဦးအား မသကၤာသျဖင့္ စစ္ေဆးရာ ပိုင္ဆုိင္ေၾကာင္းေျပာဆိုႏုိင္ျခင္းမရိွသျဖင့္ သက္ေသမ်ားေရွ႕တြင္ ဆုိင္ကယ္အား ရွာေဖြပံုစံျဖင့္ သိမ္္းဆည္းခဲ့ကာ ဆိုင္ကယ္ပိုင္ရွင္ ေဖၚထုတ္ႏုိင္ေရး စံုစမ္းေနေၾကာင္း သိရသည္။

ဆိုင္ကယ္ခိုးယူလာသည္ဟု သံသယရိွသည့္ စိုင္းရွဲန္ဝမ္းအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၂၃၅/၂၀၁၇ပုဒ္မ ၃၈၀/၅၄ျဖင့္ အမႈဖြင့္စစ္ေဆး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်တွင် ဆိုင်ကယ်ခိုးလာသည်ဟု သံသယရှိသူတစ်ဦးအား ဖမ်းဆီးရမိ
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆေခမ်းရပ်ကွက် ဦးထွန်းအောင်တံတားဂိတ်အနီးတွင် ဒီဇင်ဘာလ (၁၀)ရက်နေ့ ည (၈)နာရီခွဲခန့်က Wave I – 125 အဖြူရောင်ဆိုင်ကယ်အား ခိုးယူလာသည်ဟု မသင်္ကာသူတစ်ဦးအား စစ်ဆေးတွေ့ရှိသဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ဟောင်လိတ်ရဲကင်းစခန်းမှ နယ်ထိန်းခေါင်းဆောင်ဦးဆောင်သည့် ရဲတပ်ဖွဲ့သည် ဆေခမ်းရပ်ကွက် ပြည်သူ့စစ်အဖွဲ့ဝင်၊ ဖန်မင်အုပ်စု ပြည်သူ့စစ်အဖွဲ့ဝင်တို့နှင့်အတူ လှည့်ကင်းဆောင်ရွက်စဉ် ဆိုင်ကယ်တွန်းလာသူတစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးရာ ပိုင်ဆိုင်ကြောင်းပြောဆိုနိုင်ခြင်းမရှိသဖြင့် သက်သေများရှေ့တွင် ဆိုင်ကယ်အား ရှာဖွေပုံစံဖြင့် သိမ််းဆည်းခဲ့ကာ ဆိုင်ကယ်ပိုင်ရှင် ဖေါ်ထုတ်နိုင်ရေး စုံစမ်းနေကြောင်း သိရသည်။

ဆိုင်ကယ်ခိုးယူလာသည်ဟု သံသယရှိသည့် စိုင်းရှဲန်ဝမ်းအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၃၅/၂၀၁၇ပုဒ်မ ၃၈၀/၅၄ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~