မေကြးတိုင္းေဒသႀကီးအတြင္းရိွ ေတာင္သားလူမ်ိဳးမ်ား ပထမဆံုးအႀကိမ္ ေတြ႔ဆံုပဲြ ထီးလင္းၿမိဳ႕နယ္၌က်င္းပ

မေကြးတိုင္းေဒသႀကီးအတြင္းရိွ ေတာင္သားလူမ်ိဳးမ်ား ပထမဆံုးအႀကိမ္ ေတြ႔ဆံုပဲြ ထီးလင္းၿမိဳ႕နယ္၌က်င္းပ
ဒီဇင်ဘာ 4, 2017
By 🌸
ပ်ဴလူမ်ိဳးမွ ဆင္းသက္လာသည္႔ ေတာင္သားလူမ်ိဳးမ်ား ပထမဆံုးအႀကိမ္ေတြ႔ဆံုပဲြကို မေကြးတိုင္း ေဒသႀကီး ဂန္႔ေဂါခရိုင္၊ ထီးလင္းၿမိဳ႕နယ္ ဝက္သက္ေက်းရြာ၌ ဒီဇင္ဘာ(၃)ရက္ေန႔  က်င္းပေၾကာင္း သိရသည္။

“ပ်ဴလူမ်ိဳးကဆင္းသက္လာခဲ႔တာ ႏွစ္ေပါင္း (၁၈၀၀) ေလာက္ရိွၿပီျဖစ္တဲ႔ ေတာင္သားလူမ်ိဳးေတြဟာ ပုဂံကေန မင္းျပစ္မင္းဒဏ္ေရွာင္တိမ္းလာၾကရာက ေယာေဒသကေန ခ်င္းျပည္နယ္အထိပါ ပ်ံ႕ႏွံၿပီး လူမ်ိဳးစုေတြ ျပန္႔က်ဲခဲ႔ရပါတယ္။ ဒီပဲြဟာ တိုင္းေဒသႀကီးအစိုးရရဲ႕ ပံ႔ပိုးမႈနဲ႔ ေတာင္သားလူမ်ိဳးေတြ ပထမဆံုးအႀကိမ္ စုစုစည္းစည္း ေတြ႔ဆံုၾကရတဲ႔ပဲြ ပါပဲ”ဟု ေတာင္သားလူမ်ိဳးစု ယဥ္ေက်းမႈေကာ္မတီ နာယက ဦးေက်ာ္စိန္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ပ်ဴမ်ိဳးႏြယ္စု ေခၚ ေတာင္သားလူမ်ိဳးမ်ား ပထမဆံုးအႀကိမ္ ေတြ႔ဆံုပဲြအား တိမ္ျမဳပ္ေပ်ာက္ကြယ္လုနီးပါး ျဖစ္ေနသည့္ ေတာင္သားလူမ်ိဳးစကား၊ ယဥ္ေက်းမႈႏွင္႔ ရိုးရာဓေလ႔ထံုးတမ္းစဥ္လာမ်ားကို ျပန္လည္ ေဖာ္ထုတ္ရန္ ရည္ရြယ္က်င္းပျခင္းျဖစ္ေၾကာင္းသိရၿပီး မေကြးတိုင္းေဒသႀကီးအတြင္း ထီးလင္း၊ ဂန္႔ေဂါ၊ ေဆာ၊ ေစတုတၱရာ၊ မင္းတပ္ ၿမိဳ႕နယ္တို႔တြင္ ေတာင္သားလူမ်ိဳးဦးေရ (၂၄၅၀၀) ေက်ာ္ရိွေၾကာင္း သိရသည္။

ေတာင္သားလူမ်ိဳးအမ်ိဳးသမီးမ်ားတြင္ အပ်ိဳစင္မ်ားက ခႏၶာကိုယ္၌ အနီေရာင္ အဝတ္ပတ္ထားၿပီး အိမ္ေထာင္သည္မ်ားက အနက္ေရာင္ အဝတ္ပတ္ထားေလ့ရိွေၾကာင္း သိရသည္။

 ေတာင္သားလူမ်ိဳးမ်ားေနထုိင္ရာ ဂန္႔ေဂါ၊ ေဆာ၊ ေစတုတၱရာ၊ မင္းတပ္ ၿမိဳ႕နယ္အသီးသီးတို႔၌ ေတြ႔ဆံုပြဲကို ႏွစ္စဥ္က်င္းပႏိုင္ရန္ စီစဥ္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေဆာၿမိဳ႕နယ္ တိုင္း ေဒသႀကီး(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ျမင္႔ထံမွ သိရသည္။

ေတာင္သားလူမ်ိဳးမ်ားေတြ႔ဆံုပဲြသို႔ မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒၊ ဒုဥကၠ႒၊ ခ်င္း တိုင္းရင္း သားေရးရာဝန္ႀကီး၊ တိုင္းရင္းသားလူမ်ိဳးအေရးဆိုင္ရာေကာ္မတီဥကၠ႒၊ တိုင္းရင္းသားအေရးဆိုင္ရာ ေကာ္မ တီဝင္မ်ားႏွင္႔ ေဒသခံ ေတာင္သားလူမ်ိဳးမ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္၊ ပိုင္ေဇ

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သားလူမျိုးများ ပထမဆုံးအကြိမ် တွေ့ဆုံပွဲ ထီးလင်းမြို့နယ်၌ကျင်းပ
*******
ပျူလူမျိုးမှ ဆင်းသက်လာသည့် တောင်သားလူမျိုးများ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ဝက်သက်ကျေးရွာ၌ ဒီဇင်ဘာ(၃)ရက်နေ့  ကျင်းပကြောင်း သိရသည်။

“ပျူလူမျိုးကဆင်းသက်လာခဲ့တာ နှစ်ပေါင်း (၁၈၀၀) လောက်ရှိပြီဖြစ်တဲ့ တောင်သားလူမျိုးတွေဟာ ပုဂံကနေ မင်းပြစ်မင်းဒဏ်ရှောင်တိမ်းလာကြရာက ယောဒေသကနေ ချင်းပြည်နယ်အထိပါ ပျံ့နှံပြီး လူမျိုးစုတွေ ပြန့်ကျဲခဲ့ရပါတယ်။ ဒီပွဲဟာ တိုင်းဒေသကြီးအစိုးရရဲ့ ပံ့ပိုးမှုနဲ့ တောင်သားလူမျိုးတွေ ပထမဆုံးအကြိမ် စုစုစည်းစည်း တွေ့ဆုံကြရတဲ့ပွဲ ပါပဲ”ဟု တောင်သားလူမျိုးစု ယဉ်ကျေးမှုကော်မတီ နာယက ဦးကျော်စိန်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ပျူမျိုးနွယ်စု ခေါ် တောင်သားလူမျိုးများ ပထမဆုံးအကြိမ် တွေ့ဆုံပွဲအား တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် တောင်သားလူမျိုးစကား၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို ပြန်လည် ဖော်ထုတ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရပြီး မကွေးတိုင်းဒေသကြီးအတွင်း ထီးလင်း၊ ဂန့်ဂေါ၊ ဆော၊ စေတုတ္တရာ၊ မင်းတပ် မြို့နယ်တို့တွင် တောင်သားလူမျိုးဦးရေ (၂၄၅၀၀) ကျော်ရှိကြောင်း သိရသည်။

တောင်သားလူမျိုးအမျိုးသမီးများတွင် အပျိုစင်များက ခန္ဓာကိုယ်၌ အနီရောင် အဝတ်ပတ်ထားပြီး အိမ်ထောင်သည်များက အနက်ရောင် အဝတ်ပတ်ထားလေ့ရှိကြောင်း သိရသည်။

 တောင်သားလူမျိုးများနေထိုင်ရာ ဂန့်ဂေါ၊ ဆော၊ စေတုတ္တရာ၊ မင်းတပ် မြို့နယ်အသီးသီးတို့၌ တွေ့ဆုံပွဲကို နှစ်စဉ်ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောမြို့နယ် တိုင်း ဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ထံမှ သိရသည်။

တောင်သားလူမျိုးများတွေ့ဆုံပွဲသို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ချင်း တိုင်းရင်း သားရေးရာဝန်ကြီး၊ တိုင်းရင်းသားလူမျိုးအရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားအရေးဆိုင်ရာ ကော်မ တီဝင်များနှင့် ဒေသခံ တောင်သားလူမျိုးများ တက်ရောက်ကြကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်၊ ပိုင်ဇေ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~