တႏိုင္းၿမိဳ႕နယ္ ရွဒူဇြပ္ေက်းရြာအနီး တုိက္ပြဲေၾကာင့္ ေက်းရြာအတြင္း လက္နက္ႀကီးက်ည္ ႏွစ္ႀကိမ္က်ၿပီး ေဒသခံအခ်ိဳ႕ ဘာသာေရး အေဆာက္အဦမ်ားတြင္ တိမ္းေရွာင္ေနရ

တႏိုင္းၿမိဳ႕နယ္ ရွဒူဇြပ္ေက်းရြာအနီး တုိက္ပြဲေၾကာင့္ ေက်းရြာအတြင္း လက္နက္ႀကီးက်ည္ ႏွစ္ႀကိမ္က်ၿပီး ေဒသခံအခ်ိဳ႕ ဘာသာေရး အေဆာက္အဦမ်ားတြင္ တိမ္းေရွာင္ေနရ
ဒီဇင်ဘာ 30, 2017
By Tachileik News Agency

ကခ်င္ျပည္နယ္ တႏုိင္းၿမိဳ႕နယ္ ရွဒူဇြပ္ေက်းရြာတြင္ ဒီဇင္ဘာလ (၃၀)ရက္ေန႔ နံနက္ပိုင္းက တုိက္ပြဲေၾကာင့္ ေက်းရြာရိွ ဘာသာေရး အေဆာက္အဦမ်ားတြင္ တိမ္းေရွာင္ခဲ့ရသည့္ ေဒသခံအခ်ိဳ႕ ညေနပိုင္းတြင္ မိမိတို႔ ေနအိမ္မ်ားသို႔ ျပန္လည္ေနထုိင္ၾကေသာ္လည္း ညပိုင္းတြင္ ပစ္ခတ္သံအနည္းငယ္ ၾကားေနရဆဲျဖစ္ေၾကာင္း သိရသည္။

“ဒီမနက္ ၆ နာရီေလာက္မွာ KIA ကေန ခမရ ၂၉၇ ကို လာတုိက္တာ။ KIA အဖြဲ႔ေတြက ေန႔လယ္ ၁၂ နာရီေလာက္မွာ ထင္တယ္  ျပန္သြားၾကတယ္ထင္တယ္။ ဒါေပမဲ့ စစ္တပ္အဖြဲ႕က ျပန္ပစ္ေနတယ္။ လက္နက္ႀကီးက ရြာတြင္းကို ႏွစ္လံုးေလာက္က်တယ္။ အခုေတာ့ တစ္ခ်ိဳ႕လူေတြက ဘုရားေက်ာင္းမွာ ေန ေနၾကတယ္။ အခ်ိဳ႕လူေတြကေတာ့ မိမိအိမ္မွာပဲ ေန ေနၾကတယ္။ ဘုရားေက်ာင္းေတြ၊ ဘုန္းႀကီးေက်ာင္းေတြမွာ ေန ေနၾကတယ္ေပါ့။ ဒီည ၆ နာရီ၊ ၈ နာရီဝန္းက်င္ေလာက္ကေတာ့ ျပန္ပစ္သံ ၾကားေနရတယ္။ ရြာကလူေတြက ဘုန္းႀကီးေက်ာင္းမွာ ေနေနၾကသလားေတာ့ မသိဘူး။ ႏွစ္ျခင္းနဲ႔ RC ေက်ာင္းမွာေတာ့ ရိွၾကတယ္။ ႏွစ္ျခင္းေက်ာင္းမွာ လူဦးေရ ၁၀၀ ဝန္းက်င္ေလာက္ရိွမယ္။ RC ေက်ာင္းကေတာ့ မနက္ျဖန္ ခရစၥမတ္ဆုေတာင္းပြဲရိွတယ္ဆိုေတာ့ လူနည္းနည္းမ်ားေလာက္တယ္”ဟု ေဒသခံျဖစ္သည့္ ဦးထြယ္ေနာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တႏုိင္းၿမိဳ႕နယ္အတြင္း နမၼတီးအေက်ာ္မွစ၍ ဒီဇင္ဘာလအတြင္း တိုက္ပြဲမ်ား မၾကာခဏျဖစ္ပြားေနၿပီး ယခုရက္ပုိင္းအတြင္း တုိက္ပြဲမ်ား ပိုစိပ္လာေနသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - San Myo Aung


~~~~~~~~⊰❂ unicode ~~~~~~~~

ကချင်ပြည်နယ် တနိုင်းမြို့နယ် ရှဒူဇွပ်ကျေးရွာတွင် ဒီဇင်ဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲကြောင့် ကျေးရွာရှိ ဘာသာရေး အဆောက်အဦများတွင် တိမ်းရှောင်ခဲ့ရသည့် ဒေသခံအချို့ ညနေပိုင်းတွင် မိမိတို့ နေအိမ်များသို့ ပြန်လည်နေထိုင်ကြသော်လည်း ညပိုင်းတွင် ပစ်ခတ်သံအနည်းငယ် ကြားနေရဆဲဖြစ်ကြောင်း သိရသည်။

“ဒီမနက် ၆ နာရီလောက်မှာ KIA ကနေ ခမရ ၂၉၇ ကို လာတိုက်တာ။ KIA အဖွဲ့တွေက နေ့လယ် ၁၂ နာရီလောက်မှာ ထင်တယ် ပြန်သွားကြတယ်ထင်တယ်။ ဒါပေမဲ့ စစ်တပ်အဖွဲ့က ပြန်ပစ်နေတယ်။ လက်နက်ကြီးက ရွာတွင်းကို နှစ်လုံးလောက်ကျတယ်။ အခုတော့ တစ်ချို့လူတွေက ဘုရားကျောင်းမှာ နေ နကြေတယ်။ အချို့လူတွေကတော့ မိမိအိမ်မှာပဲ နေ နကြေတယ်။ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေ နကြေတယ်ပေါ့။ ဒီည ၆ နာရီ၊ ၈ နာရီဝန်းကျင်လောက်ကတော့ ပြန်ပစ်သံ ကြားနေရတယ်။ ရွာကလူတွေက ဘုန်းကြီးကျောင်းမှာ နေနကြေသလားတော့ မသိဘူး။ နှစ်ခြင်းနဲ့ RC ကျောင်းမှာတော့ ရှိကြတယ်။ နှစ်ခြင်းကျောင်းမှာ လူဦးရေ ၁၀၀ ဝန်းကျင်လောက်ရှိမယ်။ RC ကျောင်းကတော့ မနက်ဖြန် ခရစ္စမတ်ဆုတောင်းပွဲရှိတယ်ဆိုတော့ လူနည်းနည်းများလောက်တယ်”ဟု ဒေသခံဖြစ်သည့် ဦးထွယ်နော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တနိုင်းမြို့နယ်အတွင်း နမ္မတီးအကျော်မှစ၍ ဒီဇင်ဘာလအတွင်း တိုက်ပွဲများ မကြာခဏဖြစ်ပွားနပြေီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပိုစိပ်လာနေသည်ဟု ဒေသခံများထံမှ သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - San Myo Aung

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~