ရခိုင္ျပည္နယ္ အင္းဒင္ေက်းရြာသုသာန္တြင္ ေတြ႔ရသည့္ ရုပ္အေလာင္းမ်ားႏွင့္ပတ္သက္၍ အေသးစိတ္စံုစမ္္းေနေၾကာင္း သတင္းထုတ္ျပန္

ရခိုင္ျပည္နယ္ အင္းဒင္ေက်းရြာသုသာန္တြင္ ေတြ႔ရသည့္ ရုပ္အေလာင္းမ်ားႏွင့္ပတ္သက္၍ အေသးစိတ္စံုစမ္္းေနေၾကာင္း သတင္းထုတ္ျပန္
ဒီဇင်ဘာ 18, 2017
By Tachileik News Agency

ရခုိင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ အင္းဒင္ ေက်းရြာ သုသာန္၌ အသတ္ခံရသူမ်ားျမႇဳပ္ႏွံထားေၾကာင္း သတင္းအရ လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားက ကနဦးစံုစမ္းရာ အေလာင္းမ်ားအား ေတြ႔ရသျဖင့္ စံုစမ္း စစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ဒီဇင္ဘာလ (၁၈)ရက္ေန႔တြင္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

အဆိုပါ ရုပ္အေလာင္းမ်ားႏွင့္ပတ္သက္၍ အေသးစိတ္ထုတ္ျပန္ထားျခင္း မရိွေသးဘဲ အျဖစ္မွန္ ေပၚေပါက္ေရးအတြက္ အေသးစိတ္စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာေဒသတြင္ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၂၅)ရက္ေန႔မွစ၍ အၾကမ္းဖက္ တုိက္ခိုက္ခံရမႈမ်ား ျဖစ္ပြားခဲ့ၿပီး နယ္ေျမေဒသတည္ၿငိမ္ေရးအတြက္ လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက ထိန္းသိမ္းေဆာင္ရြက္ခဲ့ရာတြင္ ထိေတြ႔တုိက္ခုိက္မႈစည္းမ်ဥ္းမ်ားႏွင့္အညီ ေဆာင္ရြက္သြားရန္ႏွင့္ ခ်ိဳးေဖာက္မႈရိွပါက ဥပေဒႏွင့္အညီ အေရးယူသြားမည္ျဖစ္ေၾကာင္း ေအာက္ေျခအဆင့္ထိ အသိေပးညႊန္ၾကားခဲ့ၿပီးျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ရုပ္အေလာင္းမ်ားႏွင့္ပတ္သက္၍ စံုစမ္းစစ္ေဆးမႈမ်ားအရ လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ တစ္စံုတစ္ရာ ပါဝင္ ပတ္သက္ခဲ့ေၾကာင္း စစ္ေဆးေတြ႔ရိွရပါက တရားဥပေဒႏွင့္အညီ ထိေရာက္စြာ အေရးယူ ေဆာင္ရြက္သြားမည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ထားသည္ကို ေတြ႔ရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင် ကျေးရွာ သုသာန်၌ အသတ်ခံရသူများမြှုပ်နှံထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကနဦးစုံစမ်းရာ အလောင်းများအား တွေ့ရသဖြင့် စုံစမ်း စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရုပ်အလောင်းများနှင့်ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးဘဲ အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် အသေးစိတ်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ (၂၅)ရက်နေ့မှစ၍ အကြမ်းဖက် တိုက်ခိုက်ခံရမှုများ ဖြစ်ပွားခဲ့ပြီး နယ်မြေဒေသတည်ငြိမ်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ထိန်းသိမ်းဆောင်ရွက်ခဲ့ရာတွင် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သွားရန်နှင့် ချိုးဖောက်မှုရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း အောက်ခြေအဆင့်ထိ အသိပေးညွှန်ကြားခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုပ်အလောင်းများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနဖြေင့် တစ်စုံတစ်ရာ ပါဝင် ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါက တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~