တာခ်ီလိတ္တြင္ စက္တပ္ယာဥ္ေၾကာင့္ ထိခိုက္နစ္နာမႈ အာမခံေလ်ာ္ေၾကး ေလွ်ာက္ထားသူ မရိွသေလာက္ နည္းပါး

တာခ်ီလိတ္တြင္ စက္တပ္ယာဥ္ေၾကာင့္ ထိခိုက္နစ္နာမႈ အာမခံေလ်ာ္ေၾကး ေလွ်ာက္ထားသူ မရိွသေလာက္ နည္းပါး
ဒီဇင်ဘာ 8, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္တြင္ စက္တပ္ယာဥ္ေၾကာင့္ ထိခို္က္နစ္နာမႈ အာမခံေလ်ာ္ေၾကး ေလွ်ာက္ထားသူ မရိွသေလာက္နည္းပါးၿပီး ၂၀၁၇ ခုႏွစ္အတြင္း ျမန္မာ့အာမခံလုပ္ငန္းအေနျဖင့္ တာခ်ီလိတ္ခရိုင္အတြင္းမွ ဒဏ္ရာရ(၁၁)ဦးႏွင့္ ေသဆံုး (၂)ဦးအတြက္သာ ေလ်ာ္ေၾကးေပးထားရေၾကာင္း သိရသည္။

“ဒီေဒသအေျခအေနအရ လုိင္စင္မဲ့ယာဥ္ေတြလည္း မ်ားတယ္။ ယာဥ္မေတာ္တဆမႈလည္း ျဖစ္ေလ့ရိွတယ္။ ဒါေပမဲ့ စက္တပ္ယာဥ္ေၾကာင့္ ထိခုိက္နစ္နာမႈ အာမခံေလ်ာ္ေၾကးကို ေတာင္းခံရမွာကိုလည္း သိတာနည္းေနတယ္။ စက္တပ္ယာဥ္ေၾကာင့္ ထိခိုက္နစ္နာမႈေလ်ာ္ေၾကးအတြက္ ေသဆံုးဆုိရင္လည္း နီးစပ္ရာ ေဆြမ်ိဳး အသိုင္းအဝုိင္း၊ မိသားစုက တင္ေပးရင္ရပါတယ္။ လိုင္စင္ရိွသည္ျဖစ္ေစ လုိင္စင္မရိွသည္ျဖစ္ေစ စက္တပ္ယာဥ္ေၾကာင့္ ထိခိုက္နစ္နာမႈရိွသူေတြကို ထိခိုက္ဒဏ္ရာရမႈအေျခအေနက ခႏၶာကိုယ္ရဲ႕ ဘယ္ႏွစ္ရာခုိင္ႏႈန္း ပ်က္စီးသြားသလဲဆိုတဲ့ ေဆးရံုေထာက္ခံစာေပၚ မူတည္ၿပီး ေလ်ာ္ေၾကးေပးရပါတယ္။ ခႏၶာကိုယ္ ထိခိုက္ဒဏ္ရာရ ရာခုိင္ႏႈန္းအလိုက္ တြက္ခ်က္ေပးသလို၊ ထိခိုက္မႈဒဏ္ရာရ၊ ေသဆံုး အေရအတြက္အားလံုးကို ေပးေလ်ာ္ရပါတယ္” ဟု  ျမန္မာ့အာမခံလုပ္ငန္းမွ တာခ်ီလိတ္ခရုိင္တာ၀န္ခံ ဦးကုိကုိေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ တာခ်ီလိတ္ခရိုင္ ျမန္မာ့အာမခံလုပ္ငန္းတြင္ ယာဥ္မေတာ္တဆမႈအတြက္ အာမခံေလွ်ာက္ထားရယူမႈမွာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းျဖတ္အနီးတြင္ တပ္မေတာ္ေမာ္ေတာ္ယာဥ္တစ္စီး တိမ္းေမွာက္မႈမွ ဒဏ္ရာရ (၁၀)ဦး၊ ေသဆံုး (၂)ဦး၊ ခရီးသည္တင္ယာဥ္ တိမ္းေမွာက္မႈမွ ဒဏ္ရာရသူ(၁)ဦးတို႔သာ ရိွၿပီး စုစုေပါင္း အာမခံေလ်ာ္ေၾကး က်ပ္ (၃၄)သိန္းေက်ာ္ ေပးအပ္ထားေၾကာင္း သိရသည္။

စက္တပ္ယာဥ္မ်ားေၾကာင့္ ထိခုိက္ဒဏ္ရာရ၊ ေသဆံုးမႈမ်ားျဖစ္ပါက ျဖစ္ပြားၿပီး တစ္ႏွစ္အတြင္း ျမန္မာ့အာမခံလုပ္ငန္းတြင္ သူတစ္ပါးထိခုိက္နစ္နာမႈအာမခံေၾကးကို ေလွ်ာက္ထားရယူႏုိင္ေၾကာင္း သိရသည္။

စက္တပ္ယာဥ္မ်ားအား ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနတြင္ လိုင္စင္ေလွ်ာက္ထားျခင္းႏွင့္ သက္တမ္းတိုးျခင္းတို႔တြင္ ေပးသြင္းထားသည့္ သူတစ္ပါးထိခိုက္အာမခံ (ပရီမီယံေၾကး)မွေန၍ အဆိုပါယာဥ္မ်ားေၾကာင့္ ထိခိုက္နစ္နာသူမ်ားအား အာမခံနစ္နာေၾကးျပန္လည္ေပးအပ္ျခင္းျဖစ္ၿပီး လုိင္စင္မဲ့စက္တပ္ယာဥ္မ်ားေၾကာင့္ ထိခိုက္နစ္နာမႈ ျဖစ္ပြားပါက ယာဥ္ပိုင္ရွင္ထံမွ ပရီမီယံေၾကး၏ ဆယ္ဆေကာက္ခံၿပီး ျပန္လည္ေပးေလ်ာ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ့အာမခံလုပ္ငန္း၏ အာမခံ အမ်ိဳးအစားေပါင္း (၄၀)ေက်ာ္အနက္ ေဒသႏွင့္ ကိုုက္ညီမႈရိွသည့္ အာမခံမ်ားအား တာခ်ီလိတ္ခရိုင္ရံုးတြင္ လုပ္ေဆာင္ေပးေနျခင္းျဖစ္ၿပီး  တာခ်ီလိတ္ခရိုင္အတြင္း အမ်ားဆံုးထားရိွသည့္ အာမခံမွာ သူတစ္ပါးထိခိုက္မႈ အာမခံ (ပရီမီယံေၾကး)ျဖစ္ၿပီး ဒုတိယ အမ်ားဆံုးမွာ အသက္အာမခံႏွင့္ တတိယအမ်ားဆံုးမွာ ခရီးသြား အာမခံျဖစ္ေၾကာင္း သိရသည္။

ႏုိင္ငံပိုင္ အာမခံအဖြဲ႕အစည္းျဖစ္သည့္ ျမန္မာ့အာမခံလုပ္ငန္းအား ၁၉၅၂ ခုနွစ္တြင္ တည္ေထာင္ခဲ့ကာ ေပးေလ်ာ္ရန္ တာ၀န္အားလံုးအား ႏိုင္ငံေတာ္မွ တာ၀န္ယူထားျခင္းျဖစ္ၿပီး အာမခံလုပ္ငန္းမ်ားကို ပုဂၢလိကကုမၸဏီမ်ား လုပ္ကိုင္ခြင့္ကို ၂၀၁၂ ခုႏွစ္ စက္တင္ဘာလ (၅)ရက္ေန႔မွစ၍ ခြင့္ျပဳထားျခင္းျဖစ္သည္။

သတင္း #ခ်ယ္ရီထိုက္
ဓါတ္ပံု #ျမန္မာ့အာမခံလုပ္ငန္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် စက်တပ်ယာဉ်ကြောင့် ထိခိုက်နစ်နာမှု အာမခံလျော်ကြေး လျှောက်ထားသူ မရှိသလောက် နည်းပါး
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း စက်တပ်ယာဉ်ကြောင့် ထိခို်က်နစ်နာမှု အာမခံလျော်ကြေး လျှောက်ထားသူ မရှိသလောက်နည်းပါးပြီး ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် တာချီလိတ်ခရိုင်အတွင်းမှ ဒဏ်ရာရ(၁၁)ဦးနှင့် သေဆုံး (၂)ဦးအတွက်သာ လျော်ကြေးပေးထားရကြောင်း သိရသည်။

“ဒီဒေသအခြေအနေအရ လိုင်စင်မဲ့ယာဉ်တွေလည်း များတယ်။ ယာဉ်မတော်တဆမှုလည်း ဖြစ်လေ့ရှိတယ်။ ဒါပေမဲ့ စက်တပ်ယာဉ်ကြောင့် ထိခိုက်နစ်နာမှု အာမခံလျော်ကြေးကို တောင်းခံရမှာကိုလည်း သိတာနည်းနေတယ်။ စက်တပ်ယာဉ်ကြောင့် ထိခိုက်နစ်နာမှုလျော်ကြေးအတွက် သေဆုံးဆိုရင်လည်း နီးစပ်ရာ ဆွေမျိုး အသိုင်းအဝိုင်း၊ မိသားစုက တင်ပေးရင်ရပါတယ်။ လိုင်စင်ရှိသည်ဖြစ်စေ လိုင်စင်မရှိသည်ဖြစ်စေ စက်တပ်ယာဉ်ကြောင့် ထိခိုက်နစ်နာမှုရှိသူတွေကို ထိခိုက်ဒဏ်ရာရမှုအခြေအနေက ခန္ဓာကိုယ်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်း ပျက်စီးသွားသလဲဆိုတဲ့ ဆေးရုံထောက်ခံစာပေါ် မူတည်ပြီး လျော်ကြေးပေးရပါတယ်။ ခန္ဓာကိုယ် ထိခိုက်ဒဏ်ရာရ ရာခိုင်နှုန်းအလိုက် တွက်ချက်ပေးသလို၊ ထိခိုက်မှုဒဏ်ရာရ၊ သေဆုံး အရေအတွက်အားလုံးကို ပေးလျော်ရပါတယ်” ဟု  မြန်မာ့အာမခံလုပ်ငန်းမှ တာချီလိတ်ခရိုင်တာဝန်ခံ ဦးကိုကိုအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် တာချီလိတ်ခရိုင် မြန်မာ့အာမခံလုပ်ငန်းတွင် ယာဉ်မတော်တဆမှုအတွက် အာမခံလျှောက်ထားရယူမှုမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်အနီးတွင် တပ်မတော်မော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှုမှ ဒဏ်ရာရ (၁၀)ဦး၊ သေဆုံး (၂)ဦး၊ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုမှ ဒဏ်ရာရသူ(၁)ဦးတို့သာ ရှိပြီး စုစုပေါင်း အာမခံလျော်ကြေး ကျပ် (၃၄)သိန်းကျော် ပေးအပ်ထားကြောင်း သိရသည်။

စက်တပ်ယာဉ်များကြောင့် ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများဖြစ်ပါက ဖြစ်ပွားပြီး တစ်နှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းတွင် သူတစ်ပါးထိခိုက်နစ်နာမှုအာမခံကြေးကို လျှောက်ထားရယူနိုင်ကြောင်း သိရသည်။

စက်တပ်ယာဉ်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လိုင်စင်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းတို့တွင် ပေးသွင်းထားသည့် သူတစ်ပါးထိခိုက်အာမခံ (ပရီမီယံကြေး)မှနေ၍ အဆိုပါယာဉ်များကြောင့် ထိခိုက်နစ်နာသူများအား အာမခံနစ်နာကြေးပြန်လည်ပေးအပ်ခြင်းဖြစ်ပြီး လိုင်စင်မဲ့စက်တပ်ယာဉ်များကြောင့် ထိခိုက်နစ်နာမှု ဖြစ်ပွားပါက ယာဉ်ပိုင်ရှင်ထံမှ ပရီမီယံကြေး၏ ဆယ်ဆကောက်ခံပြီး ပြန်လည်ပေးလျော်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့အာမခံလုပ်ငန်း၏ အာမခံ အမျိုးအစားပေါင်း (၄၀)ကျော်အနက် ဒေသနှင့် ကိုုက်ညီမှုရှိသည့် အာမခံများအား တာချီလိတ်ခရိုင်ရုံးတွင် လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး  တာချီလိတ်ခရိုင်အတွင်း အများဆုံးထားရှိသည့် အာမခံမှာ သူတစ်ပါးထိခိုက်မှု အာမခံ (ပရီမီယံကြေး)ဖြစ်ပြီး ဒုတိယ အများဆုံးမှာ အသက်အာမခံနှင့် တတိယအများဆုံးမှာ ခရီးသွား အာမခံဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် အာမခံအဖွဲ့အစည်းဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်းအား ၁၉၅၂ ခုနှစ်တွင် တည်ထောင်ခဲ့ကာ ပေးလျော်ရန် တာဝန်အားလုံးအား နိုင်ငံတော်မှ တာဝန်ယူထားခြင်းဖြစ်ပြီး အာမခံလုပ်ငန်းများကို ပုဂ္ဂလိကကုမ္ပဏီများ လုပ်ကိုင်ခွင့်ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့မှစ၍ ခွင့်ပြုထားခြင်းဖြစ်သည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ #မြန်မာ့အာမခံလုပ်ငန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~