ထုိင္းႏုိင္ငံတြင္း တရားမဝင္ သြားလာေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၈ ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး

ထုိင္းႏုိင္ငံတြင္း တရားမဝင္ သြားလာေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၈ ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး
ဒီဇင်ဘာ 26, 2017
By Tachileik News Agency

ထိုင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား အမ်ိဳးသား(၇)ဦး ႏွင့္ အမ်ဳိးသမီး(၁)ဦး စုစုေပါင္း(၈)ဦးအား ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ဒီဇင္ဘာလ (၂၆)ရက္ေန႔ မြန္းလြဲပိုင္းက လာေရာက္ လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ တာ၀န္ရွိသူမ်ားက လႊဲေျပာင္းလာရာတြင္ ပါ၀င္သည့္ ျမန္မာႏိုင္ငံသား (၈)ဦးအား ျမန္မာဘက္မွ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက ျမန္မာႏိုင္ငံသား ဟုတ္၊ မဟုတ္ စိစစ္ကာ လက္ခံခဲ့ၾကသည္။

၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ  ဒီဇင္ဘာလ(၂၆)ရက္ေန႔အထိ တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ အမ်ိဳးသား(၇၆၀)ဦး ၊ အမ်ိဳးသမီး(၃၄၃)ဦး ၊ ကေလး(၅၉)ဦး၊ စုစုေပါင္း (၁၁၆၂)ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ၿမိဳ႕နယ္ေထြအုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား(၇)ဦး နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း(၈)ဦးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ဒီဇင်ဘာလ (၂၆)ရက်နေ့ မွန်းလွဲပိုင်းက လာရောက် လွှဲပြောင်းပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တာဝန်ရှိသူများက လွှဲပြောင်းလာရာတွင် ပါဝင်သည့် မြန်မာနိုင်ငံသား (၈)ဦးအား မြန်မာဘက်မှ သက်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ကာ လက်ခံခဲ့ကြသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား(၇၆၀)ဦး၊ အမျိုးသမီး(၃၄၃)ဦး၊ ကလေး(၅၉)ဦး၊ စုစုပေါင်း (၁၁၆၂)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓာတ်ပုံ #မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~