ရက္ကန္းႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္းဆင္းမ်ား လုပ္ငန္းဆက္လက္ေဆာင္ရြက္ပါက လုပ္ငန္းလိုအပ္ခ်က္မ်ားကို ဆက္လက္ပံ့ပိုးေပးမည္

ရက္ကန္းႏွင့္ အသက္ေမြးပညာသင္တန္းေက်ာင္းဆင္းမ်ား လုပ္ငန္းဆက္လက္ေဆာင္ရြက္ပါက လုပ္ငန္းလိုအပ္ခ်က္မ်ားကို ဆက္လက္ပံ့ပိုးေပးမည္
ဒီဇင်ဘာ 24, 2017
By Tachileik News Agency

ရက္ကန္းနွင့္အသက္ေမြးပညာသင္တန္းေက်ာင္း (ေတာင္ႀကီး)၏ အထည္ပန္းပုံရိုက္နွင့္ ေဆးေရးပန္းခ်ီ အခမဲ့သင္တန္းမွ သင္တန္းသားမ်ား အေနျဖင့္ လုပ္ငန္းဆက္လက္ေဆာင္ရြက္ပါက သင္တန္းေက်ာင္းမွ လိုအပ္သည့္ ပံ့ပိုးမႈမ်ား ေဆာင္ရြက္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ရက္ကန္းနွင့္ အသက္ေမြးပညာသင္တန္းေက်ာင္း (ေတာင္ႀကီး)၏ ရွမ္းျပည္နယ္အတြင္း ပထမဆံုး သင္တန္းမွ သင္တန္းသား (၂၃)ဦးကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ အမ်ဳိးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္၏ ရံုးခန္းမတြင္ ဒီဇင္ဘာလ (၂၄)ရက္ေန႔က သင္တန္းဆင္းလက္မွတ္ ေပးအပ္လုိက္ျခင္းျဖစ္သည္။

“သင္တန္းဆင္းၿပီးသြားလို႔ သူတို႔ အမွန္တကယ္ အလုပ္ လုပ္မယ္ဆုိရင္ေတာ့ လိုအပ္တာေတြကို ဆက္ၿပီး ပံ့ပိုးေပးသြားဖို႔ ရိွပါတယ္။ အေသးစားစက္မႈလုပ္ငန္းေတြအတြက္ ဘဏ္ေတြက ေထာက္ပံ့ေပးမယ့္ အစီအစဥ္ ေတြလည္း ရိွပါတယ္။ သင္တန္းေက်ာင္းအေနနဲ႔ ၂၀၁၇ ခုႏွစ္အတြင္းမွာ သင္တန္း ႏွစ္ႀကိမ္ဖြင့္ဖို႔ လ်ာထားတဲ့အတြက္ ဒုတိယအႀကိမ္သင္တန္းကိုလည္း ဒီႏွစ္အတြင္း ထပ္ဖြင့္သြားမွာပါ။ ဖိတ္ေခၚတဲ့ ၿမိဳ႕ေတြထဲကေန တကယ္လိုအပ္တဲ့ေဒသျဖစ္ဖို႔ စိစစ္ေရြးခ်ယ္ေနပါတယ္”ဟု ရွမ္းျပည္နယ္ အေသးစား စက္မႈလက္မႈ လုပ္ငန္း ဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးသက္နိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ရွမ္းျပည္နယ္ အေသးစားစက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနမွ ႀကီးမွဴး၍ တာခ်ီလိတ္ၿမိဳ႕တြင္ ဆန္၊ ပဲစင္းငံု၊ ေျပာင္း၊ ဂ်ဳံႏွင့္ အသီးအႏွံမ်ားကို အေျခခံသည့္ စားေသာက္ကုန္ ထုတ္လုပ္မႈ နည္းပညာသင္တန္းႏွင့္ အထည္ပန္းပုံရိုက္နွင့္ ေဆးေရးပန္းခ်ီ သင္တန္းမ်ားကို ဒီဇင္ဘာလအတြင္း အခမဲ့ပို႔ခ်ေပးခဲ့ျခင္းျဖစ္သည္။

ဆန္ျဖင့္ျပဳလုပ္ေသာ ကိတ္မ်ား၊ ပဲစင္းငံုျဖင့္ ျပဳလုပ္ေသာ အာဟာရမႈန္႔၊ ကြတ္ကီး၊ ပဲကိတ္လိပ္၊ ပဲေရႊၾကည္၊ ဆႏြင္းမကင္း၊ ပူတင္း၊ ပဲေခ်ာင္းေၾကာ္၊ အေၾကာ္မႈန္႕၊ ေတာင္ႀကီး ပဲေရပြေၾကာ္၊ သစ္သီးယို၊ သစ္သီးေဖ်ာ္ရည္၊ ဂ်ယ္လီျပဳလုပ္နည္းမ်ားကို အခမဲ့ သင္ၾကားေပးမည့္ တန္ဖိုးျမင့္ စားေသာက္ကုန္ထုတ္သင္တန္းကို ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေနာင္တရားၿမိဳ႕တြင္  ဒီဇင္ဘာလ(၂၈)ရက္ေန႔၌ ထပ္မံ ဖြင့္လွစ္မည္ျဖစ္ရာ ေနာင္တရားၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ဆက္သြယ္ စာရင္း ေပးသြင္းႏုိင္ေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)၏ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီ အခမဲ့သင်တန်းမှ သင်တန်းသားများ အနဖြေင့် လုပ်ငန်းဆက်လက်ဆောင်ရွက်ပါက သင်တန်းကျောင်းမှ လိုအပ်သည့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)၏ ရှမ်းပြည်နယ်အတွင်း ပထမဆုံး သင်တန်းမှ သင်တန်းသား (၂၃)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးခန်းမတွင် ဒီဇင်ဘာလ (၂၄)ရက်နေ့က သင်တန်းဆင်းလက်မှတ် ပေးအပ်လိုက်ခြင်းဖြစ်သည်။

“သင်တန်းဆင်းပြီးသွားလို့ သူတို့ အမှန်တကယ် အလုပ် လုပ်မယ်ဆိုရင်တော့ လိုအပ်တာတွေကို ဆက်ပြီး ပံ့ပိုးပေးသွားဖို့ ရှိပါတယ်။ အသေးစားစက်မှုလုပ်ငန်းတွေအတွက် ဘဏ်တွေက ထောက်ပံ့ပေးမယ့် အစီအစဉ် တွေလည်း ရှိပါတယ်။ သင်တန်းကျောင်းအနေနဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ သင်တန်း နှစ်ကြိမ်ဖွင့်ဖို့ လျာထားတဲ့အတွက် ဒုတိယအကြိမ်သင်တန်းကိုလည်း ဒီနှစ်အတွင်း ထပ်ဖွင့်သွားမှာပါ။ ဖိတ်ခေါ်တဲ့ မြို့တွေထဲကနေ တကယ်လိုအပ်တဲ့ဒေသဖြစ်ဖို့ စိစစ်ရွေးချယ်နေပါတယ်”ဟု ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ တာချီလိတ်မြို့တွင် ဆန်၊ ပဲစင်းငုံ၊ ပြောင်း၊ ဂျုံနှင့် အသီးအနှံများကို အခြေခံသည့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီ သင်တန်းများကို ဒီဇင်ဘာလအတွင်း အခမဲ့ပို့ချပေးခဲ့ခြင်းဖြစ်သည်။

ဆန်ဖြင့်ပြုလုပ်သော ကိတ်များ၊ ပဲစင်းငုံဖြင့် ပြုလုပ်သော အာဟာရမှုန့်၊ ကွတ်ကီး၊ ပဲကိတ်လိပ်၊ ပဲရွှကြေည်၊ ဆနွင်းမကင်း၊ ပူတင်း၊ ပဲချောင်းကြော်၊ အကြော်မှုန့်၊ တောင်ကြီး ပဲရေပွကြော်၊ သစ်သီးယို၊ သစ်သီးဖျော်ရည်၊ ဂျယ်လီပြုလုပ်နည်းများကို အခမဲ့ သင်ကြားပေးမည့် တန်ဖိုးမြင့် စားသောက်ကုန်ထုတ်သင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) နောင်တရားမြို့တွင် ဒီဇင်ဘာလ(၂၈)ရက်နေ့၌ ထပ်မံ ဖွင့်လှစ်မည်ဖြစ်ရာ နောင်တရားမြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဆက်သွယ် စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

သတင်း #ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~