တရုတ္ႏုိ္င္ငံႏွင့္နယ္စပ္ မုိင္းယုၿမိဳ႕သို႔ ေရႊ႕ေျပာင္းလုပ္သားဝင္ေရာက္မႈ ႏွစ္စဥ္ျမင့္တက္ေန

တရုတ္ႏုိ္င္ငံႏွင့္နယ္စပ္ မုိင္းယုၿမိဳ႕သို႔ ေရႊ႕ေျပာင္းလုပ္သားဝင္ေရာက္မႈ ႏွစ္စဥ္ျမင့္တက္ေန
ဒီဇင်ဘာ 1, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ေဒသမွ တရုတ္ႏုိင္ငံႏွင့္ နယ္စပ္ျဖစ္သည့္ တာခ်ီလိတ္ခရိုင္ မုိင္းယုၿမိဳ႕တြင္ အလုပ္လုပ္ကိုင္ရန္လာေရာက္သည့္ ေရႊ႕ေျပာင္းလုပ္သားဦးေရမွာ ေလးႏွစ္အတြင္း (၃၀၀၀)ေက်ာ္ခန္႔ရိွေၾကာင္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦစီးဌာန၏စာရင္းအရ သိရသည္။

မိုင္းယုၿမိဳ႕ႏွင့္္တ႐ုတ္ႏုိင္ငံနယ္စပ္ရိွ က်ိန္းယဲန္း၊ က်ဳိင္းခမ္း၊ နမ့္ပန္ေဒသမ်ားမွ စက္ရံုမ်ားႏွင့္ ငွက္ေပ်ာၿခံမ်ားတြင္ ေန႔စားလေပးလုပ္ငန္းမ်ားအား ျမန္မာႏုိင္ငံအလယ္ပိုင္းေဒသမ်ားႏွင့္ ရခုိင္ျပည္နယ္မွ လာေရာက္ အလုပ္လုပ္ကိုင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

စက္ရံုမ်ားႏွင့္ ငွက္ေပ်ာၿခံမ်ားတြင္ ေန႔စားလုပ္အားခအျဖစ္ တစ္ေန႔လွ်င္ တရုတ္ယြမ္ေငြ (၅၀) (ျမန္မာက်ပ္ေငြ တစ္ေသာင္းဝန္းက်င္)ရရွိၿပီး လခစား အလုပ္သမားမ်ားမွာ တစ္လလွ်င္ ပ်မ္းမွ် တရုတ္ယြမ္ (၁၅၀၀) မွ (၂၀၀၀) ၾကား (ျမန္မာက်ပ္ ၃ သိန္းမွ ၄ သိန္းေက်ာ္အထိ) ရရိွေၾကာင္း သိရသည္။

မိုင္းယုၿမိဳ႕၏ ၂၀၁၇ ခုႏွစ္ လူဦးေရစာရင္းမွာ ေဒသခံလူဦးေရ ပ်မ္းမွ် (၃၄၃၉၈) ဦးႏွင့္ ေရႊ႕ေျပာင္းလုပ္သားဦးေရ (၃၀၀၀) ေက်ာ္ခန္႔ရိွၿပီး ေရႊ႕ေျပာင္းလုပ္သားဝင္ေရာက္မႈမွာ ႏွစ္စဥ္ျမင့္တက္ေနေၾကာင္း သိရသည္။

မိုင္းယုၿမိဳ႕တြင္ တရုတ္ႏုိင္ငံႏွင့္ နယ္စပ္ကုန္သြယ္မႈလုပ္ငန္း၊ စိုက္ပ်ဳိးေရးလုပ္ငန္းမ်ား အမ်ားစုလုပ္ကိုင္ၾကေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ကိုနိုင္(MYu)

~~~~~~~~⊰❂ unicode ~~~~~~~~
တရုတ်နို်င်ငံနှင့်နယ်စပ် မိုင်းယုမြို့သို့ ရွှေ့ပြောင်းလုပ်သားဝင်ရောက်မှု နှစ်စဉ်မြင့်တက်နေ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသမှ တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သည့် တာချီလိတ်ခရိုင် မိုင်းယုမြို့တွင် အလုပ်လုပ်ကိုင်ရန်လာရောက်သည့် ရွှေ့ပြောင်းလုပ်သားဦးရေမှာ လေးနှစ်အတွင်း (၃၀၀၀)ကျော်ခန့်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန၏စာရင်းအရ သိရသည်။

မိုင်းယုမြို့နှင့််တရုတ်နိုင်ငံနယ်စပ်ရှိ ကျိန်းယဲန်း၊ ကျိုင်းခမ်း၊ နမ့်ပန်ဒေသများမှ စက်ရုံများနှင့် ငှက်ပျောခြံများတွင် နေ့စားလပေးလုပ်ငန်းများအား မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် ရခိုင်ပြည်နယ်မှ လာရောက် အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

စက်ရုံများနှင့် ငှက်ပျောခြံများတွင် နေ့စားလုပ်အားခအဖြစ် တစ်နေ့လျှင် တရုတ်ယွမ်ငွေ (၅၀) (မြန်မာကျပ်ငွေ တစ်သောင်းဝန်းကျင်)ရရှိပြီး လခစား အလုပ်သမားများမှာ တစ်လလျှင် ပျမ်းမျှ တရုတ်ယွမ် (၁၅၀၀) မှ (၂၀၀၀) ကြား (မြန်မာကျပ် ၃ သိန်းမှ ၄ သိန်းကျော်အထိ) ရရှိကြောင်း သိရသည်။

မိုင်းယုမြို့၏ ၂၀၁၇ ခုနှစ် လူဦးရေစာရင်းမှာ ဒေသခံလူဦးရေ ပျမ်းမျှ (၃၄၃၉၈) ဦးနှင့် ရွှေ့ပြောင်းလုပ်သားဦးရေ (၃၀၀၀) ကျော်ခန့်ရှိပြီး ရွှေ့ပြောင်းလုပ်သားဝင်ရောက်မှုမှာ နှစ်စဉ်မြင့်တက်နေကြောင်း သိရသည်။

မိုင်းယုမြို့တွင် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများ အများစုလုပ်ကိုင်ကြကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ကိုနိုင်(MYu)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~