မိုုင္းယုၿမိဳ႕မွ ႏွစ္ေပါင္း တစ္ေထာင္ေက်ာ္သက္တမ္းရိွ ေစတီေတာ္အား ဥာဏ္ေတာ္ျမႇင့္တင္ၿပီး ဌာပနာထည့္သြင္းပူေဇာ္ပြဲက်င္းပ

မိုုင္းယုၿမိဳ႕မွ ႏွစ္ေပါင္း တစ္ေထာင္ေက်ာ္သက္တမ္းရိွ ေစတီေတာ္အား ဥာဏ္ေတာ္ျမႇင့္တင္ၿပီး ဌာပနာထည့္သြင္းပူေဇာ္ပြဲက်င္းပ
ဒီဇင်ဘာ 1, 2017
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္၊ မိုင္းယုၿမိဳ႕ ဝမ္တာၾကန္႔ေက်းရြာအုပ္စု၊ ဝမ္တာၾကန္႔ေက်းရြာအနီး  ႏွစ္ေပါင္း (၁၁၀၂)သက္တမ္းရိွ ထပ္ပူခမ္း(ခ)ေရႊဂဏန္းေစတီေတာ္ျမတ္ႀကီးအား ဥာဏ္ေတာ္ျမႇင့္တင္ေနၿပီး ဒီဇင္ဘာလ (၁) ရက္ေန႔က ဘုရားဌာပနာ ထည့္သြင္းပူေဇာ္ပြဲ က်င္းပသည္။

ႏွစ္ေပါင္း (၁၁၀၂)ေက်ာ္ သက္တမ္းရိွ ထပ္ပူခမ္း(ခ)ေရႊဂဏန္းဆံေတာ္ရွင္ေစတီေတာ္ျမတ္ႀကီးအား ခုံပလႅင္ အက်ယ္ ၃၆ ေပ၊ ပလႅင္ေတာ္အက်ယ္ ၁၆ ေပ၊ ဉာဏ္ေတာ္အျမင့္ ၃၆ ေပရိွသည့္ ေစတီေတာ္သစ္အျဖစ္ မူလေစတီအား ငံု၍တည္ထားေနျခင္းျဖစ္ၿပီး အနယ္နယ္အရပ္ရပ္မွ လွဴဒါန္းလိုသူမ်ား ကုသိုလ္ပါဝင္ႏုိင္ရန္  မိုင္းေယာင္းၿမိဳ႕နယ္ရွိ ေထရဝါဒဗုဒၶသာသနာျပဳ( ရပ္ကြက္-၂ )ေက်ာင္းတိုက္ ဆရာေတာ္ႏွင့္ မိုင္းယုၿမိဳ႕ ၿမိဳ႕မရပ္ကြက္ရွိ ေထရဝါဒဗုဒၶသာသနာျပဳ(ဝပ္လုံႂကြမ္ေတာင္း) ေက်ာင္းတိုက္ဆရာေတာ္တို႔က ဦးေဆာင္၍  ေစတီေတာ္ျမတ္ႀကီး၏ ဘုရားဌာပနာထည့္သြင္းပူေဇာ္ပြဲကို က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

ဌာပနာထည့္သြင္းပူေဇာ္ပြဲတြင္ မိုင္းေယာင္းၿမိဳ႕နယ္မွ ေထရဝါဒဗုဒၶသာသနာျပဳ( ရပ္ကြက္-၂ )ေက်ာင္းတိုက္ ဆရာေတာ္ ႏွင့္ မိုင္းယုၿမိဳ႕ ၿမိဳ႕မရပ္ကြက္ရွိ ေထရဝါဒဗုဒၶသာသနာျပဳ(ဝပ္လုံႂကြမ္ေတာင္း) ေက်ာင္းတိုက္ဆရာေတာ္တို႔၏ ႀကီးၾကပ္မႈျဖင့္ က်င္းပျခင္းျဖစ္ေၾကာင္း သိရၿပီး မုိင္းေယာင္းၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ဌာနဆိုင္ရာမ်ားမွ အလွဴရွင္မ်ားလည္း တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ကိုနိုင္(MYu)

~~~~~~~~⊰❂ unicode ~~~~~~~~
မိုုင်းယုမြို့မှ နှစ်ပေါင်း တစ်ထောင်ကျော်သက်တမ်းရှိ စေတီတော်အား ဉာဏ်တော်မြှင့်တင်ပြီး ဌာပနာထည့်သွင်းပူဇော်ပွဲကျင်းပ
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယုမြို့ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာအနီး  နှစ်ပေါင်း (၁၁၀၂)သက်တမ်းရှိ ထပ်ပူခမ်း(ခ)ရွှေဂဏန်းစေတီတော်မြတ်ကြီးအား ဉာဏ်တော်မြှင့်တင်နေပြီး ဒီဇင်ဘာလ (၁) ရက်နေ့က ဘုရားဌာပနာ ထည့်သွင်းပူဇော်ပွဲ ကျင်းပသည်။

နှစ်ပေါင်း (၁၁၀၂)ကျော် သက်တမ်းရှိ ထပ်ပူခမ်း(ခ)ရွှေဂဏန်းဆံတော်ရှင်စေတီတော်မြတ်ကြီးအား ခုံပလ္လင် အကျယ် ၃၆ ပေ၊ ပလ္လင်တော်အကျယ် ၁၆ ပေ၊ ဉာဏ်တော်အမြင့် ၃၆ ပေရှိသည့် စေတီတော်သစ်အဖြစ် မူလစေတီအား ငုံ၍တည်ထားနေခြင်းဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လှူဒါန်းလိုသူများ ကုသိုလ်ပါဝင်နိုင်ရန်  မိုင်းယောင်းမြို့နယ်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု( ရပ်ကွက်-၂ )ကျောင်းတိုက် ဆရာတော်နှင့် မိုင်းယုမြို့ မြို့မရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဝပ်လုံကြွမ်တောင်း) ကျောင်းတိုက်ဆရာတော်တို့က ဦးဆောင်၍  စေတီတော်မြတ်ကြီး၏ ဘုရားဌာပနာထည့်သွင်းပူဇော်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဌာပနာထည့်သွင်းပူဇော်ပွဲတွင် မိုင်းယောင်းမြို့နယ်မှ ထေရဝါဒဗုဒ္ဓသာသနာပြု( ရပ်ကွက်-၂ )ကျောင်းတိုက် ဆရာတော် နှင့် မိုင်းယုမြို့ မြို့မရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဝပ်လုံကြွမ်တောင်း) ကျောင်းတိုက်ဆရာတော်တို့၏ ကြီးကြပ်မှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရပြီး မိုင်းယောင်းမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ အလှူရှင်များလည်း တက်ရောက်ကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ကိုနိုင်(MYu)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~