စာေပညီလာခံအားႀကိဳဆိုၿပီး မေကြးမွ ရန္ကုန္သို႔ စက္ဘီးစီးသည့္ ကဗ်ာဆရာ တစ္ရက္အၾကာတြင္ ေအာင္လံေဆးရံု ေရာက္ရိွ

စာေပညီလာခံအားႀကိဳဆိုၿပီး မေကြးမွ ရန္ကုန္သို႔ စက္ဘီးစီးသည့္ ကဗ်ာဆရာ တစ္ရက္အၾကာတြင္ ေအာင္လံေဆးရံု ေရာက္ရိွ
ဒီဇင်ဘာ 3, 2017
By 🌸
၂၀၁၇ စာေပညီလာခံကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင္႔ မေကြးၿမိဳ႕မွ အသက္(၆၅)ႏွစ္အရြယ္ ကဗ်ာဆရာတစ္ဦး ဒီဇင္ဘာလ(၂)ရက္ေန႔ နံနက္ပိုင္းက မေကြးမွ ရန္ကုန္သို႔ စက္ဘီးစီး၍ ထြက္ခြာသြားရာ ထိုေန႔ည (၇)နာရီခန္႔၌ စက္ဘီးလဲ၍ဒဏ္ရာရရိွၿပီး ေအာင္လံေဆးရံု၌ ေဆးကုသမႈခံယူေနရေၾကာင္း သိရသည္။

“စက္ဘီးေရွ႕ေဖာက္ ခ်ိဳ႕ယြင္းၿပီး လဲတာလို႔ သိရပါတယ္။ အိတ္ကပ္ထဲမွာထည္႔ထားတဲ႔ ဒဏ္ေက်လိမ္းေဆးပု လင္းနဲ႔ ခုၿပီး နံရိုး ၃ေခ်ာင္း ဒဏ္ျဖစ္သြားတယ္လို႔ ဆရာဝန္က ေျပာပါတယ္။ ဦးေခါင္းနဲ႔ ဒူးေခါင္းေတြမွာလည္း ဖူးေရာင္ ဒဏ္ရာေတြ ရရိွသြားၿပီး ထိုင္ေတာင္မထိုင္ႏိုင္တဲ႔ အေျခအေနျဖစ္သြားပါတယ္။ ဒီေန႔မနက္မွာ ထိုင္ႏိုင္ထႏိုင္ေတာ႔ရိွပါ ၿပီ ”ဟု စက္ဘီးစီးခရီးစဥ္ျဖစ္ေျမာက္ေရး ကူညီေဆာင္ရြက္ေပးသူ ဦးယုႏိုင္က တာခ်ီ လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေအာင္လံၿမိဳ႕အနီး ကန္ႏွစ္ဆင္႔ေက်းရြာအလြန္တြင္ စက္ဘီးလဲျခင္းျဖစ္ၿပီး ေအာင္လံေဆးရံုမွ  မေကြးေဆးရံု၌ ဆက္လက္ေဆးကုသမႈခံယူႏိုင္ရန္ မေကြးၿမိဳ႕ သဒၵါရွင္ ရွင္သန္မႈကူညီေရး အဖဲြ႔က ဒီဇင္ဘာလ(၃)ရက္ ညေနပိုင္းတြင္ သြားေရာက္ ေခၚေဆာင္ေနၿပီျဖစ္ေၾကာင္း အဆိုပါအဖဲြ႔ဥကၠ႒ ဦးသက္တင္၏ ေျပာၾကားခ်က္အရ သိရသည္။

ႏွစ္(၅၀)အၾကာတြင္ ျပန္လည္က်င္းပသည့္၂၀၁၇ စာေပညီလာခံကို ႀကိဳဆိုဂုဏ္ျပဳေသာအားျဖင္႔ မေကြးၿမိဳ႕မွ အသက္ (၆၅)ႏွစ္အ႐ြယ္ ကဗ်ာဆရာ ဦးတင္ေအး၊ ကေလာင္အမည္ လြမ္းရ(မေကြး)က မေကြးမွ ရန္ကုန္သို႔ မိုင္(၃၀၀)ေက်ာ္ ခရီးစဥ္ကို ဒီဇင္ဘာလ (၂)ရက္၊ နံနက္(၇)အခ်ိန္က စက္ဘီးစီး၍ စတင္ထြက္ခြာ သြား ခဲ႔ျခင္းျဖစ္ၿပီး မေကြးမွ မိုင္(၇၀)ေက်ာ္ခရီးသို႔ အေရာက္တြင္ ထိခိုက္ဒဏ္ရာရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
စာပေညီလာခံအားကြိုဆိုပြီး မကွေးမှ ရန်ကုန်သို့ စက်ဘီးစီးသည့် ကဗျာဆရာ တစ်ရက်အကြာတွင် အောင်လံဆေးရုံ ရောက်ရှိ
*********
၂၀၁၇ စာပေညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့မှ အသက်(၆၅)နှစ်အရွယ် ကဗျာဆရာတစ်ဦး ဒီဇင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းက မကွေးမှ ရန်ကုန်သို့ စက်ဘီးစီး၍ ထွက်ခွာသွားရာ ထိုနေ့ည (၇)နာရီခန့်၌ စက်ဘီးလဲ၍ဒဏ်ရာရရှိပြီး အောင်လံဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“စက်ဘီးရှေ့ဖောက်ချို့ယွင်းပြီး လဲတာလို့ သိရပါတယ်။ အိတ်ကပ်ထဲမှာထည့်ထားတဲ့ ဒဏ်ကျေလိမ်းဆေးပု လင်းနဲ့ ခုပြီး နံရိုး ၃ချောင်း ဒဏ်ဖြစ်သွားတယ်လို့ ဆရာဝန်က ပြောပါတယ်။ ဦးခေါင်းနဲ့ ဒူးခေါင်းတွေမှာလည်း ဖူးရောင် ဒဏ်ရာတွေ ရရှိသွားပြီး ထိုင်တောင်မထိုင်နိုင်တဲ့ အခြေအနေဖြစ်သွားပါတယ်။ ဒီနေ့မနက်မှာ ထိုင်နိုင်ထနိုင်တော့ရှိပါ ပြီ ”ဟု စက်ဘီးစီးခရီးစဉ်ဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးသူ ဦးယုနိုင်က တာချီ လိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အောင်လံမြို့အနီး ကန်နှစ်ဆင့်ကျေးရွာအလွန်တွင် စက်ဘီးလဲခြင်းဖြစ်ပြီး အောင်လံဆေးရုံမှ  မကွေးဆေးရုံ၌ ဆက်လက်ဆေးကုသမှုခံယူနိုင်ရန် မကွေးမြို့ သဒ္ဒါရှင် ရှင်သန်မှုကူညီရေး အဖွဲ့က ဒီဇင်ဘာလ(၃)ရက် ညနေပိုင်းတွင် သွားရောက် ခေါ်ဆောင်နေပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ဥက္ကဋ္ဌ ဦးသက်တင်၏ ပြောကြားချက်အရ သိရသည်။

နှစ်(၅၀)အကြာတွင် ပြန်လည်ကျင်းပသည့်၂၀၁၇ စာပေညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးမြို့မှ အသက် (၆၅)နှစ်အရွယ် ကဗျာဆရာ ဦးတင်အေး၊ ကလောင်အမည် လွမ်းရ(မကွေး)က မကွေးမှ ရန်ကုန်သို့ မိုင်(၃၀၀)ကျော် ခရီးစဉ်ကို ဒီဇင်ဘာလ (၂)ရက်၊ နံနက်(၇)အချိန်က စက်ဘီးစီး၍ စတင်ထွက်ခွာ သွား ခဲ့ခြင်းဖြစ်ပြီး မကွေးမှ မိုင်(၇၀)ကျော်ခရီးသို့ အရောက်တွင် ထိခိုက်ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~