
ဒီဇငျဘာ 7, 2017
By 🌸



သတင်း #စိုင်းဇေယျာ

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဆတ်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ဖားမိုက်ကျေးရွာ တောင်ယာသွားကားလမ်းတွင် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာ ဘိန်းဖြူ၊စိတ်ကြွဆေးပြားနှင့် လက်နက်များ ဖမ်းဆီးရမိကြောင်း  သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၉) မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ဖားမိုက်ကျေးရွာ တောင်ယာသွားကားလမ်းတွင် ဒီဇင်ဘာလ (၅)ရက်နေ့ ညနေ (၆)နာရီကျော်ခန့်က အမျိုးသား (၄)ဦးလိုက်ပါလာသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာဘိန်းဖြူ (၁) ဒသမ (၇) ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၉) ပြား၊ ပွိုင့် ၂၂ သေနတ် တစ် လက်၊ ၎င်းကျည် (၄၇) တောင့်၊ ကျည်အိမ် တစ်ခု နှင့် တူမီးသေနတ် ၃ လက် တို့ကိုသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်၊ မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အားဂျူး၊ အားဘေ၊ အားဂျိုး၊ အားဆင်းနှင့် အားဒိုတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်း #စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~