မြန်မာ - တရုတ်နယ်စပ် မိုင်းယုမြို့တွင် MPT စတင်သုံးစွဲသည့် ရက်သတ္တပတ်အတွင်း ဖုန်းဆိုင်များတွင် လူစည်ကားလာ

မြန်မာ - တရုတ်နယ်စပ် မိုင်းယုမြို့တွင် MPT စတင်သုံးစွဲသည့် ရက်သတ္တပတ်အတွင်း ဖုန်းဆိုင်များတွင် လူစည်ကားလာ
ဒီဇငျဘာ 31, 2017
By Tachileik News Agency


MPT လိုင်းရရှိ၍ ငွေဖြည့်ကဒ်များ၊ SIM cardများ ရောင်းကောင်းခဲ့သော်လည်း တရုတ်ဖုန်းလိုင်းနှင့် လိုင်းငြိခြင်း၊ ဖုန်း အထွက်ခေါ်ဆိုမရခြင်း၊ အဝင်ဖုန်း လက်ခံမရခြင်း၊ လိုင်း မတက်ခြင်းများကြောင့် ဖုန်းဆိုင်တွင် လာပြသူများနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဒေသတွင် ယခင်က CDMA ဖုန်းလိုင်းအား အသုံးပြုရန် ဝါးတိုင်ကို (၁၅) ပေ မှ ပေ (၂၀) ကြား တိုင်ထောင် သုံးစွဲနေရပြီး အသံကြည်လင်ပြတ်သားမှု မရှိဘဲ တရုတ်ဖုန်းလိုင်းကို အဓိကသုံးစွဲနေရသဖြင့် ပြည်တွင်းအချင်းချင်း ဆက်သွယ်ရန်အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း တရုတ်နိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သည့် မိုင်းယုမြို့တွင် ၂၀၁၇ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့မှစ၍ မြန်မာ့ ဆက်သွယ်ရေး (MPT) ဖုန်းလိုင်းများ စတင်သုံးစွဲနိုင်ရန် ဆောင်ရွက်ပြီးနောက် ဖုန်းလိုင်းသုံးစွဲရန် အခက်အခဲကြောင့် ဖုန်းဆိုင်များတွင် လူစည်ကားနေကြောင်း သိရသည်။

MPT လိုင်းရရှိ၍ ငွဖြေည့်ကဒ်များ၊ SIM cardများ ရောင်းကောင်းခဲ့သော်လည်း တရုတ်ဖုန်းလိုင်းနှင့် လိုင်းငြိခြင်း၊ ဖုန်း အထွက်ခေါ်ဆိုမရခြင်း၊ အဝင်ဖုန်း လက်ခံမရခြင်း၊ လိုင်း မတက်ခြင်းများကြောင့် ဖုန်းဆိုင်တွင် လာပြသူများနခြေင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဒေသတွင် ယခင်က CDMA ဖုန်းလိုင်းအား အသုံးပြုရန် ဝါးတိုင်ကို (၁၅) ပေ မှ ပေ (၂၀) ကြား တိုင်ထောင် သုံးစွဲနေရပြီး အသံကြည်လင်ပြတ်သားမှု မရှိဘဲ တရုတ်ဖုန်းလိုင်းကို အဓိကသုံးစွဲနေရသဖြင့် ပြည်တွင်းအချင်းချင်း ဆက်သွယ်ရန်အခက်အခဲဖြစ်နခြေင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တာဝါတိုင်ကို Pan Asia Majestic Eagle LTD က ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာအနီးရှိ ဟိုခိုဘုရားကျောင်းဝန်းအတွင်း၌ စတင်တည်ဆောက်ခဲ့ပြီး ဒီဇင်ဘာလ (၂၇)နေ့ နံနက်ပိုင်းတွင် ကွန်ယက် စတင်ဖြန့်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ကိုနိုင် (Myu) 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~