ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၁ ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး

ထုိင္းႏုိင္ငံတြင္း တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား ၁ ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး
ဒီဇင်ဘာ 4, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဒီဇင္ဘာလ (၄)ရက္ေန႔က ထိုင္းႏုိင္ငံတြင္ တရားမဝင္ေနထုိင္သည့္ ျမန္မာႏုိင္ငံသား အမ်ိဳးသား(၁)ဦးအား လာေရာက္ လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ထိုင္းနုိင္ငံမွ တာဝန္ရိွသူမ်ားက  ျမန္မာ-ထုိင္း အမွတ္(၂) ခ်စ္ၾကည္ေရးတံတား တာခ်ီလိတ္ဘက္သို႔ လာေရာက္လႊဲေျပာင္းေပးျခင္းျဖစ္ၿပီး ျပန္လည္ေရာက္ရိွလာသည့္ ႏုိင္ငံသားမ်ားအား တာခ်ီလိတ္မွ သက္ဆုိင္ရာဌာနမ်ားက ၄င္းတုိ႔၏ မူလေနရပ္ေဒသမ်ားသုိ႔  ျပန္ႏုိင္ေရးအတြက္ ကူညီေဆာင္ရြက္ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ လႊဲေျပာင္းေပးလာသူမ်ားမွာ မိမိတို႔ဆႏၵအေလ်ာက္ေနရပ္ျပန္လာသည့္ ေရႊ႕ေျပာင္းလုပ္သားမ်ား မဟုတ္ဘဲ ထုိင္းႏုိင္ငံတြင္း သက္တမ္းေက်ာ္လြန္ေနထုိင္ျခင္း၊ ေနထုိင္ခြင့္အေထာက္အထားမရိွဘဲ ေနထိုင္ျခင္းမ်ားအား စစ္ေဆးေတြ႔ရသည္မ်ားကို ျပန္လည္ပို႔ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႕မွ  ဒီဇင္ဘာလ(၁)ရက္ေန႕အထိ တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ အမ်ိဳးသား(၇၁၉)ဦး ၊ အမ်ိဳးသမီး(၃၃၀)ဦး ၊ ကေလး(၅၉)ဦး၊ စုစုေပါင္း (၁၁၀၈)ဦး ရိွၿပီျဖစ္ေၾကာင္း သိရသည္။

သတင္း #စိုင္းေဇယ်ာ
ဓါတ္ပံု #ၿမိဳ႕နယ္ေထြအုပ္

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား  ၁ ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေး
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဒီဇင်ဘာလ (၄)ရက်နေ့က ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသား(၁)ဦးအား လာရောက် လွှဲပြောင်းပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက  မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား တာချီလိတ်ဘက်သို့ လာရောက်လွှဲပြောင်းပေးခြင်းဖြစ်ပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား တာချီလိတ်မှ သက်ဆိုင်ရာဌာနများက ၄င်းတို့၏ မူလနေရပ်ဒေသများသို့  ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လွှဲပြောင်းပေးလာသူများမှာ မိမိတို့ဆန္ဒအလျောက်နေရပ်ပြန်လာသည့် ရွှေ့ပြောင်းလုပ်သားများ မဟုတ်ဘဲ ထိုင်းနိုင်ငံတွင်း သက်တမ်းကျော်လွန်နေထိုင်ခြင်း၊ နေထိုင်ခွင့်အထောက်အထားမရှိဘဲ နေထိုင်ခြင်းများအား စစ်ဆေးတွေ့ရသည်များကို ပြန်လည်ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ  ဒီဇင်ဘာလ(၁)ရက်နေ့အထိ တာချီလိတ်သို့ ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ အမျိုးသား(၇၁၉)ဦး ၊ အမျိုးသမီး(၃၃၀)ဦး ၊ ကလေး(၅၉)ဦး၊ စုစုပေါင်း (၁၁၀၈)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း #စိုင်းဇေယျာ
ဓါတ်ပုံ #မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~