တာခ်ီလိတ္ၿမိဳ႕ မယ္ဟုတ္ေခ်ာင္းတြင္ ေပ်ာက္ေနသည့္ (၂)ဦးအနက္ ရဲတပ္ၾကပ္၏ အေလာင္းအား (၆)ရက္ေျမာက္ေန႔တြင္ ေရထဲ၌ ပုပ္ပြလ်က္ ရွာေဖြေတြ႔ရွိ

တာခ်ီလိတ္ၿမိဳ႕ မယ္ဟုတ္ေခ်ာင္းတြင္ ေပ်ာက္ေနသည့္ (၂)ဦးအနက္ ရဲတပ္ၾကပ္၏ အေလာင္းအား (၆)ရက္ေျမာက္ေန႔တြင္ ေရထဲ၌ ပုပ္ပြလ်က္ ရွာေဖြေတြ႔ရွိ
ဒီဇင်ဘာ 31, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စုရွိ မယ္ဟုတ္ေခ်ာင္းတြင္   ကေလးတစ္ဦးႏွင့္ ရဲတပ္ၾကပ္တစ္ဦး ေရထဲက်သြားသည္ဟု ယူဆရသျဖင့္ ရဲတပ္ဖြဲ႕၊ ကယ္ဆယ္ေရးအဖြဲ႔ႏွင့္ လူမႈေရးအသင္းအဖြဲ႔တို႔က ရွာေဖြေနရာ (၆)ရက္ေျမာက္ေန႔တြင္ ရဲတပ္ၾကပ္၏ ပုပ္ပြေနသည့္ အေလာင္းအား ရွာေဖြေတြ႔ရွိေၾကာင္း သိရသည္။

 ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၂၆)ရက္ေန႔က ကေလးတစ္ဦးႏွင့္ ရဲတပ္ၾကပ္တစ္ဦး ေရထဲက်သြားသည္ဟု ယူဆရသျဖင့္ ပူးေပါင္းအဖြဲ႔ျဖင့္ ရွာေဖြရာမွ ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၃၁)ရက္ေန႔ နံနက္(၉)နာရီ၀န္းက်င္တြင္ အဆိုပါ ေခ်ာင္းရွိ သဲစုပ္စက္အနီးတြင္ ေတြ႔ရွိရျခင္း ျဖစ္သည္။

ေရထဲတြင္ ေတြ႔ရွိရသည့္ အဆိုပါ အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုး ႏွင့္ အသင္းသားမ်ားက တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားရွိၿပီး က်န္ရွိေနသည့္ ကေလးငယ္မွာ ေရထဲတြင္ က်သြားသည္ဟု ယူဆရ၍ ဆက္လက္ရွာေဖြသြားမည္ျဖစ္ေၾကာင္း သိရသည္။

အသက္ (၉)ႏွစ္အရြယ္ မိန္းကေလးႏွင့္ ရဲတပ္ၾကပ္ သန္းထြန္းဦးတို႔၏ ဆိုင္ကယ္ႏွင့္ ဖိနပ္တို႔သည္ မယ္ဟုတ္ေခ်ာင္းေဘးတြင္ ရွိေနျခင္းအတြက္ ေရထဲသို႔ က်သြားသည္ဟု ယူဆ၍ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္မွ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ားက ကူညီရွာေဖြခဲ့ၾကရာတြင္ (၆)ရက္ေျမာက္ေန႔တြင္ ရဲတပ္ၾကပ္၏ အေလာင္းအား ေတြ႔ရွိရျခင္း ျဖစ္သည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်ချောင်းတွင် ကလေးတစ်ဦးနှင့် ရဲတပ်ကြပ်တစ်ဦး ရေထဲကျသွားသည်ဟု ယူဆရသဖြင့် ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့တို့က ရှာဖွေနေရာ (၆)ရက်မြောက်နေ့တွင် ရဲတပ်ကြပ်၏ ပုပ်ပွနေသည့် အလောင်းအား ရှာဖွေတွေ့ရှိကြောင်း သိရသည်။

 ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့က ကလေးတစ်ဦးနှင့် ရဲတပ်ကြပ်တစ်ဦး ရေထဲကျသွားသည်ဟု ယူဆရသဖြင့် ပူးပေါင်းအဖွဲ့ဖြင့် ရှာဖွေရာမှ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်တွင် အဆိုပါ ချောင်းရှိ သဲစုပ်စက်အနီးတွင် တွေ့ရှိရခြင်း ဖြစ်သည်။

ရေထဲတွင် တွေ့ရှိရသည့် အဆိုပါ အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုး နှင့် အသင်းသားများက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ကျန်ရှိနေသည့် ကလေးငယ်မှာ ရေထဲတွင် ကျသွားသည်ဟု ယူဆရ၍ ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

အသက် (၉)နှစ်အရွယ် မိန်းကလေးနှင့် ရဲတပ်ကြပ် သန်းထွန်းဦးတို့၏ ဆိုင်ကယ်နှင့် ဖိနပ်တို့သည် မယ်ဟုတ်ချောင်းဘေးတွင် ရှိနခြေင်းအတွက် ရေထဲသို့ ကျသွားသည်ဟု ယူဆ၍ တာချီလိတ်ခရိုင်/မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ကူညီရှာဖွေခဲ့ကြရာတွင် (၆)ရက်မြောက်နေ့တွင် ရဲတပ်ကြပ်၏ အလောင်းအား တွေ့ရှိရခြင်း ဖြစ်သည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~